နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)

From Wikipedia, the free encyclopedia

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)
Remove ads

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)[] သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။နိုင်ငံဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးသည့် တက္ကသိုလ်တစ်ခုလည်းဖြစ်သည်။

အချက်တိုများ
Thumb
မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေးရှိ တက္ကသိုလ်အဝင်ဝအားမြင်တွေ့ရစဉ်
Remove ads

တည်နေရာနှင့်အကျယ်အဝန်း

မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်ဇီးပင်ကြီးကျေးရွာအနီး၊မန္တလေး- ပြင်ဦးလွင်အဆင်းလမ်းပေါ်တွင် ရှိသည်။ မန္တလေးမြို့မှနေ၍ ၂၄ မိုင် ၅ဖာလုံခန့်အကွာတွင် တည်ရှိသည်။ ဧရိယာအကျယ်အဝန်းမှာ (၉၀၅.၁၀)ဧက ရှိသည်။ အရှေ့ဘက်တွင် ရတနာပုံဆိုင်ဘာစီးတီး၊ မြောက်ဘက်နှင့်အနောက်မြောက်တွင် ဗဟိုမီးသတ်သင်တန်းကျောင်း၊ ၊အနောက်ဘက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း၊ ဇီးပင်ကြီးကျေးရွာနှင့် အနောက်တောင်ဘက်တွင် ပေပင်ကျေးရွာတို့ တည်ရှိသည်။

Remove ads

သမိုင်းကြောင်း

နိုင်ငံဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သည် နိုင်ငံဝန်ထမ်းများအား လေ့ကျင့်ပညာပေးသင်တန်းများ သင်ကြားပေးရန် ဖွင့်လှစ်ထားသော တက္ကသိုလ်တစ်ခုဖြစ်သည်။အထူးသဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းရှိ နိုင်ငံ့ဝန်ထမ်းများ သွားလာရေး လွယ်ကူအဆင်ပြေစေရန်အတွက် နိုင်ငံတော်မှ တိုးချဲ့ ဖွင့်လှစ် ပေးထားသည့် တက္ကသိုလ်တစ်ခုလည်းဖြစ်သည်။ ယခင်က ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အမည်ဖြင့် ဖွင့်လှစ်ခဲ့သည်။ ၂၀၁၇ ခုနှစ်၊ဇန်နဝါရီလ(၂)ရက်နေ့တွင်ယခင်က ကျင့်သုံးခဲ့သည့် Old Public Administration မှ ဒီမိုကရေစီစနစ်နှင့် လျော်ညီသော New Public Management, New Public Government တို့ကို အထောက်အကူပြုသည့် New Public Service delivery လုပ်ငန်းစဉ်များကို အကောင်အထည်ခဲ့သည့်အနေဖြင့် “ပြည်သူ့ဝန်ထမ်းအကယ်ဒမီ (Civil Services Academy)” ကို ဖွင့်လှစ်သည်။ ၂၀၂၂ ခုနှစ်၊ဇွန်လ (၁)ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ကို နိုင်ငံဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ဟု အမည် ပြောင်းလဲခဲ့သည်။[]

Remove ads

ပညာဌာနများ

  • စီမံခန့်ခွဲမှုပညာဌာန
  • စီးပွားရေးပညာဌာန
  • နိုင်ငံရေးသိပ္ပံပညာဌာန
  • လူမှုရေးသိပ္ပံပညာဌာန
  • ဥပဒေပညာဌာန
  • သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဌာန
  • အင်္ဂလိပ်ဘာသာပညာဌာန
  • ကာကွယ်ရေးပညာဌာန

တာဝန်ထမ်းဆောင်ခဲ့သောပါမောက္ခချုပ်များ

  • ဦးအောင်ဆန်းဝင်း (ပါမောက္ခချုပ်) (၁၀-၁၂-၁၉၉၈ မှ ၅-၆-၂၀၁၁ ထိ)
  • ဦးညီညီစံ (ပါမောက္ခချုပ်) (၆-၆-၂၀၁၁ မှ ၃၁-၃-၂၀၁၃ ထိ)
  • ဦးအောင်တင်စိုး (ပါမောက္ခချုပ်) (၂၂-၆-၂၀၁၃ မှ ၃၁-၃-၂၀၁၇ ထိ)
  • ဦးညီညီစံ (ပါမောက္ခချုပ်) (၁-၄-၂၀၁၇မှ ၁၁-၂-၂၀၁၉ ထိ)
  • ဦးကျော်စိုး (ပါမောက္ခချုပ်) (၁၈-၂-၂၀၁၉ မှ ယနေ့အထိ)

ထူးခြားဖြစ်စဉ်

၂၀၁၈ ခုနှစ်အတွင်းက ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၏ သင်ကြားနည်းစနစ်အကြောင်းကို  မိုးကုတ်မြို့ပြည်သူ့ဆေးရုံမှသွားနှင့်ခံတွင်းဆရာဝန်ဒေါက်တာစိုးသူရက[] “ဇီးပင်ကြီး စစ်တမ်း” အမည်ဖြင့် ဖော်ထုတ်ရေးသားခဲ့ဖူးသည်။[] ယင်းတက္ကသိုလ်သည် လူမျိုးရေး၊ ဘာသာရေး ဝါဒမှိုင်းများဖြင့် သင်ကြားပို့ချနေကြောင်း ပါရှိခဲ့၍ လူထုအတွင်း ပြင်းထန်သည့် ဝေဖန်မှုများ ကြုံခဲ့ရသည်။ [][]



ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads