နာရဒဘုရား
From Wikipedia, the free encyclopedia
Remove ads
ပဒုမမြတ်စွာဘုရား ပရိနိဗ္ဗာန် ဝင်စံကြွသွားတော်မူသောအခါ အနှစ်(၁၀၀, ဝဝဝ) တစ်သိန်းတမ်းမှ ဆုတ်လာခြင်း တဖန်တက်လာခြင်း ဆုတ်ကပ်တက်ကပ် တစ်စုံပြီးနောက် အသင်္ချေယျ တမ်းမှ ဆုတ်လာခဲ့သော ဆုတ်ကပ်၌ လူတို့၏ သက်တမ်း (၉၀, ဝဝဝ) ကိုးသောင်းတမ်း ရောက်သောအခါ ပညာဓိကဘုရားအလောင်း နာရဒသည် တုသိတာနတ်ပြည်မှ လူ့ပြည်သို့ ဆင်းသက်ခဲ့၍ ဓညဝတီမြို့တော် သုဒေဝမင်းကြီး၏ နန်းတော်ဝယ် အနောမာဒေဝီမိဖုရားကြီးမှ အလောင်းတော်မင်းသားကို ဓနဉ္စယဥယျာဉ်တော်၌ မွေးဖွားတော်မူခဲ့သည်။
Remove ads
မင်းသားမွေးဖွားစဉ် ကောင်းကင်ယံမှ ပဒေသာပင်မိုးရွာသွန်းချ၍ အဝတ်တန်ဆာကိုပေးတတ်သူ(နာရ-လူတို့အား အဝတ်တန်ဆာစသည်ကို-ဒ-ပေးတတ်သူ)နာရဒ မင်းသားဟူ၍မှည့်ခေါ်ကြသည်။ နာရဒမင်းသားအရွယ် ရောက်လျှင် ဝိဇိတသေနာဒေဝီမိဖုရားဖြင့်-ဝိဇိတာ၊ ဝိဇိတာဝိံ၊ ဝိဇိတာဘိရာမ ဟူသောနန်းမသုံးဆောင်၌ သားတော် နန္ဒတ္တရမင်းသားဖွားသည်အထိ နှစ်ပေါင်း(၉၀, ဝဝဝ)ကိုးသောင်းကာလပတ်လုံး ရွှေနန်းစည်းစိမ်ကို ခံစားစံစားတော်မူသည်။ ရွှေနန်းစည်းစိမ်ကိုခံစားနေစဉ် ဥယျာဉ်တော် ကစားထွက်ရာမှ နိမိတ်ကြီးလေးပါး မြင်လာ၍ ထိတ်လန့်မှု့သံဝေဂဖြစ်ကာ (စီးတော်ယာဉ် အထူးမရှိ) ချေလျင်ကြွတောထွက်တော်မူခဲ့ပြီး ဒုက္ကရစရိယာအကျင့်မြတ်ကို(၇) ရက်ကျင့်တော်မူသည်။ မဟာသောဏဗောဓိ ကြောင်လျာကြီး(ကြောင်လျာနီ) ဗောဓိပင်ကို အမှီပြုကာ သဗ္ဗညုတဉာဏ်ကို ရတော်မူ၍ သမ္မာသမ္ဗုဒ္ဓဘုရား စင်စစ် ဖြစ်တော်မူသည်။
Remove ads
ငါတို့မြတ်စွာ ဂေါတမအလောင်းတော်သည် နာရဒဘုရားရှင် လက်ထက်တော် အခါ၌ ဈာန်အဘိညာဉ်ရ ရသေ့ဖြစ်၍ ဟိမဝန္တာတော၌ သီတင်းသုံး၍ နေတော်မူသည်။ နာရဒဘုရားရှင် ဟိမဝန္တာသို့ ကြွလာတော်မူစဉ် ဖူးမြင်ကြည်ညိုရ၍ မြောက်ကျွန်းမှဆွမ်းကို ဆောင်ယူကာ ကပ်လှူပြီး ဘုရားရှင်ထံမှ ဂေါတမ မည်သောဘုရားရှင် ဖြစ်လာမည် ဟူသော နိယတဗျာဒိတ်ကိုကြားနာခဲ့ရသည်။
- အဂ္ဂသာဝကကြီး ယာ+ဝဲ(၂)ပါးကား-အရှင်ဘဒ္ဒသာလထေရ်၊ အရှင်ဇိတမိတ္တထေရ်တို့တည်း။
- အနီးကပ်လုပ်ကျွေးသောရဟန်းကား-အရှင်ဝါသေဋ္ဌ ထေရ်တည်း။
- အဂ္ဂသာဝိကာမကြီး ယာ+ဝဲ(၂)ပါးကား-အရှင်မ ဥတ္တရာထေရီ၊ အရှင်မ ဖဂ္ဂုနီထေရီတို့တည်း။
- အဂ္ဂဒါယကာကြီး(၂) ဦးကား-ဥဂ္ဂရိန္ဒသူဋ္ဌေး၊ ဝသဘ သူဋ္ဌေးကြီးတို့တည်း။
- အဂ္ဂ ဒါယိကာမကြီး(၂) ဦးကား-ဣန္ဒာဝရီ ဥပါသိကာမ၊ ဝဏ္ဍီ(ဂဏ္ဍီ)ဥပါသိကာမ တို့တည်း။
နာရဒဘုရားရှင်၏ဉာဏ်တော်(အရပ်)မှာ (၈၀)တောင်မြင့်၍ ကိုယ်တော်မှထွက်သော ရောင်ခြည်တော်မှာ (၁) ယူဇနာ ပျံ့နှံ့၏။ နာရဒဘုရားရှင်သည် လူနတ်ဗြဟ္မာသတ္တဝါတို့အား တရားရေအေးအမြိုက်ဆေးတိုက် ကျွေးခြင်း ဗုဒ္ဓကိစ္စပြီးဆုံးလတ်သော် လူတို့သက်တမ်း (၉၀, ဝဝဝ) ကိုးသောင်းမှ လေးပုံတစ်ပုံဖြစ်သော သက်တော်(၇၂, ဝဝဝ)ခုနှစ်သောင်းနှစ်ထောင်တွင် သုဒဿနမြို့၌ ပရိနိဗ္ဗာန်ဝင်စံတော်မူပါသတည်း။
- နာသေန္တိ အဝိဇ္ဇန္တကာရံ၊ နာမေန္တံ ပုညသဉ္စယံ။
- နာရဒံ ပဘာဒံ ဝန္ဒေ၊ သော မေ ဒေတု ဇိနော ဇယံ။ [၁]
- နာရဒဗုဒ္ဓဝင်ကို ကြည့်ပါ။
- နာရဒဘုရားရှင်ကို ကြည့်ပါ။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads