နယူးကလီဒိုနီးယား
From Wikipedia, the free encyclopedia
Remove ads
နယူးကလီဒိုနီးယား (ပြင်သစ်: Nouvelle-Calédonie) သည် ပြည်ပပြင်သစ်မြေဟူသော အခေါ်အဝေါ်စုတွင် ပါဝင်ပြီး ပစိဖိတ်သမုဒ္ဒရာ၏ အနောက်တောင်ဘက်၊ ဗါနူအာတူ၏ တောင်ဘက်၊ ဩစတေးလျ၏ အရှေ့ ၁,၂၁၀ ကီလိုမီတာ (၇၅၀ မိုင်) အကွာ၊ မက်ထရိုပိုလီတန်ပြင်သစ်ခေါ် ပြည်ကြီးပြင်သစ်မှ ၁၇,၀၀၀ ကီလိုမီတာ (၁၁,၀၀၀ မိုင်) အကွာတွင် ရှိသည်။ ကုန်းမြေဧရိယာ ၁၈,၅၇၆ စတုရန်းကီလိုမီတာ (၇,၁၇၂ စတုရန်းမိုင်) ရှိပြီး ပြည်နယ် ၃ ခု ခွဲထား၏။ ကျွန်းမကြီးကို တောင်ပိုင်းပြည်နယ်၊ မြောက်ပိုင်းပြည်နယ်ဟူ၍ ခွဲသည်။ ကျန်ကျွန်းငယ်များကိုစုကာ သစ္စာခံကျွန်းများပြည်နယ်ဟူ၍ သတ်မှတ်၏။ ၂၀၁၉ ခု သန်းခေါင်စာရင်းအရ လူဦးရေ ၂၇၁,၄၀၇ ယောက် ရှိသည်။ ယင်းတွင် မူလနေထိုင်သူ လူမျိုးစု ကနက်များလည်း ပါ၏။ ၎င်းတို့မှာ မြောက်ပိုင်းပြည်နယ်နှင့် သစ္စာခံကျွန်းများပြည်နယ်တွင် အများဆုံး နေသည်။ ဥရောပနွယ်ဘွားနှင့် အရှေ့တောင်အာရှမှ ကူးလာသူတို့မှာ တောင်ပိုင်းပြည်နယ်တွင် အနေများ၏။ မြို့တော်မှာ နူမယ်ယာ ဖြစ်သည်။
Remove ads
အောက်ခြေမှတ်စုများ
- "Soyons unis, devenons frères" is officially a national anthem but is generally used only on regal and viceregal occasions.
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads