ပြင်ဦးလွင်မြို့နယ်

မန္တ​လေးတိုင်းအတွင်းရှိမြို့နယ် From Wikipedia, the free encyclopedia

ပြင်ဦးလွင်မြို့နယ်
Remove ads

ပြင်ဦးလွင်မြို့နယ် သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင်တွင် တည်ရှိသည်။[] မြို့နယ်ရုံးစိုက်ရာမြို့မှာ ပြင်ဦးလွင်မြို့ဖြစ်သည်။

အချက်တိုများ ပြင်ဦးလွင်မြို့နယ်, နိုင်ငံ ...
Remove ads

သမိုင်းကြောင်း

မဟာသောဘိတရာမတိုက် (ဈေးတောင်ကျောင်းကြီး)တည်ရှိရာ အောင်မြေဘုံသာမဟာဆုတောင်းပြည့်ဘုရားခြေတော်ရင်းတွင် သက္ကရာဇ်၁၂၇၀ အေဒီ၁၉၀၈တွင် စိုက်ထူခဲ့သည့်ကျောက်စာအရ ပုဂံမင်းလက်ထက် သက္ကရာဇ် ၁၂၁၂၊အေဒီ ၁၈၅၀တွင် ပြင်ဦးလွင်ကို စတင်တည်ထောင်ခဲ့ကြောင်း သိကြရသည်။ ပြင်ဦးလွင်ဟူသောအမည်ကို သက္ကရာဇ် ၁၁၄၉၊အေဒီ၁၇၈၇ ဗဒုံမင်းလက်ထက်တွင်ထုတ်ပြန်သော အမိန့်တော်တစ်ခု၌ အုန်းတော၊ငှက်ကြီးသိုက်၊ဆင်ခေါင်းကြီး၊ ဝက်ဝံရွာအမည်များနှင့် တွဲလျက်ပါရှိသောကြောင့် ထိုစဉ်ကပင် တည်ရှိနေသည်ဟုယူဆရသည်။၁၈၈၆ခုနှစ်တွင် အမှတ်(၅)ဘင်္ဂလားတပ်ရင်းမှ ဗိုလ်မှူးမေသည် ပြင်ဦးလွင်ကိုရောက်ရှိလာပြီး ရွာမှမြို့အဆင့်သို့ တိုးမြှင့်ဆောင်ရွက်ခဲ့သောကြောင့် မေကိုအစွဲပြုကာ ပြင်ဦးလွင်မှ မေမြို့ဟုပြောင်းလဲခေါ်တွင်စေသည်။၁၉၈၉ခုနှစ် နိုဝင်ဘာ၁၈ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏အမိန့်အရ မေမြို့မြို့နယ်နှင့် မေမြို့တို့ကို ပြင်ဦးလွင်အမည်များ ပြန်လည်ပြောင်းလဲခဲ့သည်။ မြို့တည်နှစ် ၁၀၀ပြည့်ပွဲကို ၁၉၉၆ခုနှစ်တွင် ကျင်းပခဲ့သည်။[]

Remove ads

ပထဝီဝင်အနေအထား

မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၄၈မိနစ်နှင့် ၂၂ဒီဂရီ ၁၂မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၁၂မိနစ်နှင့် ၉၆ဒီဂရီ ၄၅မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင်၃၀၊ တောင်မှမြောက်သို့ ၄၆မိုင်ရှိပြီး ၇၆၃.၇၄စတုရန်းမိုင် ကျယ်ဝန်းသည်။[]

နယ်နိမိတ်

ပြင်ဦးလွင်မြို့နယ်၏ အရှေ့ဘက်နှင့် မြောက်ဘက်တွင် ရှမ်းပြည်နယ်ရှိ နောင်ချိုမြို့နယ်၊အနောက်ဘက်တွင် ပုသိမ်ကြီးမြို့နယ်မတ္တရာမြို့နယ်နှင့် တောင်ဘက်တွင် ကျောက်ဆည်မြို့နယ်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ပင်လယ်ရေမြေနှာပြင်အထက် အနိမ့်ဆုံး ၂၀၅ပေ၊ အမြင့်ဆုံး ၄၂၉၅ပေအထက်တွင်တည်ရှိကာ တောင်ကုန်းတောင်တန်း ထူထပ်သောဒေသဖြစ်သည်။ မြစ်၊ချောင်း နည်းပါးသောမြို့နယ်ဖြစ်ကာ ဒုဌဝတီမြစ်မှာ မြောက်မှတောင်သို့ စီးဆင်းနေသည်။

Remove ads

လူဦးရေ

ပြင်ဦးလွင်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဓနုလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ဓနု၊ကချင်၊ကရင်၊ချင်း၊ရခိုင်၊ကယားနှင့် မွန်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၀.၀၇%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်နှင့် အခြားစသည့်လူမျိုးများဖြစ်သည်။[]

စီးပွားရေး

ပြင်ဦးလွင်မြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေး အသင့်အတင့်ကောင်းမွန်သောမြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးဖြတ်သန်းသွားရာဖြစ်၍ ကုန်စည်စီးဆင်းမှုကောင်းသည်။ မြို့နယ်၏အဓိကထွက်ကုန်မှာ ရာသီသီးနှံဖြစ်သော ပန်း၊နေကြာ၊မက်မန်း၊စတော်ဘယ်ရီနှင့် ဆွယ်တာအဝတ်အထည်များဖြစ်ကာ မန္တလေးနှင့် ရန်ကုန်မြို့များသို့ အများဆုံးတင်ပို့ရောင်းချသည်။ နိုင်ငံပိုင် မီးရထားစက်ခေါင်းစက်ရုံ၊ပုဂ္ဂလိကအလုပ်ရုံ၂၉ရုံ၊အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၃၃ခုရှိသည်။

ဈေးများ

Remove ads

ပို့ဆောင်ဆက်သွယ်ရေး

ပြင်ဦးလွင်မြို့နယ်တွင် တပ်မတော်ပိုင် အနီးစခန်းလေဆိပ်ရှိသည်။ မန္တလေး-လားရှိုး မီးရထားလမ်းပိုင်းသည်၃၈မိုင်ခန့်ဖြတ်သန်းသွားသည်။အမှတ်(၃)လမ်းမကြီးဖြတ်သန်းသွားရာမြို့နယ်ဖြစ်၍ အခြားမြို့နယ်များသို့ အလွယ်တကူသွားနိုင်သည်။ ပြင်ဦးလွင်-မိုးကုတ်လမ်းမှတစ်ဆင့် မိုးကုတ်မြို့နယ်သို့သွားနိုင်သည်။

Thumb
အနီးစခန်းလေဆိပ်
Thumb
အမှတ်(၃)လမ်း
Thumb
ပြင်ဦးလွင်ဘူတာ

ပညာရေး

အဆင့်မြင့်ပညာ

Thumb

  • တပ်မတော်စစ်တက္ကသိုလ်
  • တပ်မတော်နည်းပညာတက္ကသိုလ်

အခြေခံပညာ

အထက

အထက်တန်းကျောင်း ၉ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက ၃
  • အထက ၄
  • အထက အနီးစခန်း
  • အထက ဇီးပင်ကြီး
  • အထက မိုးကြိုး
  • အထက ဝက်ဝံ
  • အထက ဆင်လမ်း

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) ပြင်စာ
  • အလက (ထ(ခွဲ)) အလက၁
  • အလက (ထ(ခွဲ)) အောင်ချမ်းသာ
  • အလက (ထ(ခွဲ)) ရေငယ်
  • အလက (ထ(ခွဲ)) နောင်လှိုင်
  • အလက (ထ(ခွဲ)) သုံးတောင်
  • အလက (ထ(ခွဲ)) ရွှေသင်း
  • အလက ၂
  • အလက ၃
  • အလက၄
  • အလက ကျွဲနွားထောက်

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၂၇ကျောင်းရှိသည်။

Remove ads

ကျန်းမာရေး

ဆေးရုံများ

  • ပြင်ဦးလွင် ဆေးရုံကြီး
  • ဇီးပင်ကြီးဆေးရုံ
  • ဝက်ဝံတိုက်နယ်ဆေးရုံ
  • စစ်ဆေးရုံ

ထင်ရှားသောနေရာများ

ဘုရား/စေတီများ

  • မဟာရွှေမြင်တင်
  • ဦးခန္တီး
  • ဇိနမာရ်အောင်
  • နောင်ခမ်းကြီး
  • မဟာအံ့ထူးကံသာ

Thumb

အခြား

Thumb

Thumb

  • ဘုရင်ခံအိမ်တော်

Thumb

Thumb

ကျေးရွာ အုပ်စုများ

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads