နီကိုလာ လိုဘာတို သမ္မတအိမ်တော်

အ​ရှေ့တီ​မောနိုင်ငံသမ္မတရုံးစိုက်ရာ​နေရာ From Wikipedia, the free encyclopedia

နီကိုလာ လိုဘာတို သမ္မတအိမ်တော်
Remove ads

နီကိုလာ လိုဘာတို သမ္မတအိမ်တော် သည် အရှေ့တီမောနိုင်ငံ သမ္မတ၏ ရုံးထိုင်ရာနေရာဖြစ်သည်။ မြို့တော်ဒီလီမြို့တွင် တည်ရှိကာ ၂၀၀၉ခုနှစ်မှစ၍ အသုံးပြုခဲ့သည်။

အချက်တိုများ နီကိုလာ လိုဘာတို သမ္မတအိမ်တော် Nicolau Lobato Presidential Palace, အထွေထွေ အချက်အလက်များ ...

ရုံးထိုင်ရာ​နေရာသာဖြစ်ပြီး အိမ်​တော်အဖြစ် အသုံးပြုခြင်းမရှိ​ပေ။ အ​ရှေ့တီ​မောအစိုးရသည် ​​ငွေ​​ကြေးချို့တဲ့သဖြင့် သမ္မတနှင့် ဝန်ကြီးချုပ်ကို အိမ်​တော်မ​ပေးနိုင်ဘဲ မိမိ​နေအိမ်တွင်သာ ​နေထိုင်ရသည်။[] အိမ်တော်သည် ဒီလီမြို့လယ်ခေါင်၏ အနောက်ပိုင်းတွင် တည်ရှိကာ (၂၂)ဧက ကျယ်ဝန်းသည်။ လွတ်လပ်ရေးမရမီက ဝန်ကြီးချုပ်နှင့် သမ္မတ လုပ်ခဲ့ပြီး လုပ်ကြံခံခဲ့ရသော နီကိုလာ လိုဘာတိုကို ဂုဏ်ပြု၍ အမည်ပေးထားသည်။ အိမ်တော်အဆောက်အဦးသည် အင်္ဂလိပ်အက္ခရာ 'ယူ'(U) ပုံသဏ္ဌာန်ရှိကာ (၂)ထပ်ဖြစ်သည်။

Remove ads

သမိုင်းကြောင်း

၂၀၀၂ခုနှစ်တွင် လွတ်လပ်ရေးရပြီး ပထမဆုံးသမ္မတ ဇာနာနာ ဂတ်စမို အနေဖြင့် ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့နှင့် အတူတကွ ရုံးမထိုင်လိုပေ။[] ထို့ကြောင့် ပြာနန်းတော် သို့ ပြောင်းရွှေ့ခဲ့သည်။ သို့ရာတွင် ထိုယာယီနေရာကို အမြဲအသုံးမပြုသေးပေ။ ၂၀၀၃ခုနှစ်တွင် ပိုမိုကောင်းမွန်သော နေရာတစ်ခုကို တရုတ်အစိုးရထံမှ အကူအညီဖြင့် တည်ဆောက်ရန် အစီအစဉ်ဆွဲခဲ့သည်။

၂၀၀၇ခုနှစ် ဇူလိုင်လ ၂ရက်နေ့တွင် စတင်တည်ဆောက်ခဲ့သည်။ ထိုစဉ်ကအမည်မှာ မျှော်လင့်ခြင်းနန်းတော်ဖြစ်သည်။ အရှေ့တီမောဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက ထိုအမည်သည် နိုင်ငံငယ်အသစ်လေး၏ စိန်ခေါ်မှုများနှင့် တောက်ပသော အနာဂတ်ဆီသို့ ချီတက်ခြင်းကို ကိုယ်စားပြုသည်ဟု ပြောကြားခဲ့သည်။

လက်ရှိအိမ်တော်နေရာသည် ပေါ်တူဂီတို့လက်ထက်က ဒီလီမြို့၏ ပထမဆုံးလေဆိပ်ဖြစ်ကာ နောက်ပိုင်းတွင် ရဟတ်ယာဉ်ကွင်း ဖြစ်ခဲ့သည်။ ၂၀၀၇ခုနှစ် ဇူလိုင်လအထိ ဩစတြေးလျဦးဆောင်သော တပ်များက အသုံးပြုခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ချိန်အထိဖြစ်သည်။

၂၀၀၉ခုနှစ် ဧပြီလတွင် ပြီးစီးခဲ့ပြီး တရုတ်အစိုးရမှ အမေရိကန်ဒေါ်လာ ၆မီလီယံ ကူညီခဲ့သည်။[] ၂၀၀၉ခုနှစ် ဩဂုတ်လ (၂၇) ရက်နေ့တွင် စတင်အသုံးပြုခဲ့သည်။ ၃ရက်အကြာ (၃၀) ရက်နေ့တွင် သမ္မတ ဟိုဆေး ရာမို့စ်ဟောတာ က ယခုအမည်သို့ ပြောင်းလဲခဲ့သည်။အိမ်တော်နေရာသည် မကြာခဏ ရေကြီးလေ့ရှိသည်။ []

၂၀၁၅ခုနှစ်တွင် ပေါ်တူဂီဗိသုကာကုမ္ပဏီတစ်ခုမှ သမ္မတအိမ်တော်၊ သမ္မတပြတိုက်၊ စစ်စခန်းနှင့် အခြားအဆောက်အဦးများ ပါဝင်သည့် စီမံကိန်းတစ်ခုကို ကြေညာခဲ့သည်။ ၎င်းတို့အနေဖြင့် ထိုစီမံကိန်းကို ရရှိခဲ့ကာ ယူရို သန်း (၂၀)ကျော် တန်ဖိုးရှိသည်။ ရေကြီးမှုကို ကာကွယ်ရန် အဆောက်အဦးများ၏ အခြေသည် ၁မီတာအမြင့်ရှိမည်ဖြစ်သည်။ သို့ရာတွင် ဘဏ္ဍာငွေအပေါ်မူတည်၍ (၁၀)နှစ်မှ နှစ် (၂၀) ကြာမြင့်မည်ဖြစ်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads