နား
နားရောဂါ From Wikipedia, the free encyclopedia
Remove ads
နား သည် လူ့ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်ပြီး ၎င်းမှတဆင့် အကြားစွမ်းရည် ရရှိသည်။ တချို့သတ္တဝါများ၊ ဥပမာ လူ နှင့် တိရစ္ဆာန် အများစု တွင် နားနှစ်ဖက် ရှိကြသည်။ သို့သော် တချို့ တိရစ္ဆာန်များ မှာမူ နားရှိသော်လည်း မကြားနိုင်ပေ။ ပင့်ကူ တွင်မူ နားကဲ့သို့ ကြားနိုင်သော အမွေးလေးများ ၎င်းတို့၏ ခြေထောက်တွင်ရှိသည်။

ပြင်ပနား သည် အသံကို လက်ခံ၍ လေထုကို ဖြတ်သန်းခြင်းမှ အရည်ထု သို့ ဖြတ်သန်းခြင်း အသွင်ပြောင်း ပြီး အတွင်းနား ဆီသို့ ပို့ဆောင်ပေးသည်။ ထို့နောက် တုန်ခါမှု များကို ဦးနှောက် ဆီသို့ နပ်ဗ်ကြောအစုအဝေး မှ တဆင့် ပို့ဆောင်သည်။
နား ၏ မြင်ရသော အစိတ်အပိုင်း (သို့) အစပိုင်း ကို ပင်နာ(pinna) ဟု ခေါ်သည်။
နားကို ကြားရန် အတွက် သာမက တခြားသော လုပ်ဆောင်ချက် များ အတွက်လည်း သုံးသည်။ ဥပမာ ဆင်များသည် ၎င်းတို့၏ ကြီးမားသော နားများကို ယပ်ခပ်ပြီး ခန္ဓာကိုယ်ကို အေးစေရန် လုပ်ကြသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads