နိုင်ငံတော်ကောင်စီ (အရှေ့တီမော)
From Wikipedia, the free encyclopedia
Remove ads
အရှေ့တီမောနိုင်ငံ၏ နိုင်ငံတော်ကောင်စီ (အင်္ဂလိပ်: Council of State) သည် နိုင်ငံတော်သမ္မတ ကို အကြံပေးနိုင်ရန် အခြေခံဥပဒေအရ ဖွဲ့စည်းထားသော ကောင်စီဖြစ်သည်။ အရှေ့တီမောနိုင်ငံသည် ယခင်က ပေါ်တူဂီလက်အောက်တွင်ဖြစ်ရာ ၂၀၀၂ခုနှစ် လွတ်လပ်ရေးရချိန်တွင် ပေါ်တူဂီတို့၏ သမိုင်းကြောင်းတွင် တည်ရှိခဲ့သော နိုင်ငံတော်ကောင်စီကို နမူနာယူ၍ ဖွဲ့စည်းထားသည်။[၁]
Remove ads
ဖွဲ့စည်းပုံ
အခြေခံဥပဒေအရ ကောင်စီကို သမ္မတကဦးဆောင်ကာ အောက်ပါအဖွဲ့ဝင်များ ပါဝင်ဖွဲ့စည်းသည်။
- ရာထူးမှထုတ်ပယ်ခံရခြင်းမဟုတ်သော သမ္မတ(ငြိမ်း)များ
- အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
- ဝန်ကြီးချုပ်
- လွှတ်တော်မှရွေးချယ်သော နိုင်ငံသား (၅)ဦး
- သမ္မတကရွေးချယ်သော နိုင်ငံသား (၅)ဦး
တာဝန်များ
- လွှတ်တော်ဖျက်သိမ်းရေးအတွက် ထင်မြင်ချက်ပေးခြင်း။
- အစိုးရအဖွဲ့ဖျက်သိမ်းရေးအတွက် ထင်မြင်ချက်ပေးခြင်း။
- စစ်ကြေညာရန် (သို့မဟုတ်) ငြိမ်းချမ်းရေးအတွက် ထင်မြင်ချက်ပေးခြင်း။
- ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားကိစ္စရပ်များနှင့်စပ်လျဉ်း၍ ၎င်း၏အမြင်ကို ထုတ်ဖော်ပြောကြားပြီး နိုင်ငံတော်သမ္မတက တောင်းဆိုထားသည့်အတိုင်း ၎င်း၏လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင်နိုင်ငံတော်သမ္မတထံ အကြံပြုတင်ပြခြင်း။
- နည်းဥပဒေကြမ်းများရေးဆွဲခြင်း။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads