နန်းလုံးကြိုင်

အပင်မျိုးစိတ်များ From Wikipedia, the free encyclopedia

နန်းလုံးကြိုင်
Remove ads

နန်းလုံးကြိုင်ပင်၏ ရနံ့သည် နန်းတော်တခုလုံး သင်းပြန့်မွှေးကြိုင်အောင် မွှေးရနံ့ရှိသဖြင့် နန်းလုံးကြိုင်ဟူ၍ အမည်တွင်သည်။ အင်္ဂလိပ်အမည်မှာ Vachellia farnesiana ဖြစ်သည်။ ထိုအပင်သည် ဆူးဖြူပင်နှင့် ပန်းခိုင်ပုံစံတူသော်လည်း ဆူးဖြူမျာ ရနံ့ကင်းသည်။ နန်းလုံးကြိုင်ပင်သည် ခြုံပင်ကြီးမျိုးဖြစ်သည်။ ပွင့်ချိန်တွင် အသီးများပါ တပါတည်းတွေ့ရတတ်သည်။ ဒီဇင်ဘာလတွင် ပန်းများပွင့်ဖူးသည်။ အမြစ်သည် ဆေးဖက်ဝင်သည့်အပိုင်းဖြစ်သဖြင့် စီးပွားဖြစ်တူးယူသူ များပြားပြီး အပင်မှာ ရှားပါပင်ဖြစ်လာခဲ့သည်။

အချက်တိုများ Vachellia farnesiana, ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...
Remove ads

ရုပ်သွင်ဗေဒ

အပင်

အပင်ငယ် မျိုးဖြစ်သည်။ အမြင့် ၁၀-၁၂ ပေ ခန့်ထိမြင့် သည်။ အကိုင်းအ ခက်များပြီး ဆူးရှိသည်။ အကိုင်းအခက်များပြီး ဆူးရှိသည်။ အကိုင်း အခက်များ ဆစ်ချိုး ထွက် သည်။ ပင်စည် ပေါ် တွင် အညိုနုရောင် အစက်ကလေး များ ပါရှိသည်။ အခေါက်မှ အစေးထွက် သည်။ အခေါက် စိမ်းညိုရောင် ရှိသည်။

အရွက်

နှစ်ခါ ငှက်မွေး ရွက်ပေါင်း ဖြစ်ကာ ရွက်ဆိုင်ထွက် သည်။ ရွက်မြွာ များသည်သေးငယ် သည်။ ရှည်မျောမျော ပုံသဏ္ဌာန် ရှိပြီး မျက်နှာချင်း ဆိုင် ထွက်သည်။ ရွက်ပြား နူးညံ့သည်။ အနားညီ သည်။

အပွင့်

အဝါရောင် ရှိ၍ သေးငယ်ပြီး ပန်းခိုင်ထိပ် တွင်ဘောလုံး သဏ္ဌာန်စု ပြုံ၍ထွက် သည်။ အနံ့မွှေး သည်။ တပေါင်းလ ဝါခေါင်လ အတွင်း ပွင့် သည်။

အသီး

အသီးတောင့် ဖြစ်၍ နှစ်ဖက် ချွန်ပြီး ပြောင်ချောသည်။ အညိုရင့် ရောင်ရှိသည်။ အခန်း ၄-၅ ခန်း ပါသည်။ တစ်ခန်းလျှင် အစေ့ တစ်စေ့စီ ပါရှိ၏။ အစေ့အနည်းငယ် ်ပြား၍အညို ရောင်ရှိသည်။ နယုန်-ဝါဆို တွင် သီးသည်။

Remove ads

အသုံးဝင်ပုံ

အခေါက် ၊ အရွက်။

မြန်မာ ဆေးကျမ်းများ အလိုအရ အခေါက်သည် ခါး၏ ၊ ပူ၏ ၊ စပ်၏ ၊ အဆိပ်ကို ပယ်တတ်၏။ သွေးဖောက်ပြန်ခြင်း ၊ ယားယံခြင်း နှင့် အနာပေါက် ရောဂါတို့၌ အကျိုးပြု၏။ အစေးသည် ချို၏။ ခွန်အားကို

ဖြစ်စေ၏။ ကာမကို အားပေး၏ အခေါက်ကိုဆန်ဆေးရည်နှင့်သွေး သောက် အခေါက်ကို သနပ်ခါးနှင့်ရော၍ လိင်အဂ်ါကိုလိမ်း ကာမအမှု အပြီးဆုံးတိုင် လိုရာပန်းတိုင်ရောက်၏ (ကျမ်းကိုး)

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads