နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)

From Wikipedia, the free encyclopedia

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)
Remove ads

အဆင့်မြင့်နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) (အင်္ဂလိပ်: University of Technology (Yatanarpon Cyber City))သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရတနာပုံနည်းပညာမြို့သစ်အနီး (ပြင်စာရွာနှင့်သုံးတောင်ရွာ အကြား)တွင် တည်ရှိသည်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်ခဲ့သည်။ စတင်ဖွင့်လှစ်စဉ်က မြန်မာနိုင်ငံအတွင်းရှိ နည်းပညာတက္ကသိုလ်များ၏ အရည်အသွေးနိမ့်ကျ ပျက်ယွင်းနေမှုအပေါ် ထိန်းညှိရန် အစိုးရမှ ပထမဦးဆုံး အဆင့်မြင့်နည်းပညာတက္ကသိုလ် (Center of Excellence) အဖြစ် တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၈ နောက်ပိုင်း B.E ဘွဲ့အား ပထမဦးဆုံး တိုက်ရိုက်ပေးအပ်သည့် တက္ကသိုလ်တစ်ခုလည်းဖြစ်သည်။

အချက်တိုများ အခြားအမည်, တည်ထောင် ...

တက္ကသိုလ်ဝင်တန်းရမှတ် ၄၂၀ မှတ်နှင့် အထက် ရရှိသူများ လျှောက်ထားနိုင်ပြီး တစ်နှစ်လျှင်ကျောင်းသားကျောင်းသူ ၂၅၀ ဦးလက်ခံသင်ကြားပေးသည်။ တတိယနှစ်မှ စတင်၍ စာသင်နှစ်တစ်နှစ်တွင် လက်တွေ့ လုပ်ငန်းခွင် လေ့လာသင်ယူခြင်း တစ်လ ပြုလုပ်ရပြီး နောက်ဆုံးနှစ်တွင် စာတမ်းတစ်စောင် တင်သွင်းရမည် ဖြစ်ကာ စာသင်နှစ် ၆ နှစ် ပြီးပါက ဘွဲ့ပေးအပ်သည်။[]

Remove ads

သင်ကြားပေးသော ဘာသာရပ်များ

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)တွင် အောက်ပါ အင်ဂျင်နီယာဘာသာရပ် (၄)ခု သင်ကြားလျက်ရှိသည်။[]

  1. သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ အင်ဂျင်နီယာဘာသာရပ် B.E (Information Science)
  2. အီလက်ထရောနစ်အင်ဂျင်နီယာဘာသာရပ် B.E (Electronic Communication Engineering)
  3. တိကျစက်ပစ္စည်းထုတ်လုပ်မှု အင်ဂျင်နီယာ ဘာသာရပ် B.E (Precision Engineering)
  4. အဆင့်မြင့် ဒြပ်ပစ္စည်းအင်ဂျင်နီယာဘာသာရပ် B.E (Advanced Material Engineering) တို့ ဖြစ်သည်။

လက်ရှိတွင် ပထမနှစ်မှ နောက်ဆုံးနှစ်အထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀၀ ကျော်ခန့် တက်ရောက် ပညာသင်ကြားလျက်ရှိကြသည်။ မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များတွင် ပထမဦးဆုံး စာတွေ့နှင့် လက်တွေ့ ယှဉ်တွဲသင်ကြားသည့် တက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဩဂုတ်လနှင့် စက်တင်ဘာလများတွင် လက်တွေ့လုပ်ဆောင်သည့် နည်းပညာပစ္စည်းများပြပွဲများရှိသည်။

Remove ads

ဌာနများ

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)တွင် အောက်ပါ မဟာဌာနကြီး (၄)ခု ရှိသည်။

  1. သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ မဟာဌာန
  2. လျှပ်စစ်နည်းပညာ မဟာဌာန
  3. တိကျစက်ပစ္စည်းနည်းပညာ မဟာဌာန
  4. အဆင့်မြင့်ဒြပ်ပစ္စည်းနည်းပညာ မဟာဌာန စသည်တို့ ဖြစ်ကြသည်။

ဌာနတွင်း ကိစ္စရပ်များအားလုံးသည် ဌာနမှူးများ၏ အပြည့်အဝထိန်းချုပ်ကိုင်တွယ်မှု လက်အောက်တွင်ရှိသည်။ သင်ကြားမည့် ဘာသာရပ် ရွေးချယ်မှုမှစ၍ တက္ကသိုလ်တစ်ခုလုံးနှင့် မသက်ဆိုင်သည့် ဌာနတွင်းကိစ္စရပ်များ အားလုံးကို ဌာနမှူးများသည် အပြည့်အဝထိန်းချုပ်ကိုင်တွယ်ခွင့်ရှိသည်။

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ မဟာဌာန

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ မဟာဌာနတွင် သတင်းအချက်အလက်နည်းပညာ အင်ဂျင်နီယာဘွဲ့နှင့် ကွန်ပျူတာနည်းပညာ အင်ဂျင်နီယာဘွဲ့နှစ်ခုအား ပေးအပ်သည်။ လက်တွေ့လုပ်ဆောင်ခန်းများထားရှိကာ ကျောင်းသားများ၏ လက်တွေ့လုပ်ဆောင်မှုကို မြှင့်တင်လျက်ရှိသည်။ ဒုတိယနှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ICT (Information and Communications Technology) မေဂျာဟု သတ်မှတ်၍ ပထမနှစ်တွင် -

  1. မြန်မာစာ
  2. အင်္ဂလိပ်စာ
  3. ကွန်ပျူတာသင်္ချာ
  4. Engineering Drawing
  5. Fundamental of Computer Engineering
  6. C++ Programming with Object Orientation
  7. Web programming using HTML and JavaScript
  8. Basic System Components
  9. Discrete Mathematics ဘာသာရပ်တို့အား သင်ကြားသည်။

ဒုတိယနှစ်တွင် -

  1. အင်္ဂလိပ်စာ
  2. ကွန်ပျူတာသင်္ချာ
  3. Java Programming
  4. Computer Architecture
  5. Networking

တတိယနှစ်မှစတင်ကာ ICT တွင် IS နှင့် CE ဟု မေဂျာများခွဲ၍ သင်ကြားသည်။ သို့သော် နှစ်သက်ရာ မေဂျာအား လွတ်လပ်စွာ ရွေးချယ်ယူနိုင်သည်။ တတိယနှစ် IS တွင် -

  1. ကွန်ပျူတာသင်္ချာ
  2. Java Programming
  3. Operating System
  4. Computer Architecture
  5. Compiling Technique
  6. Object Oriented Analysis and Design
  7. Database Management System
  8. Software Engineering
  9. Assembly Programming (nasm) တို့ သင်ကြားသည်။

တတိယနှစ် CE တွင် -

  1. ကွန်ပျူတာသင်္ချာ
  2. Java Programming
  3. Operating System
  4. Computer Architecture
  5. Database Management System
  6. Assembly Programming (nasm)
  7. Electronic Device
  8. Electronic Circuit
  9. Modern Control System
  10. Data Communication တို့ကို သင်ကြားသည်။

လျှပ်စစ်နည်းပညာ မဟာဌာန

လျှပ်စစ်နည်းပညာ မဟာဌာနတွင် လျှပ်စစ်နည်းပညာ အင်ဂျင်နီယာဘွဲ့ကို ပေးအပ်သည်။ နည်းပညာတက္ကသိုလ်တစ်ခုလုံးတွင် ပရောဂျက်များ၊ လက်တွေ့လုပ်ဆောင်မှုများ၊ တီထွင်ဆန်းသစ်မှုများ အပြုလုပ်ဆုံး မေဂျာတစ်ခုလည်း ဖြစ်သည်။ ပထမနှစ်တွင်

  1. မြန်မာစာ
  2. အင်္ဂလိပ်စာ
  3. အဆင့်မြှင့်သင်္ချာ
  4. ဓာတုဗေဒ
  5. အဆင့်မြှင့်ရူပဗေဒ
  6. Engineering Drawing
  7. Basic Electroinc Circuit တို့သင်ကြားသည်။

တိကျစက်ပစ္စည်းနည်းပညာ မဟာဌာန

အဆင့်မြင့်ဒြပ်ပစ္စည်းနည်းပညာ မဟာဌာန

Remove ads

UniCamp ယူနီကမ့်ပြုလုပ်ခြင်း

ပထမဦးဆုံးအကြိမ်အဖြစ် ယူနီကမ့်ကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ် (၂၀၁၅ ခုနှစ် ဩဂုတ်လ ၅ရက်နေ့)တွင် ပြုလုပ်ခဲ့ကြသည်။

ပြင်ပလင့်ခ်များ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads