နာရီပေါ်မှမျက်ရည်စက်များ
From Wikipedia, the free encyclopedia
Remove ads
{{safesubst:#invoke:Unsubst-infobox||$params=italic_title,name,type,longtype,artist,cover,border,alt,caption,released,recorded,venue,studio,genre,length,language,label,director,producer,compiler,chronology,prev_title,prev_year,year,next_title,next_year,misc|$extra=italic_title,longtype,border,caption,language,director,compiler,chronology,year,misc|$aliases=italic title>italic_title,Italic title>italic_title,Name>name,Type>type,image>cover,Cover>cover,Border>border,Alt>alt,Caption>caption,Longtype>longtype,Artist>artist,Released>released,Recorded>recorded,Venue>venue,Studio>studio,Genre>genre,Length>length,Language>language,Label>label,Director>director,Producer>producer,Compiler>compiler,Chronology>chronology,Misc>misc|$flags=override|$B=
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
နာရီပေါ်မှမျက်ရည်စက်များ သည် အဆိုတော် ထူးအိမ်သင် ၏ ပထမဆုံး နှင့် အကျော်ကြားဆုံး တေးစုဖြစ်သည်။[ကိုးကားချက်လိုသည်] ကက်ဆက်ခွေများဖြင့် ဖြန့်ချိရောင်းချသော ခေတ် ၁၉၈၇ ခုနှစ် က ထွက်ရှိခဲ့ခြင်းဖြစ်သည်။ ထိုတစ်ခွေတည်းနှင့်ပင် ထူးအိမ်သင် ဟု လျှမ်းလျှမ်း တောက် ဖြစ်လာခဲ့သည်။ ပထမခွေမှာပင် ထိုခေတ်ကာလ မြန်မာဂီတလောက တွင် မရှိဘူးသော ကိုယ်ပိုင်ဟန်တစ်ခုကို တစ်နိုင်ငံလုံးက စိတ်ဝင်စားလာအောင် ညှို့ငင် ဆွဲဆောင်နိုင်ခဲ့သည်။
Remove ads
ကက်ဆက်ခွေ
ဂန္ဓမာ တေးသံသွင်းက ထုတ်လုပ်ဖြန့်ချီသည်။ ဆိုဒ်အေ နှင့် ဆိုဒ်ဘီ နှစ်ဖက် ပါရှိရာ တစ်ဖက်လျင် သီချင်း ရှစ်ပုဒ်၊ နှစ်ဖက်ပေါင်း တေး သီချင်း ဆယ့်ခြောက်ပုဒ် ပါဝင်သည်။ သီချင်းအားလုံး ထူးအိမ်သင်၏ ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဉ်တေးများဖြစ်ကြသည်။ သီချင်းအားလုံးကို ဂစ်တာသမား ကိုပက်ထရစ်တို့၏ The Aces ေတး ဂီတအဖွဲ့က တီးခတ်ပေးခဲ့သည်။ နောက်ခံသီဆိုပေးသူများမှာ X-Company မှ ညီညီသွင်၊ ဝင်းဦး၊ မျိုးအေး၊ ဖိုးပါ၊ ဝင်းမြတ်ဦးတို့ ဖြစ်ကြသည်။ ဝေးသွားတဲ့အခါ သီချင်းကို ထူးအိမ်သင်၏ သူငယ်ချင်း ပေါက်ပေါက်က ကူညီသီဆိုပေးထားသည်။ အသံဖမ်းအင်ဂျင်နီယာ ကိုချာလီ နှင့် ကိုကောင်းမြတ်တို့က အိုအေစစ် စတူဒီယိုတွင် အသံဖမ်းယူပေးခဲ့သည်။ ကက်ဆက်ခွေ ကာဗာတွင် ဓာတ်ပုံမျိုး လေး ECO ရိုက်ကူး ပေး သည့် ထူးအိမ်သင်ကို ရှေ့ ညာဖက် ခပ်စောင်းစောင်းမှ အတန်ငယ် ပင့်၍ ရိုက်ထားသော ကိုယ်တစ်ပိုင်း ဓာတ်ပုံကို အသုံးပြုထားသည်။ ကက်ဆက်ခွေ ကာဗာ ဒီဇိုင်းကို သိန်းလွင်က ဖန်တီး ပေး ခဲ့သည်။ ထူးအိမ်သင် ၏ ကိုယ်တစ်ပိုင်းဓာတ်ပုံကို ဟော် လိုဂစ်တာ တစ်လက်ကို တီးခတ်နေသော လက်တစ်ဖက် နှင့် ထပ်၍ ခပ်ဝါးဝါး စိတ္တဇဆန်ဆန် ဖန်တီးထားသည့် ပုံပေါ်တွင် ထူးအိမ်သင် ဟူသော အဖြူရောင် စာလုံးကြီးများနှင့် နာရီပေါ်မှမျက်ရည်စက်များ ဟူသော ပိုငယ်သောစာလုံးများ ရေး သားထားသည်။ အပေါ်ဆုံးတွင် ဂန္ဓမာ တေး သံသွင်း အမည် ထည့်သွင်း ပေး ထားသည်။
Remove ads
သီချင်းစာအုပ်
ကက်ဆက်ကာဗာများ ဖြန့်ချီပြီး သီချင်းစာသားနှင့် ဂစ်တာကော့ဒ် စာအုပ်ကိုလည်း ဆက်တိုက်ဖြန့်ချိခဲ့သည်။
တေးစုတွင် ပါဝင်သော တေးသီချင်းများ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads