နယူးဒေလီမြို့

From Wikipedia, the free encyclopedia

နယူးဒေလီမြို့
Remove ads

နယူးဒေလီမြို့ (အင်္ဂလိပ်: New Delhi; /ˌnj ˈdɛli/ ( ))သည် အိန္ဒိယနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ၎င်းတွင် အလွန်ရှေးကျသော သမိုင်းဟောင်းများရှိသည်။ ၎င်းသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် တည်ရှိပြီး ဧရိယာအကျယ်အဝန်းမှာ ၄၂.၇ စတုရန်းကီလိုမီတာ ခန့်ရှိသည်။ ထို့ပြင် လူဦးရေ ထူထပ်မှုမှာ ၉.၄ သန်းခန့်ရှိသည်။ ၎င်အား အိန္ဒိယ ဗဟိုအုပ်ချုပ်ရေးဌာနနှင့် ဒေလီ၏ပြည်ထောင်စုနယ်မြေအစိုးရဌာနအဖြစ် အသုံးပြုပြီး ပြည်ထောင်စုနယ်မြေ ၉ ခုအနက် တစ်ခုလည်းဖြစ်သည်။ နယူးဒေလီမြို့သည် ဒေလီမြို့မ၏ အတွင်းတွင် တည်ရှိ၍ နိုင်ငံခြားသံရုံး ၁၃၄ ရုံးခန့် ရှိသည်။

အချက်တိုများ နယူးဒေလီမြို့ नई दिल्लीਨਵੀਂ ਦਿੱਲੀنئی دہلی‎, နိုင်ငံ ...

နယူးဒေလီမြို့ နေရာဒေသသည် ဘုရားရှင်လက်ထက်တော်မတိုင်မီကတည်းက ကုရုတိုင်း၊ ကမ္မာသဒမ္မနိဂုံး အမည်တွင်ခဲ့သည်။ အလောင်းတော် မဟာသုတမင်းဘဝက လူသားစား ပေါရိသာဒကို ဆုံးမရာ နေရာဒေသလည်းဖြစ်သည်။ ဘုရားရှင် လက်ထက်တော်က သတိပဋ္ဌာန်တရားကို ဤနယ်မြေရှိ ပုဂ္ဂိုလ်အသီးသီးသည် ထင်းခွေရေခပ်ရင်းနှင့်ပင် လက်တွေ့ ကျင့်သုံးခဲ့ကြသော ဓမ္မနယ်မြေကြီးဖြစ်ပြီး အရိယာပုဂ္ဂိုလ်အမြောက်အမြား ပေါ်ထွက်ခဲ့ကြသည်။ မာဂဏ္ဍီယသုတ်၊ မဟာနိဒါနသုတ် အစရှိသော လေးနက်သည့် သုတ္တန်ဒေသနာတော်များကို ဟောကြားခဲ့ရာ နေရာဒေသလည်းဖြစ်သည်။ မဟာသတိပဋ္ဌာနသုတ်ကို ဟောတော်မူရာ တောင်ကုန်းမှာ နယူးဒေလီ မြို့လယ်ခေါင်တွင် ဥယျာဉ်တစ်ခုအဖြစ်ဖြင့် တည်ရှိနေပြီးအလယ်တွင် ကျောက်ဆောင် ကျောက်တုံးကြီးများ ရှိသည်။ အသောကမင်းကြီး လက်ထက်ကတည်းက အသိအမှတ်ပြုခဲ့သော နေရာဖြစ်ကြောင်း ဆိုင်းဘုတ်ရေးထိုးထားသည်။[]


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads