နီနီခင်ဇော်

မြန်မာအဆိုတော် From Wikipedia, the free encyclopedia

နီနီခင်ဇော်
Remove ads

နီနီခင်ဇော် သည် မြန်မာ ပေါ့ခ် အဆိုတော်တစ်ဦး ဖြစ်သည်။[] သူမသည် ဆေးတက္ကသိုလ် ၂၊ရန်ကုန် တွင် တက်ရောက်ခဲ့သည်။။

အချက်တိုများ နီနီခင်ဇော်, ကိုယ်ရေး အချက်အလက်များ ...

သူမသည် ၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများတွင် ပါဝင်ဖျော်ဖြေခဲ့သည်။[] သူသည် သံစဉ်များနှင့်ကမ္ဘာ သီချင်းပြိုင်ပွဲ၏ ၂၀၀၈ ရာသီ၌ အနိုင်ရခဲ့သည်။။[]

Remove ads

အသက်မွေးဝမ်းကျောင်း

သူမသည် ၂၀၀၈ခုနှစ် သံစဉ်များနှင့်ကမ္ဘာ အဆိုပြိုင်ပွဲ၏ အနိုင်ရသူဖြစ်သည်။ သူမသည် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်၌ သွေးချင်းတို့ဌာနေ မြန်မာပြည်ထာဝရမြန်မာပြန်ဆုံမယ် တေးတို့ဖြင့် ဖျော်ဖြေခဲ့သည်။[]၎င်းသီချင်းများသည် ယခုတိုင်အောင်မြင်ဆဲ ဖြစ်သည်။[]

Thumb
တတိယ​မြောက် တစ်ကိုယ်​တော်အ​ခွေ MVထွက်ရှိခြင်း လက်မှတ်ထိုးပွဲတွင် လက်မှတ်​ရေးထိုး​နေစဉ်

တစ်ကိုယ်​တော်​ဖျော်​ဖြေပွဲများ

နီနီခင်​ဇော်၏ တစ်ကိုယ်​တော်​ဖျော်​ဖြေပွဲများကို ရတ် ဗော်လူးရှင်း ဖျော်ဖြေပွဲ (REDVolution Shows) အမည်များဖြင့် ကျင်းပ​​လေ့ရှိသည်။ သူ၏ ပထမဆုံးတစ်ကိုယ်​တော်​ဖျော်​ဖြေပွဲကို ၂၀၁၇ခုနှစ်ဧပြီ၁ရက်​နေ့တွင် ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်တွင်ကျင်းပခဲ့သည်။ ဒုတိယ​မြောက်ပွဲကို ၂၀၁၈ခုနှစ် ဧပြီ ၇ရက်နှင့်၈ရက်တို့တွင် ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံတွင် Retro Themeဖြင့်ကျင်းပခဲ့သည်။[]တတိယ​မြောက် ​ဖျော်​ဖြေပွဲကို ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် Party Themeဖြင့် မန္တ​လေးမြို့တွင် ကျင်းပမည်ဖြစ်သည်။[]

အ​သေးစားတစ်ကိုယ်​တော်​ဖျော်​ဖြေပွဲအဖြစ် fg live loungeမှ ကျင်းပ​သော မိုးရာသီ​ဖျော်​ဖြေပွဲများတွင်လည်း ​ဖျော်​ဖြေခဲ့သည်။၂၀၁၉ခုနှစ် ဇူလိုင်လ၂၀ရက်​နေ့တွင် ရန်ကုန်မြို့ ​ရေကူးအသံလွှင့်ရုံ၌ တတိယ​မြောက် တစ်ကိုယ်​တော်အ​ခွေ၏ Music Video စတင်ဖြန့်ချိခြင်းနှင့်အတူ ​ဖျော်​ဖြေခဲ့ခြင်းဖြစ်သည်။[]

Thumb
အ​သေးစားတစ်ကိုယ်​တော်​ဖျော်​ဖြေပွဲတွင် ​ဖျော်​ဖြေ​နေ​သော နီနီခင်​ဇော်
Remove ads

ရရှိခဲ့သောဆုများ

  • သံစဉ်များနှင့်ကမ္ဘာ (၂၀၀၈)
  • မြန်မာနိုင်ငံဂီတဆု ၂၀၁၄ ခုနှစ် အကောင်းဆုံး ပေါ့ပ်သီချင်း: မျှော်လင့်ချက် တစ်စုံတစ်ရာ [ကိုးကားချက်လိုသည်]
  • စီးတီးအက်ဖ်အမ်၏ လူကြိုက်အများဆုံး အမျိုးသမီးအဆိုတော်ဆု (၂၀၁၄)[]

အယ်လ်ဘမ်များ

  • မာရီယို (၂၀၁၂)
  • အနီရောင် (၂၀၁၅)
  • ယူ (၂၀၁၇)
  • ပါတီခင်​ဇော် (၂၀၁၉)

မီနီ အယ်လ်ဘမ်များ

  • Summer (၂၀၁၉)

ပုဂ္ဂိုလ်ရေးဘဝ

သူမသည် စူပါ ရက် (အနီရောင်) အမည်ဖြင့် အလှကုန်များ ထုတ်လုပ်နေသည်။[၁၀]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads