နန်ယန်းနည်းပညာတက္ကသိုလ်

စင်ကာပူနိုင်ငံရှိ တက္ကသိုလ် From Wikipedia, the free encyclopedia

နန်ယန်းနည်းပညာတက္ကသိုလ်
Remove ads

နန်ယန်းနည်းပညာတက္ကသိုလ် (Nanyang Technological University)သည် စင်ကာပူနိုင်ငံရှိ ဒုတိယသက်တမ်းအရှည်ဆုံး အများနှင့်သက်ဆိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော သုတေသနတက္ကသိုလ်တစ်ခုဖြစ်သည်။ ဤတက္ကသိုလ်ကို NTU(အဲန်တီယူ)ဟုလည်း အတိုကောက်ခေါ်ကြသည်။ NTU သည် QS၏ ကမ္ဘာ့တက္ကသိုလ်များ စံခွဲအဆင့်စီစဉ်ခြင်းအရ သက်တမ်း ၅၀-နှစ်ထက်နည်းသော တက္ကသိုလ်များအားလုံးကဏ္ဍ(QS Top 50 Under 50)၏ စာရင်းတွင် အဆင့် ၁ အဖြစ်သို့ ၂၀၁၅ ခုနှစ်တွင် စတင်ရောက်ရှိပြီး၊ နောက်ဆုံး (၂၀၂၀၊ ဇွန်လတွင် ထုတ်ပြန်သည့်) ၂၀၂၁-ခုနှစ်စာရင်း အထိ အဆင့် ၁ တွင် ၇-နှစ်တိုင်တိုင် ဆက်တိုက်ရှိနေခဲ့သည်။[] အဆိုပါ စံခွဲစီစဉ်ခြင်း၏ အခြားကဏ္ဍတစ်ခုဖြစ်သော (သက်တမ်းကန့်သတ်ချက်မပါသော) ကမ္ဘာ့တက္ကသိုလ်များအားလုံး ကဏ္ဍ၏စာရင်းတွင်မူ အဆင့် ၁၃ တွင်ရှိနေကြောင်းကို ၂၀၂၀၊ ဩဂုတ်လမှတ်တမ်းအရ သိရသည်။[] (နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဤကဏ္ဍ၏ အဆင့် ၁ တက္ကသိုလ်မှာ မက်ဆာချူးဆက် စက်မှုတက္ကသိုလ်(MIT)ဖြစ်ပြီး၊ အဆင့် ၁၁ တွင် စင်ကာပူအမျိုးသားတက္ကသိုလ်(NUS)၊ အဆင့် ၁၂-တွင် ပရင်းစတန်တက္ကသိုလ်(Princeton University)တို့ အသီးသီးရှိကြသည်။) ၎င်းတွင် (၂၀၂၀၊ ဩဂုတ်လမှတ်တမ်းအရ) အချိန်ပြည့် ကျောင်းတက်သည့် ကျောင်းသား(full-time enrolled students)ပေါင်း ၂၃,၉၅၁ ဦး နှင့် အချိန်ပြည့် သင်ကြားရေး ဝန်ထမ်း(full-time teaching staff)ပေါင်း ၃၈၄၆ ဦး ရှိသည်။[]

အချက်တိုများ ယခင်အမည်များ, အမျိုးအစား ...
Remove ads

ဖွဲ့စည်းပုံ

နန်ယန်းနည်းပညာတက္ကသိုလ်ကို ဖွဲ့စည်းထားရာ၌ ကောလိပ်များ၊ ကျောင်းများနှင့် အင်စတီကျုများပါဝင်သည်။

တို့ အဓိကပါဝင်သည်။[]

၎င်းတို့အပြင် အောက်ပါ အခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အင်စတီကျုများ(Autonomous Institute)လည်း ဤတက္ကသိုလ်အောက်တွင် ရှိသေးသည်။

တို့ဖြစ်ကြသည်။[]

ဥစ္စာဓနစီမံခန့်ခွဲမှုအင်စတီကျုသည် ၂၀၂၀ ဩဂုတ်လအထိ နန်ယန်းနည်းပညာတက္ကသို်လ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အင်စတီကျုတစ်ခုအဖြစ်ရှိခဲ့သည်။[] (ဥစ္စာဓနစီမံခန့်ခွဲမှုအင်စတီကျု 7 August 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (Wealth Management Institute) ကိုလည်း ကြည့်ပါ။) (၂၀၂၅-ခုနှစ် ဧပြီလစစ်ဆေးချက်အရမူ ၎င်းသည် နန်ယန်းနည်းပညာတက္ကသို်လ် လက်အောက်တွင် မရှိတော့ပဲ သီးသန့်ရပ်တည်နေသည်ကို တွေ့ရသည်။[၁၀])

Remove ads

တက္ကသိုလ်နယ်မြေများ

နန်ယန်းနည်းပညာတက္ကသိုလ်၏ ပင်ရင်းနယ်မြေဖြစ်သော ယူနန်ပန်းခြံနယ်မြေ (Yunnan Garden Campus) သည် ၂၀၀ ဟက်တာ (၄၉၀ ဧက) ကျယ်ဝန်းပြီး စင်ကာပူနိုင်ငံတွင် နေရာအကျယ်ဆုံးတက္ကသိုလ်ကျောင်း ဖြစ်သည်။[၁၁] ဤပင်ရင်းနယ်မြေသည် စင်ကာပူနိုင်ငံ၏ အနောက်ပိုင်းတွင် တည်ရှိပြီး၊ လိပ်စာမှာ "50 Nanyang Avenue, Singapore 639798" ဖြစ်သည်။ ဤတက္ကသိုလ်တွင် Novena Campusနှင့် One-north Campusဟုခေါ်သော အခြားနယ်မြေနှစ်ခုလည်း ရှိသေးသည်။

တက္ကသိုလ်နယ်မြေရှုခင်းနှင့် ဗိသုကာလက်ရာများ

နန်ယန်းနည်းပညာတက္ကသိုလ်ကို ကမ္ဘာ့အလှဆုံးတက္ကသိုလ်များစာရင်းသို့ "Travel + Leisure"မဂ္ဂဇင်းမှ ထည့်သွင်းထားပြီး၊ ထိုဆောင်းပါး၏ ရည်ညွှန်းပုံတွင် အနုပညာ၊ ဒီဇိုင်းနှင့် မီဒီယာကျောင်း (School of Art, Design and Media)၏ အဆောက်အဦး (the ADM building) 7 August 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .ကို သရုပ်ပြထားသည်။[၁၂] ဤအဆောက်အဦး (the ADM building) ကို စင်ကာပူနိုင်ငံသား ဗိသုကာပညာရှင်တစ် ဦးဖြစ်သူ Lee Cheng Wee က ဒီဇိုင်းပြုလုပ်ထားသည်။[၁၃]

တိုင်းမ်စ်အဆင့်မြင့်ပညာရေး(Times Higher Education)မဂ္ဂဇင်း၏ ၂၀၁၈-ခုနှစ်မှ ဆောင်းပါးတစ်ခုဖြစ်သော အရှေ့အာရှရှိ အလှဆုံးတက္ကသိုလ် ၁၀-ခု စာရင်းတွင် နန်ယန်းနည်းပညာတက္ကသိုလ် ပါဝင်ခဲ့ပြီး၊ အဆိုပါဆောင်းပါးတွင် ပြားအုံဟု အမည်ပေးထားသော "the Learning Hub building" ကို သရုပ်ပြအဆောက်အဦးအနေဖြင့် ထည့်သွင်းပြထားသည်။[၁၄] ၎င်းအဆောက်အဦးကို ဗြိတိသျှလူမျိုး ဗိသုကာပညာရှင် သောမတ်စ်ဟယ်သာဝစ်ခ် (Thomas Heatherwick)မှ ဒီဇိုင်းရေးဆွဲခဲ့သည်။[၁၅]

Thumb
ပြားအုံ သို့မဟုတ် The Learning Hub building
Thumb
ပြားအုံအဆောက်အအုံ၏ အတွင်းပိုင်းမြင်ကွင်း

နန်ယန်းနည်းပညာတက္ကသိုလ်သည် (NTIဟု ခေါ်စဉ်ကာလ) ၁၉၈၁ နှင့် ၁၉၈၂ ကြားကာလအတွင်း၌ ပင်ရင်းနယ်မြေ ကျောင်းဝင်းအပြင်အဆင် ရှုခင်းဖန်တီးခြင်းနှင့် ထိုစဉ်က အဓိကကျောင်း ပင်မအဆောက်အဦးဖြစ်သည့် နော့သ်စပိုင်း(မြောက်ကျောရိုး သို့ North Spine)ကို ဗိသုကာပညာ ပရစ်စကာဆု(၁၉၈၇)ရရှိခဲ့သည့် ကမ္ဘာကျော်ဂျပန်ဗိသုကာပညာရှင် တန်ဂေးကဲန်ဇိုမှ ဒီဇိုင်းပြုလုပ်ထားသည်။[၁၆] ၎င်းနော့သ်စပိုင်းကို ၁၉၈၆-ခုနှစ်မှ ဆောက်လုပ်ပြီးစီးခဲ့ပြီး တရားဝင်ဖွင့်လင့်ခဲ့သည်။[၁၇]

Thumb
နော့သ်စပိုင်း(North Spine)ထိပ်ပိုင်းမြင်ကွင်း (လီဝီးနမ်စာကြည့်တိုက်ရှိရာနေရာ)

ယူနန်ပန်းခြံနယ်မြေ (ပင်ရင်းနယ်မြေ)

ဘွဲ့ကြိုကျောင်းသား နေထိုင်ဆောင်များ

နန်ယန်းနည်းပညာတက္ကသိုလ်တွင် ဘွဲ့ကြိုကျောင်းသားများ နေထိုင်ရန်အတွက် ကျောင်းဆောင်ပေါင်း ၂၃-ဆောင်ရှိပြီး၊ တစ်ဆောင်လျှင် ကျောင်းသားဦးရေ ၅၀၀ မှ ၆၅၉-ဦးအထိ ဆန့်သည်။ ဒေသခံနှင့် နိုင်ငံတကာကျောင်းသားစုစုပေါင်း ၁၄,၀၀၀ အထိ နေရာထိုင်ခင်းပေးနိုင်သည်။[၁၈] ပထမနှစ်နှင့် ဒုတိယနှစ်ကျောင်းသားကျောင်းသူတိုင်း အဆောင်တွင် နေထိုင်ခွင့်ရရန် အာမခံချက်ရှိသည်။[၁၉] တတိယနှစ်နှင့် နောက်ပိုင်းနှစ်များတွင်မူ အဆောင်လျှောက်ထားသော ကျောင်းသားများ၏ အဆောင်လူမှုအားကစား လှုပ်ရှားမှုများနှင့် စီစီအေ(CCA) သို့မဟုတ် ကျောင်းစာတွဲဖက် လှုပ်ရှားမှု (co-curricular activities)များတွင် ပါဝင်ပတ်သက်မှု မှတ်တမ်းများအရ အဆောင်ပေးသင့်၊ မပေးသင့် ဆုံးဖြတ်သည်။ [၁၉] အဆောင်တိုင်းတွင် ကျောင်းသားကျောင်းသူများ အထပ်(floor) လိုက်ဖြစ်စေ၊ အဆောင်ကြော(Wing) လိုက်ဖြစ်စေ ရော(co-ed)ထားသည်။[၁၈] (ဆိုလိုသည်မှာ ဥပမာအားဖြင့်၊ ကျောင်းသားတစ်ထပ်၊ ကျောင်သူတစ်ထပ် ဖြစ်စေ၊ ကျောင်းသားအရှေ့အဆောင်ကြော၊ ကျောင်းသူအနောက်အဆောင်ကြော ဖြစ်စေ တစ်ကပ်စီ တစ်ကပ်စီထားခြင်းကို ဆိုလိုသည်။) နှစ်ယောက်ခန်းသော်လည်းကောင်း၊ တစ်ယောက်ခန်းသော်လည်းကောင်းရှိပြီး၊[၂၀] နှစ်ယောက်ခန်းကို ကျောင်းသားနှစ်ယောက်တွဲသာဖြစ်စေ သို့မဟုတ် ကျောင်းသူနှစ်ယောက်တွဲသာဖြစ်စေ လျှောက်နိုင်သည်။[၂၁] အဆောင်တိုင်းတွင် နားနေခန်း၊ လေအေးပေးစက်ရှိသော စာဖတ်ခန်းများ၊ ချက်ပြုတ်စားသောက်နိုင်သော မီးဖိုခန်းများနှင့် အဝတ်လျှော်စက်များနှင့် အခြောက်ခံစက်များပါရှိသော ဒိုဘီခန်းများစသည့် အများဝေငှသုံး အထောက်အပံ့ ပစ္စည်းအသုံးအဆောင်အခန်းများ ရှိသည်။[၂၀]

Thumb
NTU ကျောင်းသား နေထိုင်ဆောင်တစ်ခု
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads