နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
From Wikipedia, the free encyclopedia
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေသည် ၂၀၁၀ခုနှစ် အောက်တိုဘာ၂၁ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ဥပဒေဖြစ်သည်။နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို ယင်း၏ဂုဏ်ကျက်သရေများနှင့်အညီ သုံးစွဲနိုင်စေရန်အတွက် ဤဥပဒေကို ပြဋ္ဌာန်းထားခြင်းဖြစ်သည်။[၁]
အခန်း (၁)
အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်
၁။ ဤဥပဒေကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေဟု ခေါ်တွင်စေရမည်။ ၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
- (က) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုလိုသည်။
- (ခ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၄၃၈၊ ပုဒ်မခွဲ (က)တွင် ပြဋ္ဌာန်းသတ်မှတ်ထားသော အထိမ်းအမှတ်ပုံသဏ္ဌာန်ပါဝင်သည့် တံဆိပ်ကိုဆိုသည်။ယင်းစကားရပ်တွင် မည်သည့်အရာဝတ္ထုဖြင့်မဆို ပြုလုပ်ထားသည့် သို့မဟုတ် မည်သည့်အရာဝတ္ထုပေါ်တွင်မဆို ဖော်ပြထားသည့် အဆိုပါအထိမ်းအမှတ်ပုံသဏ္ဌာန် ပါဝင်သော တံဆိပ်တစ်ခုလုံးဖြစ်စေ၊ အစိတ်အပိုင်းတစ်ခုခုဖြစ်စေ ပါဝင်သည်။
အခန်း (၂)
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါ အမှတ်အသားများ
၃။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါ အမှတ်အသားများမှာ အောက်ပါအတိုင်းဖြစ်သည်။
- (က) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏ အလယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြေပုံပါရှိသည်။အရွက်၁၄ရွက်စီပါဝင်သော သပြေခက်များသည် မြေပုံ၏ တစ်ဖက်တစ်ချက်စီတွင် ပါရှိသည်။
- (ခ) သပြေခက်များ၏ တစ်ဖက်တစ်ချက်တွင် အနုပညာမြောက် မြန်မာ့ခြင်္သေ့ တစ်စီးစီရှိသည်။လက်ဝဲဘက်မှခြင်္သေ့သည် လက်ဝဲဘက်သို့လည်းကောင်း၊ လက်ယာဘက်မှခြင်္သေ့သည် လက်ယာဘက်သို့လည်းကောင်း မျက်နှာမူလျက်ရှိသည်။
- (ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူသော စာတမ်းကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် အောက်ခြေဖဲပြားပေါ်တွင် ဖော်ပြထားသည်။ပြည်ထောင်စုဟူသောစာတမ်းကို လက်ဝဲဘက်ရှိ ခြင်္သေ့အောက်တွင်လည်းကောင်း၊သမ္မတဟူသောစာတမ်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမြေပုံအောက်ရှိ အလယ်ဗဟိုတွင်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဟူသောစာတမ်းကို လက်ရာဘက်ရှိခြင်္သေ့အောက်တွင်လည်းကောင်း ထားရှိသည်။
- (ဃ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏ထိပ်တွင် ကြယ်လက်တံ၅ခုရှိသော ကြယ်တစ်လုံးသည် အထက်သို့ မတ်မတ်ညွှန်းလျက်ရှိသည်။
- (င) ကြယ်၏တစ်ဖက်တစ်ချက်တွင် မြန်မာပန်းပုံသဏ္ဌာန် ပန်းခက်ပြားများရှိသည်။
- (စ) နိုင်ငံတော်တံဆိပ် နမူနာမှာ နောက်ဆက်တွဲပါအတိုင်းဖြစ်သည်။
၄။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို ဤဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ အရွယ်အစားအမျိုးမျိုး အသုံးပြုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၈၊ ပုဒ်မခွဲ(က)ပါ ပုံသဏ္ဌာန်၊အချိုးအစားတို့နှင့် ကိုက်ညီနိုင်သမျှ ကိုက်ညီစေရမည်။
အခန်း (၃)
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို သုံးစွဲခြင်း
၅။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို သတ်မှတ်ချက်များနှင့်အညီ သုံးစွဲရမည်။
အခန်း (၄)
တားမြစ်ချက်နှင့် ပြစ်ဒဏ်
၆။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ မည်သူမျှ အောက်ဖော်ပြပါတို့ကို မပြုလုပ်ရ-
- (က) ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရဘဲ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်း။
- (ခ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် တစ်ခုလုံးကိုဖြစ်စေ၊အစိတ်အပိုင်းတစ်ခုခကိုဖြစ်စေ ဖျက်ဆီးခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်း။
- (ဂ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အတုအပပြုလုပ်၍ ကိုယ်ကျိုးအတွက် အသုံးပြုခြင်း၊အသုံးပြုစေခြင်း။
- (င) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို ကြေညာရန်ဖြစ်စေ၊ ကုန်ပစ္စည်းတံဆိပ် အမှတ်အသားပြုလုပ်ရန်ဖြစ်စေ အသုံးပြုခြင်း။
၇။ မည်သူမဆို ပုဒ်မ၆ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
အခန်း (၅)
အထွေထွေ
၈။ ဤဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်။ပြည်ထောင်စုလွှတ်တော်က ရုပ်သိမ်းခြင်း မပြုလုပ်သရွေ့ ဤဥပဒေသည် အတည်ဖြစ်သည်။
၉။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် -
- (က) နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် လိုအပ်သောနည်းဥပဒေများကို ထုတ်ပြန်နိုင်သည်။
- (ခ) သက်ဆိုင်ရာဝန်ကြီးဌာနသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။
၁၀။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ (၁၉၇၄ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ်၂)ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
(ပုံ)သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
<sub>Insert non-formatted text here</sub><sup>
#REDIRECT [[Superscript text]]
{| class="wikitable"
|+ Caption text
|-
! ခေါင်းစဉ် စာသား !! ခေါင်းစဉ် စာသား !! ခေါင်းစဉ် စာသား
|-
| ဥပမာ || ဥပမာ || ဥပမာ
|-
| ဥပမာ || ဥပမာ || ဥပမာ
|-
| ဥပမာ || ဥပမာ || ဥပမာ
|}
</sup>== နောက်ဆက်တွဲ ==
Now myanmar army
together add training & other hobby Welcome
HTTPS://Army.burmese.com Archived 11 July 2013 at the Wayback Machine.100
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.