နိဂဏ္ဌနာဋပုတ္တ
From Wikipedia, the free encyclopedia
Remove ads
[ နိဂဏ္ဌ + နာဋပုတ္တ ] နာဋ၏သားဖြစ်သော နိဂဏ္ဌ၊ (ကချေသည်၏သား နိဂဏ္ဌဟုလည်း ပြန်ဆိုကြသည်။) မဟာဝီရသည်လည်း ယင်း နိဂဏ္ဌနာဋပုတ္တ၏ အမည်ဖြစ်သည်။ ဂျိန်းဘုရား ဟုလည်းခေါ်ကြ၏။
![]() |
နိဂဏ္ဌဟူသောအမည် အနှောင်အဖွဲ့ မရှိသူ ဟူသော အနက်ကို ဖွင့်ဆိုကြ၏။ နိဂန္ထ ဟု နေလိုရင်းမှ နိဂဏ္ဌဖြစ်သည်၊ တချို့ကျမ်းများ၌ နိဂဏ္ဌနာဋပုတ္တကို နာဋိ က ရွာကိုစားရသော နာဋ၏သား အနှောင်အဖွဲ့မှလွတ်သူ ဟု ဆိုလို၏။ ယင်း နာဋပုတ္တနိဂဏ္ဌသည် ဗုဒ္ဓဘုရားရှင်ခေတ်က တိတ္ထိဆရာကြီး ၆-ယောက်တွင် တစ်ယောက်အပါ အဝင်ဖြစ်၏။ နိဂဏ္ဌနာဋပုတ္တသည် ဝိဒေဟတိုင်း ဝေသာလီမြို့ အနီး ကုဏ္ဍပုရ (ကွန်ဒါပုရ်) ရွာ ယခု ကုဏ္ဍဂါမ = ဗဟုကုဏ္ဍရွာတွင် ခရစ်တော်မမွေးဖွားမီ ၅၉၉-နှစ်တွင် ဖွားမြင်သည်ဟု ဂျိန်းသမိုင်းတို့၌ ခန့်မှန်းကြသည်။ ဗုဒ္ဓဘုရားရှင်ထက် အသက် ၃၆-နှစ် ကြီးသဖြင့် ခရစ်တော်မမွေးဖွားမီ ၆၅၉ ဖြစ်သင့်သည်။ နိဂဏ္ဌနာဋပုတ္တသည် အသက် ၃၀-တွင် တောထွက်၍ ၁၂-နှစ် တပအကျင့်ကို ကျင့်ပြီး ၄၂-တွင် "ဘုရားဖြစ်ပြီ" ဟု ကြေညာသည်။
ယင်းသည် “စာတုယာမသံဝရ" အကျင့်ကို ဟောပြောသည်၊ စာတုယာမသံဝရအကျင့် (နိဂဏ္ဌနာဋပုတ္တ၏ စွဲမြဲစွာ ဆုပ်ကိုင်ဟောပြောသည့် ပဓာနဝါဒဖြစ်သည်။) ယင်း စာတုယာမသံဝရအကျင့်ကား-
(၁) ရေအေးအားလုံးကို သုံးဆောင်မှုမှ တားမြစ်ခြင်း၊
(၂) မကောင်းမှုအားလုံးကို တားမြစ်ခြင်း၊
(၃) မကောင်းမှုအားလုံးကို တားမြစ်ခြင်းဖြင့် မကောင်းမှုအားလုံးကို ပယ်သတ်ပြီးဖြစ်ခြင်း၊
(၄) မကောင်းမှုအားလုံးကို တားမြစ်ခြင်းဖြင့် လွတ်မြောက်ရာကို တွေ့မြင်ပြီးဖြစ်ခြင်း ဖြစ်၏။ [၁]
နိဂဏ္ဌနာဋပုတ္တ၏အယူ၌ ကာယဒဏ်, ဝစီဒဏ်, မနောဒဏ် ဟု ဒဏ် ၃-ပါး ပညတ်၏။ ကာယဒဏ်, ဝစီဒဏ် ၂-ခုကို အစိတ္တကဒဏ် ဟု ပညတ်၏။ မနောဒဏ်ကို သစိတ္တကဒဏ်ဟု ပညတ်၏။ [၂] နိဂဏ္ဌနာဋပုတ္တသည် မိမိ၏ ဒါယကာရင်းဖြစ်သူ ဥပါလိမှာ ဘုရားရှင်၏ ဥပါသကာအဖြစ်သို့ ဖြစ်သည်ကစ၍ စိတ်မသက်မသာဖြစ်ကာ အကြီးအကျယ် သောကမီး တောက်လောင်သဖြင့် သွေးအံပြီး ဥပါလိ၏ အိမ်တံခါးဝတွင်လဲနေရာ တပည့်များက အဝတ်ပုဆိုး (သံလျှင်း)ဖြင့် ထမ်းယူ၍ မြို့ပြင်ရောက်မှ ခုတင်ငယ်ဖြင့် ပါဝါမြို့သို့ ထမ်းဆောင်ကြကုန်၏။ ပါဝါမြို့ရောက်၍ မကြာခင် ကွယ်လွန်သည်။ [၃] အသက် ၇၂–တွင် ကွယ်လွန်သည်ဟုလည်း အဆိုရှိသည်။ D.P. လည်းကြည့်။
တဒါ ပဉ္စ ဒိဋ္ဌိဂတိကာ ပုရာဏကဿပ မက္ခလိ ဂေါသာလ ပကုဓကစ္စာယန အဇိတ ကေသကမ္ဗလ နိဂဏ္ဌနာဋပုတ္တာ အဟေသုံ။ [၄]
Remove ads
နိဂဏ္ဌနာဋပုတ္တ သည် ဒဿနစာပေ၌ မဟာဝီရ-အမည်ဖြင့်လည်းကောင်း၊ ဇိန- အမည်ဖြင့် လည်းကောင်း ထင်ရှား၏။ သူ၏စာပေများမှာ အဒ္ဓမာဂဓီ ဘာသာဖြင့်ရှိ၏။ နိဂဏ္ဌနာဋပုတ္တသည် တိတ္ထိဆရာကြီးများတွင် ပရိသတ် လက်အခံဆုံးသော ပုဂ္ဂိုလ် ဖြစ်၏။ သူ၏ ကျင့်ဝတ်များတွင် အဟိံသာ(သူတစ်ပါးကိုမညှဉ်းဆဲခြင်း) ကျင့်ဝတ်သည် အထင်ရှားဆုံးဖြစ်၏။ လောကီအကျိုးစီးပွားဘက်တွင် အဟိံသာသည် အခြေခံအကျဆုံး ဖြစ်၍ လောကုတ္တရာ အကျိုးစီးပွားဘက်တွင် “နိဗ္ဗာန်”သည် အခြေခံအကျဆုံးဖြစ်သည်ဟု ဆိုသည်။[၅]
ယင်း တိတ္ထိဆရာကြီး ၆-ယောက်မှာ -
- ပုရာဏကဿပ
- မက္ခလိဂေါသာလ
- ပကုဓကစ္စာယန
- သဉ္စယဗေလဋ္ဌပုတ္တ
- အဇိတကေသကမ္ဗလ
- နိဂဏ္ဌနာဋပုတ္တ တို့ဖြစ်ကြသည်။
သာမညဖလသုတ်တွင်လည်း လေ့လာနိုင်သည်။[၆]
Remove ads
- သင်္ခဓမသုတ် = [၇] နိဂဏ္ဌနာဋပုတ္တဆရာကြီး၏ အယူဝါဒနှင့်၎င်းအယူဝါဒ၌ အပြစ်ကို ပြဆိုဟောထားတော်မူပုံ။
- သာရိပုတ္တတ္ထေရဿမာတုလဗြဟ္မဏဝတ္ထု၊ [၈] နိဂဏ္ဌတို့အား နှစ်ပေါင်းတရာလှူရသောထက် ဗုဒ္ဓသာဝကအား တဇွန်းမျှ လှူရရုံမျှ၊ မြင်ရရုံမျှက မြတ်ကြောင်း ဟောထား၏၊
- သီဟသေနာပတိဝတ္ထု သီဟသုတ်၊ [၉] ဘုရားရှင်ထံသွားရန် သီဟစစ်သူကြီးက မူလသူ၏ ဆရာများဖြစ်ကြသော နိဂဏ္ဌများထံ အကြိမ်ကြိမ်ခွင့်တောင်းသော်လည်း မရခြင်းကြောင့် လေးကြိမ်မြောက်တွင် ဇွတ်အတင်း ဘုရားရှင်ထံသွား၍ အကိရိယဝါဒ ရှိ-မရှိ စသည် မေးလျှောက်ရာ ဘုရားရှင်က ဖြေကြားတော်မူသည်ကို နှစ်သက် ကျေနပ်လှသဖြင့် ဥပါသကာအဖြစ်ကို ခံယူခဲ့ပုံ၊ အနုဝိစ္စကာရံ ခေါ သီဟ ကရောဟိ အနုဝိစ္စကာရော တုမှာဒိသာနံ ဉာတမနုဿာနံ သာဓု ဟောတိဟု ဘုရားရှင်က သတိပေးတော်မူသေးပုံ။
- ဥပါလိသုတ် -[၁၀] နိဂဏ္ဌတို့က ကာယဒဏ် အပြစ်အကြီးဆုံး ဘုရားရှင်က မနောကံ အပြစ်အကြီးဆုံးဟု ဥပါလိသေဌေးကို ဘုရားရှင်ဖြေရှင်းပြခန်း။
- ဂရဟဒိန္နဝတ္ထု
ဆက်စပ်ဖတ်ရှုရန်
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads