သတ္တဝါ
ဇီဝဗေဒခွဲခြားပုံအားဖြင့် လူနှင့်တိရစ္ဆာန်များ From Wikipedia, the free encyclopedia
Remove ads
ဇီဝမျိုးရိုးခွဲခြားခြင်း အဆင့်အားဖြင့် အဆန်ရှိဆဲလ်ဖွဲ့ (ယူခယ်ရီယုခ်) မျိုးဘုံ တစ်ခုဖြစ်သော သတ္တဝါများ (အင်္ဂလိပ်: Kingdom Animalia) ဆိုသည်မှာ များသောအားဖြင့် -
- သက်ရှိသစ် (သန္ဓေလောင်း) သည် ဥအတွင်း၌ဖြစ်စေ၊ မိခင့်ဝမ်းထဲဖြစ်စေ အတွင်းလွတ် ဆဲလ်အစုအလုံးအဖြစ် စတည် တည်ရှိရာမှ ဖွံ့ဖြိုးရှင်သန်လာသော၊
- အခြားသက်ရှိတို့ထံမှ ဇီဝဖွဲ့ မော်လီကျူးများကို အစားအစာ အဖြစ် လိုက်လံစားသွင်း ရှင်သန်သော၊
- (အောက်စီဂျင်သွင်း၊ ကားဘန် ဒိုင်အောက်ဆိုဒ် ထုတ် စသည်ဖြင့်) သက်ရှိဓာတ်ငွေ့လှည့်ခြင်း (respiration) အလုပ်ကို တနည်းနည်းနှင့် လုပ်ဆောင် ရှင်သန်သော၊
- မိမိကိုယ်ထည်ကို မိမိ ရွေ့လျားစေနိုင်သည့် ကိုယ်ထည်ဖွဲ့စည်းမှု ရှိတတ်သော၊
- အထီး-အမ ဖြစ်အင် ကွဲပြား၍ အချင်းချင်း လိင်ဆက်ဆံမှုဖြင့် ဆက်လက်မျိုးပွားတတ်သော၊
![]() | ဤဆောင်းပါး သည် မပြီးစီးသေးပါ။ |
ဆဲလ်များစွာဖွဲ့-သက်ရှိများ ဖြစ်၍၊ အခြားသော အဆန်ရှိဆဲလ်ဖွဲ့ အပင်များ၊ မှိုများ စသည်တို့နှင့် ကွဲပြား၏။
Remove ads
ဝေါဟာရပိုင်း
အင်္ဂလိပ်အမည် "animal" သည် လက်တင်သဒ္ဒါ animale (ပင့်သက်အရှင်) မှ ဆင်းသက်လာသည်။ ဇီဝဗေဒတွင် အသုံးပြုသော သဒ္ဒါသည် လောက (Kingdom) ကိုညွှန်းသည်။
သတ္တဝါ မျိုးပေါင်းစုကြီးများ
ဤ သတ္တဝါမျိုးဘုံ ဟူသော မျိုးဘုံထဲတွင် အောက်ပါ မျိုးပေါင်းစုများ (Phyla) ပါဝင်၏။
ခြေဆစ်ချိုး သတ္တဝါများ (Arthropods) မျိုးပေါင်းစု
အဆစ်ဆစ်အပိုင်းပိုင်းသော ဖွဲ့စည်းမှုနှင့် ခြေချောင်းများ ၃စုံ (၆ချောင်း) နှင့် အထက် ရှိကာ၊ အတွင်း၌ အရိုးဖြင့် မတည်ရှိပဲ ကိုယ်ပြင်အုပ် အမာခွံနှင့် ကိုယ်ထည်ဖွဲ့ရှိသည်။ မျိုးစိတ်ပေါင်း ၈၀၀၀၀၀ ကျော်ရှိကာ အင်းဆက်များသည်လည်း ထိုအုပ်စုတွင် အပါအဝင်ဖြစ်သည်။ (ပုရွက်ဆိတ်၊ နှံကောင်၊ ချေးထိုးပိုး၊ ပင့်ကူ၊ ကဏန်း၊ ပုဇွန် စသည်)
ကိုယ်ပျစ် သတ္တဝါများ(Mollusks ) မျိုးပေါင်းစု
အရိုးလုံးဝမပါဘဲ ကျိချွဲပျော့တွဲသော ကိုယ်ထည်ရှိပြီး ပွတ်တိုက်ရွေ့လျားသွားလာတတ်သည့် အုပ်စုဖြစ်သည်။ အချို့မျိုးစိတ်များတွင် ပျော့တွဲသောကိုယ်ကို ကယ်လ်ဆီယမ် ပါဝင်သည့် အခွံမာတစ်ခုဖြင့် ကာကွယ်ထားတတ်ကြသည်။ (ခရု၊ ပက်ကျိ၊ မျှော့၊ ရေဘဝဲ၊ ကင်းမွန်၊ ယောက်သွား၊ ကမာ၊ ကြယ်ငါး စသည်တို့)
ကျောရိုးရှိတတ် သတ္တဝါများ မျိုးပေါင်းစု (Physlum Chordata)
ယေဘုယျအားဖြင့် ကျောရိုးရှိ သတ္တဝါများ မျိုးပေါင်းစု ဖြစ်၏။ အောက်ပါ မျိုးပေါင်း(မျိုးဂိုဏ်း) တို့ အကျုံးဝင်၏။
ငါးများ(Fish) မျိုးဂိုဏ်း
ရေတွင် ပါးဟပ်ဖြင့် အသက်ရှုကာ ဆူးတောင်ရေယက်များဖြင့် ကူးခတ်တတ်ပြီး အကြေးခွံရှိသော ကျောရိုးရှိ သွေးအေး သတ္တဝါများဖြစ်သည့် ငါးမျိုးစိတ်ပေါင်း ၂၁၀၀၀ ခန့်ရှိသည်။ (ငါးမန်း၊ ရေနဂါး၊ ဆာလ်မွန်း၊ ထရောက် စသည်)
ရေနေကုန်းနေ သတ္တဝါများ (Amphibians) မျိုးဂိုဏ်း
ကျောရိုးရှိ သွေးအေး သတ္တဝါများဖြစ်ကြပြီး ရေတွင်ပေါက်ဖွားကာ ကုန်းပေါ်တွင် အရွယ်ရောက်ကြသည်။ မျိုးစိတ် ၃၀၀၀ ခန့်ရှိသည်။ (ဖား၊ ဆယ်လ်မင်ဒါ စသည်)
တွားသွား သတ္တဝါများ (Reptiles) မျိုးဂိုဏ်း
အကြေးအခွံပါသော ကျောရိုးရှိ သွေးအေးသတ္တဝါများဖြစ်ကြပြီး၊ ရေမစိမ့်တတ်ဘဲ အတွင်း၌ သက်ရှိသစ်(သန္ဓေသား) နှင့်အတူ ရေနှင့်အာဟာရများကို ထိန်းပေးသည့် ဥများ ဥသည့်အလျောက် ကုန်းတွင်းပိုင်းတို့၌ ရှင်သန်ထွန်းကားနိုင်၏။ မျိုးစိတ် ၆၀၀၀ ကျော်ရှိသည်။ (မြွေ၊ လိပ်၊ ဖွတ်၊ ပုတ်သင်ညို စသည်)
ငှက်များ(Birds) မျိုးဂိုဏ်း
အခွံမာသော ဥမှပေါက်ဖွားပြီး အရွယ်ရောက်လျှင် အမွှေးအတောင်များရှိသော အများစု ပျံသန်းနိုင်သည့် ကျောရိုးရှိ သွေးနွေးသတ္တဝါများကို ငှက်ဟုခေါ်သည်။ မျိုးစိတ် ၈၀၀၀ ခန့်ရှိသည်။ (ကျီး၊ ဇီးကွက်၊ သိမ်းငှက်၊ ငှက်ကုလားအုပ်၊ ပင်ဂွင်း စသည်)
နို့တိုက် သတ္တဝါများ(Mammals) မျိုးပေါင်းစု မျိုးဂိုဏ်း

သားငယ်ကို မိခင်နို့တိုက်ကျွေးသည့် အလေ့အထရှိသော ကျောရိုးရှိ သွေးနွေးသတ္တဝါများ ဖြစ်ကြသည်။ လူအပါအဝင် မျိုးစိတ်ပေါင်း ၄၀၀၀ ခန့်ရှိသည်။ (လူ၊ မျောက်၊ ခွေး၊ ကျွဲ၊ နွား၊ ကျား၊ ဆင်၊ လင်းပိုင်၊ ဝေလငါး၊ ဖျံ စသည်)

Remove ads
မျိုးဘုံ(လောက)အတွင်း ကွဲပြားပုံပြဇယား
အကိုးအကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads