နာဟန်နီ အမျိုးသားဥယျာဉ်

From Wikipedia, the free encyclopedia

နာဟန်နီ အမျိုးသားဥယျာဉ်map
Remove ads

နာဟန်နီ အမျိုးသားဥယျာဉ် သည် ကနေဒါနိုင်ငံ အနောက်မြောက်ပြည်နယ် ဒက်ရှိုးဒေသ အတွင်း တည်ရှိပြီး အနောက်မြောက်ပြည်နယ်၏ မြို့တော် ယဲလိုးနိုက်ဖ်မြို့ မှ ၃၁၁ မိုင် (၅၀၀ ကီလိုမီတာခန့်) အကွာတွင် တည်ရှိသည်။ မက္ကင်ဇီတောင်ကုန်း သဘာဝဒေသ၏ တစိတ်တပိုင်းကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။ အမျိုးသားဥယျာဉ်၏ အဓိက ကျသော အစိတ်အပိုင်းမှာ တောင်နာဟန်နီမြစ် ဖြစ်သည်။ ပေ ၃,၃၀၀ (မီတာ ၁,၀၀၀) အထိ နက်သော ပထမ၊ ဒုတိယ၊ တတိယ နှင့် စတုတ္ထဟု အမည်မှည့်ခေါ်ထားသော ချောက်ကြီး ၄ ခုကို အလွန် ကြည့်ကောင်းသော ဝှိုက်ဝါးတားမြစ်နှင့် အတူတွေ့မြင်နိုင်သည်။ နာဟန်နီ ဆိုသော အမည်မှာ ဒေသခံ ဒင်းန် ဘာသာစကားဖြင့် မှည့်ခေါ်ထားခြင်း ဖြစ်ပြီး နာဟာလူမျိုးတို့၏ မြေအတွင်းရှိ မြစ် ဟု အဓိပ္ပာယ်ရသည်။ အချို့က ထိုလူတို့သည် ယနေ့ခတ် နာဗာဂျို လူမျိုးတို့၏ ဘိုးဘေးများဖြစ်မည်ဟု ခန့်မှန်းကြသည်။

အချက်တိုများ နာဟန်နီ အမျိုးသား ဥယျာဉ်, တည်နေရာ ...
အချက်တိုများ နာဟန်နီ အမျိုးသား ဥယျာဉ်*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads