နိုင်ငံတကာ သဒ္ဒဗေဒအက္ခရာ

From Wikipedia, the free encyclopedia

နိုင်ငံတကာ သဒ္ဒဗေဒအက္ခရာ
Remove ads

နိုင်ငံတကာ သဒ္ဒဗေဒ အက္ခရာ (အင်္ဂလိပ်: International Phonetic Alphabet; IPA) သည် အက္ခရာအခြေပြု သဒ္ဒဗေဒသင်္ကေတစနစ်တစ်ခုဖြစ်၍ အဓိကအားဖြင့် လက်တင်စာလုံးများအပေါ် အခြေခံထားသည်။ နိုင်ငံတကာ သဒ္ဒဗေဒ အသင်းက ၁၉ ရာစုနှောင်းတွင် စကားသံများကို အရေးအသားပုံစံဖြင့် စံစနစ်တကျကိုယ်စားပြုရန် တည်ထွင်ခဲ့သည်။[] သဒ္ဒဗေဒအက္ခရာ (IPA) များကို အဘိဓာန်ပြုစုသူများ၊ နိုင်ငံခြားဘာသာသင်ယူ/ကြားကြသော ကျောင်းသူ/သား၊ ဆရာ/မများ၊ ဘာသာဗေဒပညာရှင်များ၊ ဘာသာစကားဆိုင်ရာ ရောဂါဗေဒကျွမ်းကျင်သူများ၊ အဆိုတော်များ၊ ဆရာဝန်များ၊ ကိုယ်တိုင်ဘာသာစကားတည်ဆောက်သူများနှင့် ဘာသာပြန်ဆိုသူများက အသုံးပြုကြသည်။[][]

အချက်တိုများ နိုင်ငံတကာ သဒ္ဒဗေဒ အက္ခရာInternational Phonetic Alphabet, အမျိုးအစား ...
Thumb
The official chart of the IPA, revised in 2020

သဒ္ဒဗေဒအက္ခရာများကို အပြောဘာသာစကားရှိ ဝေါဟာရဆိုင်ရာ အသံများ၏ အစိတ်အပိုင်းဖြစ်သော စကားသံ၏ အရည်အသွေးများကို ကိုယ်စားပြုဖော်ပြရန် ရည်ရွယ်တီထွင်ခဲ့ကြသည်။ စကားသံ၏ အရည်အသွေးများဆိုသည်မှာ စကားသံ (phone) ၊ သံရင်း (phoneme) ၊ တက်ကျသံ၊ စကားလုံးနှင့် ဝဏ္ဏခွဲခြားခြင်း တို့ဖြစ်ကြသည်။[] သွား/အံကြိတ်ခြင်း၊ စကားမပီခြင်း ('တ'သံကို 'သ'သံထွက်သကဲ့သို့) ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရှိသူများ၏ စကား(သံ)၏ ထပ်တိုးအရည်အသွေးများကို ကိုယ်စားပြုနိုင်ရန် ထပ်တိုးသင်္ကေတများကိုလည်း အသုံးပြုနိုင်သည်။[]

နိုင်ငံတကာ သဒ္ဒဗေဒအက္ခရာများကို ပုံစံနှစ်ခု၏ အခြေခံအခြင်းအရာများဖြင့် ဖွဲ့စည်းထားရာ ၎င်းတို့မှာ အက္ခရာနှင့် ဖြည့်စွက်သင်္ကေတ (မြန်မာစကား၏ ဗျည်းတွဲများကဲ့သို့) တို့ဖြစ်ကြသည်။ ဥပမာအနေဖြင့် အင်္ဂလိပ်စကားရှိ t ၏ အသံကို အသံအရည်အသွေးတိကျမှုအပေါ် မူတည်၍ သဒ္ဒဗေဒအက္ခရာ [t] ကိုသုံး၍ ဖလှယ်နိုင်သည့်အပြင် ဖြည့်စွက်သင်္ကေတ [t̺ʰ] ဖြင့်လည်းရေးသာနိုင်သည်။[note ၁] ဆလာ့ရှ် (Slashes; ဒေါင်လိုက်ညာစောင်းမျဉ်းတို; / / ) နှစ်ခုကို သံရင်းပြန်အသံဖလှယ်ခြင်းအား ညွှန်းဆိုရန်သုံးရာ /t/ သည် [t̺ʰ] (သို့) [t] ထက်စာလျှင် ပို၍ ယေဘုယျဆန်ကာ နောက်ဖော်ပြထားသည့် နှစ်လုံးအနက် တစ်ခုခုကို ဘာသာစကား၊ အဆက်စပ်ပေါ်မူတည်၍ ကြိုက်ရာကို ရည်ညွှန်းနိုင်သည်။

နိုင်ငံတကာ သဒ္ဒဗေဒအသင်းက အခါအားလျော်စွာ အက္ခရာ၊ ဖြည့်စွက်သင်္ကေတများကို ထပ်မံထည့်သွင်းခြင်း၊ ဖြုတ်ပယ်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်းများကို ပြုလုပ်လေ့ရှိသည်။ ၂၀၀၅ တွင် နောက်ဆုံးအပြောင်းအလဲမှစ၍ ယခုအထိ[] သီးသန့်အသံအပိုင်း အက္ခရာ ၁၀၇ ခု (segmental letters) ၊ မြောက်မြားစွာသော အသံအရည်အသွေး (suprasegmental; ဖိ၊ဖော့၊ရှည်၊တို ...) ပြ အက္ခရာများ၊ ဖြည့်စွက်သင်္ကေတ ၄၄ လုံး၊ သံနေသံထားပြ ဝေါဟာရဆိုင်ရာ (extra-lexical prosodic) အပိုအမှတ် လေးခုတို့ဖြစ်ကြသည်။ သဒ္ဒဗေဒအက္ခရာအများစုကို လက်ရှိ နိုင်ငံတကာ သဒ္ဒဗေဒအက္ခရာ ဇယား၌ ပြသထားသည်။[]

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads