နဒီကဿပထေရ်နှင့် ဂယာကဿပထေရ်
From Wikipedia, the free encyclopedia
Remove ads
နဒီကဿပ နှင့် ဂယာကဿပ တို့မှာ ဂေါတမမြတ်စွာဘုရားလက်ထက် အစပိုင်း၌ အယူအကျင့်လွဲမှားခဲ့ပြီး နောင်အခါ၌ မြတ်စွာဘုရားရှင်၏ တရားတော်ကို နာကြားပြီးနောက် အကျွတ်တရားရခဲ့သည့် ရသေ့တို့၏ခေါင်းဆောင် ဥရုဝေလကဿပ၏ ညီတော်နှစ်ပါးဖြစ်ကြသည်။ အစ်ကိုဖြစ်သူနှင့်အတူ ရသေ့ပြု၍ ဥရုဝေလတော၌ သီတင်းသုံးနေထိုင်ကြသည်။ အစ်ကိုဖြစ်သူ၏ ဦးဆောင်မှုနောက်တွင် မဂဓတိုင်း၊ အင်္ဂတိုင်းတို့မှ တိုင်းသူပြည်သားတို့၏ ပူဇော်မှုကိုခံကြရာမှ "အစ်ကိုတော်စပ်သူ ဥရုဝေလကဿပက မာနကိုပယ်စွန့်ကာ လောကမှလွန်မြောက်ကြောင်းဖြစ်သည့် စစ်မှန်သော မြတ်ဗုဒ္ဓ၏အဆုံးအမကို လိုက်နာပြီး ၎င်း၏တပည့်များနှင့်အတူ ရဟန်းပြုကုန်သည်" ဟု ကြားသိရာမှ အသီးသီးနှင့်တကွ အခြံအရံရသေ့များ ရဟန်းပြုကြကုန်၏။ မြတ်စွာဘုရားသည် ရဟန်းပေါင်းတစ်ထောင်နှင့်အတူ ဥရုဝေလတောမှထွက်ကြွ၍ ဂယာသီသသို့ ရောက်လျှင် အာဒိတ္တပရိယာယသုတ်ကို ဟောတော်မူသည်။ ထိုအခါ ဥရုဝေလကဿပ ခေါင်းဆောင်သော ညီနောင်တို့နှင့်အတူ တပည့်ရဟန်းပေါင်းတစ်ထောင်တို့သည် တရားတော်၏အဆုံး၌ ဧဟိဘိက္ခုရဟန္တာချည်း ဖြစ်ကြကုန်သည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads