နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ဥပ​ဒေ

မြန်မာနိုင်ငံ ဥပဒေ From Wikipedia, the free encyclopedia

Remove ads

နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ဥပ​ဒေသည် ၂၀၁၀ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်​နေ့တွင် နိုင်ငံ​တော်​အေးချမ်းသာယာ​ရေးနှင့်ဖွံ့ဖြိုး​ရေး​ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ လက်မှတ်​ရေးထိုး ထုတ်ပြန်ခဲ့​သော ဥပ​ဒေဖြစ်သည်။နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ကို ယင်း၏ဂုဏ်ကျက်သ​ရေများနှင့်အညီ သုံးစွဲနိုင်​စေရန်အတွက် ဤဥပ​ဒေကို ပြဋ္ဌာန်းထားခြင်းဖြစ်သည်။[]

နောက်ထပ် အချက်အလက်များ ဥပဒေအမည်, ဥပဒေအမှတ် ...
Remove ads

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်

၁။ ဤဥပ​ဒေကို နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ဥပ​ဒေဟု ​ခေါ်တွင်​စေရမည်။

၂။ ဤဥပ​ဒေတွင်ပါရှိ​သော ​အောက်ပါစကားရပ်များသည် ​ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်​ရောက်​​စေရမည်-

  • (က) ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေဆိုသည်မှာ ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို ဆိုလိုသည်။
  • (ခ) နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ဆိုသည်မှာ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ပုဒ်မ၄၃၈၊ ပုဒ်မခွဲ (က)တွင် ပြဋ္ဌာန်းသတ်မှတ်ထား​သော အထိမ်းအမှတ်ပုံသဏ္ဌာန်ပါဝင်သည့် တံဆိပ်ကိုဆိုသည်။ယင်းစကားရပ်တွင် မည်သည့်အရာဝတ္ထုဖြင့်မဆို ပြုလုပ်ထားသည့် သို့မဟုတ် မည်သည့်အရာဝတ္ထု​ပေါ်တွင်မဆို ​ဖော်ပြထားသည့် အဆိုပါအထိမ်းအမှတ်ပုံသဏ္ဌာန် ပါဝင်​သော တံဆိပ်တစ်ခုလုံးဖြစ်​စေ၊ အစိတ်အပိုင်းတစ်ခုခုဖြစ်​စေ ပါဝင်သည်။
Remove ads

အခန်း (၂)

နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ပါ အမှတ်အသားများ

<<၂၀၂၅ ဩဂုတ် ၁၁ နေ့ ပြင်ဆင်ချက်>>

၃။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါ အမှတ်အသားများနှင့် ယင်းတို့၏ အဓိပ္ပာယ် များမှာ အောက်ပါအတိုင်းဖြစ်သည်-

  • (က) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏အလယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြေပုံပါရှိသည်။ အရွက် ၁၄ ရွက်စီ ပါဝင်သော သပြေခက်များသည် မြေပုံ၏ တစ်ဖက်တစ်ချက်စီတွင်ပါရှိသည်။ နိုင်ငံတော်မြေပုံသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ နယ်နိမိတ်ပုံသဏ္ဌာန်ကိုလည်းကောင်း၊ သပြေခက် များသည် အောင်အတိတ် အောင်နိမိတ်ဆောင်ခြင်းကိုလည်းကောင်း ကိုယ်စား ပြုသည်။
  • (ခ) သပြေခက်များ၏ တစ်ဖက်တစ်ချက်တွင် အနုပညာမြောက် မြန်မာ့လက်ရာ ကေသရာဇာခြင်္သေ့တစ်စီးစီရှိသည်။ လက်ဝဲဘက်ရှိ ခြင်္သေ့သည် လက်ဝဲ ဘက်သို့လည်းကောင်း၊ လက်ယာဘက်ရှိ ခြင်္သေ့သည် လက်ယာဘက်သို့ လည်းကောင်း မျက်နှာမူလျက်ရှိသည်။ ခြင်္သေ့နှစ်စီးသည် အချုပ်အခြာ အာဏာပိုင်စိုးခြင်း၊ ရဲရင့်ခြင်း၊ လုံ့လဝီရိယရှိခြင်းနှင့် ဘေးအန္တရာယ်ဟူသမျှကို ကြီးသည် ငယ်သည် မဟူတူညီသော အားထုတ်မှုဖြင့် နှိမ်နင်းခြင်း ဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်။ ခြင်္သေ့နှစ်စီးကို နိုင်ငံတော်မြေပုံ၏ တစ်ဖက် တစ်ချက်တွင် ရံထားခြင်းမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်း ဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်။
  • (ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူသော စာတမ်းကို နိုင်ငံတော်အထိမ်း အမှတ်တံဆိပ် အောက်ခြေဖဲပြားပေါ်တွင် ဖော်ပြထားသည်။ ပြည်ထောင်စု ဟူသောစာတမ်းကို လက်ဝဲဘက်ရှိ ခြင်္သေ့အောက်တွင်လည်းကောင်း၊ သမ္မတဟူသောစာတမ်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြေပုံ အောက်ရှိ အလယ်ဗဟိုတွင်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဟူသော စာတမ်းကို လက်ယာဘက်ရှိ ခြင်္သေ့အောက်တွင်လည်းကောင်းထားရှိသည်။
  • (ဃ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏ ထိပ်တွင် ကြယ်လက်တံငါးခုရှိသော ကြယ်တစ်လုံးသည် အထက်သို့ မတ်မတ်ညွှန်းလျက်ရှိသည်။ ကြယ်သည် ကောင်းကင်၌ ကိုယ်ပိုင်ပကတိအလင်းရောင်ဖြင့် ထင်ရှားသကဲ့သို့ မြန်မာ နိုင်ငံသည်လည်း အချုပ်အခြာအာဏာပိုင်လွတ်လပ်သည့် နိုင်ငံအဖြစ် ရပ်တည်သည်ဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်။
  • ( င) ကြယ်၏ တစ်ဖက်တစ်ချက်တွင် မြန်မာ့ရိုးရာကနုတ်ပန်းများဖြင့် ပုံဖော်ထား သည့် မြန်မာပန်းပုံသဏ္ဌာန်ပန်းခက်ပြားများရှိသည်။ ပန်းခက်ပြားများသည် မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်မြင့်မားခြင်းနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် ရပ်တည်ခြင်း ဟူသောအဓိပ္ပာယ်ကို ဖော်ညွှန်းသည်။
  • ( စ ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အောက်ခံအနီရောင်ပေါ်တွင် ရွှေဝါရောင် ဖြင့် ပုံဖော်ထားပြီး တံဆိပ်၏ ကောက်ကြောင်းမျဉ်းများကို အနက်ရောင်ဖြင့် ရေးဆွဲထားသည်။ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပာယ်ကိုလည်းကောင်း၊ ရွှေဝါရောင်သည် မြတ်နိုးတန်ဖိုးထားအပ်ခြင်း ဟူသော အဓိပ္ပာယ်ကိုလည်းကောင်း ဖော်ညွှန်းသည်။
  • (ဆ) နိုင်ငံတော်တံဆိပ်နမူနာပုံစံမှာ နောက်ဆက်တွဲပါအတိုင်းဖြစ်သည်။

၄။ နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ကို ဤဥပ​​ဒေ၊ နည်းဥပ​ဒေများပါ ပြဋ္ဌာန်းချက်များအရ အရွယ်အစားအမျိုးမျိုး အသုံးပြုရာတွင် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ပုဒ်မ ၄၃၈​၊ ပုဒ်မခွဲ(က)ပါ ပုံသဏ္ဌာန်၊အချိုးအစားတို့နှင့် ကိုက်ညီနိုင်သမျှ ကိုက်ညီ​စေရမည်။

Remove ads

အခန်း (၃)

နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ကို သုံးစွဲခြင်း

၅။ နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ကို သတ်မှတ်ချက်များနှင့်အညီ သုံးစွဲရမည်။

အခန်း (၄)

တားမြစ်ချက်နှင့် ပြစ်ဒဏ်

၆။ နိုင်ငံ​​တော်အထိမ်းအမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ မည်သူမျှ ​အောက်​ဖော်ပြပါတို့ကို မပြုလုပ်ရ-

  • (က) ပြည်​ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရဘဲ နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်း။

<<၂၀၂၅ ဩဂုတ် ၁၁ နေ့ ပြင်ဆင်ချက်>>

  • (ခ) နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ် တစ်ခုလုံးကိုဖြစ်​စေ၊ အစိတ်အပိုင်းတစ်ခုခကိုဖြစ်​စေ ပြောင်းလဲစေရန် ပြင်ဆင်၍ အသုံးပြုခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်း
  • (ဂ) နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ကို အတုအပပြုလုပ်၍ ကိုယ်ကျိုးအတွက် အသုံးပြုခြင်း၊ အသုံးပြု​စေခြင်း။
  • (င) နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ကို ​ကြေညာရန်ဖြစ်​စေ၊ ကုန်ပစ္စည်းတံဆိပ် အမှတ်အသားပြုလုပ်ရန်ဖြစ်​စေ အသုံးပြုခြင်း။

၇။ မည်သူမဆို ပုဒ်မ၆ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ​ဖောက်ဖျက်ကျူးလွန်​ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပို​သော​ထောင်ဒဏ်ဖြစ်​စေ၊ ကျပ်သုံးသိန်းထက်မပို​သော ​ငွေဒဏ်ဖြစ်​စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်​​​စေ ချမှတ်ရမည်။

Remove ads

အခန်း (၅)

အ​ထွေ​ထွေ

၈။ ဤဥပ​ဒေကို ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်​ထောင်စုလွှတ်​တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်။ပြည်​ထောင်စုလွှတ်​တော်က ရုပ်သိမ်းခြင်း မပြုလုပ်သ​ရွေ့ ဤဥပ​ဒေသည် အတည်ဖြစ်သည်။

၉။ ဤဥပ​ဒေပါ ပြဋ္ဌာန်းချက်များကို ​အ​ကောင်ထည်​ဖော် ဆောင်ရွက်ရာတွင် -

  • (က) နိုင်ငံ​တော်​အေးချမ်းသာယာ​ရေးနှင့် ဖွံ့ဖြိုး​ရေး​ကောင်စီသည် လိုအပ်​သောနည်းဥပ​ဒေများကို ထုတ်ပြန်နိုင်သည်။
  • (ခ) သက်ဆိုင်ရာဝန်ကြီးဌာနသည် လိုအပ်​သော အမိန့်​ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

၁၀။ နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ဥပ​ဒေ (၁၉၇၄ခုနှစ်၊ ပြည်သူ့လွှတ်​တော်ဥပ​ဒေ အမှတ်၂)ကို ဤဥပ​ဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ပုံ)သန်း​ရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံ​တော်​အေးချမ်းသာယာ​ရေးနှင့်ဖွံ့ဖြိုး​ရေး​ကောင်စီ

<sub>Insert non-formatted text here</sub><sup> #REDIRECT [[Superscript text]] {| class="wikitable" |+ Caption text |- ! ခေါင်းစဉ် စာသား !! ခေါင်းစဉ် စာသား !! ခေါင်းစဉ် စာသား |- | ဥပမာ || ဥပမာ || ဥပမာ |- | ဥပမာ || ဥပမာ || ဥပမာ |- | ဥပမာ || ဥပမာ || ဥပမာ |} </sup>== ​နောက်ဆက်တွဲ == Thumb Now myanmar army together add training & other hobby Welcome HTTPS://Army.burmese.com 11 July 2013 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .100


Remove ads

နောက်ဆက်တွဲ

၁။​ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါအမှတ်အသားများ၏ အချိုးအစားသတ်မှတ်ပုံမှာ-

အလျား = ၁.၂ x အနံ

အလျား : အနံ၊ ၃၀ : ၂၅

အမှတ် ဖော်ပြချက်

(က) ကြယ်၏ထိပ်

( ခ ) ကြယ်၏ဗဟို

( ဂ ) ကြယ်၏အောက်အတွင်းထောင့်

(ဃ) ကြယ်အောက်ရှိ ကနုတ်ပန်းထိပ်

( င ) မြန်မာနိုင်ငံမြေပုံ၏ မြောက်ဘက်အစွန်း

( စ ) မြန်မာနိုင်ငံမြေပုံ၏ အရှေ့ဘက်အစွန်း

(ဆ) မြန်မာနိုင်ငံမြေပုံ၏ အနောက်ဘက်အစွန်း

( ဇ ) မြန်မာနိုင်ငံမြေပုံ၏ တောင်ဘက်အစွန်း

( ဈ ) သပြေခက် အတွင်းအနား

(ည) သပြေခက် ထိပ်ဖျား

( ဋ ) သပြေခက် အပြင်နား

( ဌ ) သပြေခက်နှစ်ခက် အခြေချင်းဆုံသည့်နေရာ

( ဍ ) အောက်ခြေဖဲပြား အပေါ်အနား

( ဎ ) စာလုံးအပေါ်အနား

(ဏ) စာလုံးအောက်အနား

(တ) အောက်ခြေဖဲပြားအောက်အနား

(ထ) အောက်ခြေ၏ဗဟိုမှတ်

( ဒ ) အောက်ခြေဖဲပြားအပေါ်ထောင့်

( ဓ ) အောက်ခြေဖဲပြားအောက်ထောင့်

( န) ခြင်္သေ့အောက်တွင်ရှိသော ဖဲပြားလက်ဝဲအပေါ်ထောင့်

( ပ ) ခြင်္သေ့အောက်တွင်ရှိသော ဖဲပြားလက်ယာအပေါ်ထောင့်

( ဖ )  ကြယ်၏နံဘေးရှိ ကနုတ်ပန်းထိပ်

( ဗ )  ကြယ်၏နံဘေးရှိ ကနုတ်ပန်းအလယ်ထိပ်

(ဘ) တံဆိပ်၏ဘေးအနားစွန်း ကနုတ်တက်အပေါ်ထိပ်

(ဘ)) တံဆိပ်၏ဘေးအနားစွန်း ကနုတ်ပန်းအောက်ဘက်ထိပ်

(မ) ခြင်္သေ့ရင်အုံအရှေ့ရှိ ကနုတ်ပန်းအပေါ်ထိပ်

( ရ )  ခြင်္သေ့၏အမောက်တက်ထိပ်

(လ) ခြင်္သေ့၏နှာခေါင်းထိပ်

( ဝ )  ခြင်္သေ့၏ရင်အုံ

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads