နိုင်ငံပေါင်းချုပ် အသင်းကြီး
From Wikipedia, the free encyclopedia
Remove ads
နိုင်ငံပေါင်းချုပ် အသင်းကြီး သည် ၁၉၁၉ - ၂၀ ခုနှစ်အတွင်း ဗာဆိုင်းစာချုပ်အရ ဖွဲ့စည်းတည်ထောင်ခဲ့သည့် အစိုးရများအကြား အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ၁၉၃၄ - ၃၅ ခုနှစ်တွင် အဖွဲ့ဝင် ၅၈ နိုင်ငံရှိခဲ့ပြီး နိုင်ငံပေါင်းချုပ် အသင်းကြီး၏ အတိုင်းအတာ အကြီးမားဆုံး ကာလလည်းဖြစ်သည်။ အသင်းချုပ်၏ ရည်ရွယ်ချက်များတွင် အမျိုးသမီး အခွင့်အရေး၊ စစ်သား အခွင့်အရေး၊ လူဖြူမဟုတ်သူများ၏ အခွင့်အရေး စသည့် လူ့အခွင့်အရေးများအား မြှင့်တင်ပေးရေး၊ လက်နက်မပြန့်ပွားရေး၊ စစ်မက်တားဆီးရေး၊ နိုင်ငံများအကြား ကွာဟချက်များကို သံတမန်နည်းလမ်းအရ ညှိနှိုင်းဖြေရှင်းရေးတို့ ပါဝင်သည်။
သို့သော်လည်း ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားခဲ့ခြင်းမှာ နိုင်ငံပေါင်းချုပ် အသင်းကြီး၏ စစ်မက်တားဆီးရေး ရည်မှန်းချက် မအောင်မြင်သည့် သာဓကတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ဒုတိယ ကမ္ဘာစစ်ကြီးအပြီးတွင် အဖွဲ့ဝင်နိုင်ငံများက နိုင်ငံပေါင်းချုပ် အသင်းကြီးကို လက်ရှိ ကမ္ဘာ့ကုလသမဂ္ဂဖြင့် အစားထိုးခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads