နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်

From Wikipedia, the free encyclopedia

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်
Remove ads

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်သည် မြန်မာနိုင်ငံရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအောက်တွင် ဖွဲ့စည်းထားသော ရာထူးနေရာတစ်ခု ဖြစ်သည်။ ဤရာထူးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအား မူဝါဒဆိုင်ရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အကြံဉာဏ်များ ပေးအပ်ရန် တာဝန်ရှိသည်။

အချက်တိုများ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်, ခန့်အပ်သူ ...

ဤရာထူး၏ ထူးခြားချက်မှာ အခြားစစ်ကောင်စီ၏ အကြံပေးအဖွဲ့များ၊ ဗဟိုအကြံပေးအဖွဲ့များနှင့် ကွာခြားပြီး ပြည်ထောင်စုဝန်ကြီးအဆင့် ဖြင့် ခန့်အပ်ထားခြင်း ဖြစ်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့၏ အင်္ဂါစဉ်အရ ၎င်းကို နံပါတ်လေးနေရာတွင် ထားရှိသည်ကို သတိပြုနိုင်သည်။[]၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် ဤရာထူးဌာနသည် ဖျက်သိမ်းသွားခဲ့သည်။

Remove ads

နောက်ခံအခြေအနေနှင့် အရေးပါမှု

ဒုတိယဗိုလ်ချုပ်ကြီး ညိုစောအား အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခြင်းသည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူအဖြစ် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး စီးပွားရေးတာဝန်ခံတစ်ဦးအဖြစ် ထင်ရှားပြီး မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ရက်ပိုင်းအကြာတွင် ဖြစ်သည်။ လုပ်ငန်းရှင်များနှင့် စစ်တပ်အသိုင်းအဝိုင်းက ၎င်းသည် စီးပွားရေးနှင့်ပတ်သက်၍ အဓိကအကြံပေးရလိမ့်မည်ဟု သုံးသပ်ကြသည်။ နိုင်ငံခြားငွေနှင့်ပတ်သက်သော နိုင်ငံပိုင်ဘဏ်များ ပိတ်ဆို့ခံရပြီး ဒေါ်လာနှင့်ရွှေဈေးများ ထိန်းမရဘဲ စီးပွားရေးကျဆင်းနေချိန်တွင် အကြံပေးဖြစ်လာခြင်းကြောင့် ရလဒ်ကောင်းများ ဖော်ဆောင်ရန် စိန်ခေါ်မှုများစွာ ရှိနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။[]

Remove ads

ခန့်အပ်ခြင်း

အဆိုပါရာထူးကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့စွဲပါ အမိန့်ကြေညာစာ (အမှတ် ၄/၂၀၂၁) ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) က စတင်ဖွဲ့စည်းခဲ့သည်။ ဤခန့်အပ်မှုကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ပထမဆုံး ခန့်အပ်ခံရသူမှာ ဒုတိယဗိုလ်ချုပ်ကြီးညိုစော ဖြစ်သည်။​[]

အခွင့်အရေးနှင့် ခံစားခွင့်

အကြံပေးပုဂ္ဂိုလ်၏ ခံစားခွင့်ဆိုင်ရာ ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက တာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။[]

ဖျက်သိမ်းခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခြောက်လသက်တမ်း ၂၀၂၅ ဇူလိုင် ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီးနောက်၊ အဆိုပါကောင်စီကို ထပ်မံသက်တမ်းတိုးမပေးဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဖွဲ့အစည်းအသစ်များ ဖွဲ့စည်းခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၃/၂၀၂၅ ဖြင့် "ပြည်ထောင်စုအစိုးရအဖွဲ့" အသစ်ကို ဖွဲ့စည်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး (ငြိမ်း) ညိုစောကို နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။[] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads