နီပေါနိုင်ငံ
တောင်အာရှနိုင်ငံ From Wikipedia, the free encyclopedia
နီပေါနိုင်ငံ၏ တရားဝင်အမည်မှာ နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ (Nepali: सङ्घीय लोकतान्त्रिक गणतन्त्र नेपाल),ဖြစ်ပြီး တောင်အာရှရှိ ကုန်းတွင်းပိုင်း နိုင်ငံတစ်ခုဖြစ်သည်။ နီပေါနိုင်ငံသည် ဟိမဝန္တာ တောင်တန်းဒေသတွင် တည်ရှိပြီး မြောက်ဘက်တွင် တရုတ်နိုင်ငံနှင့် နယ်မြေခြင်း ထိစပ်လျက်ရှိကာ တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်တွင်မူ အိန္ဒိယနိုင်ငံက ဝန်းရံထားသည်။ နီပေါနိုင်ငံသည် ၁၄၇,၁၈၁ စတုရန်း ကီလိုမီတာ (၅၆,၈၂၇ စတုရန်းမိုင်) ကျယ်ဝန်းပြီး ကမ္ဘာပေါ်တွင် ဧရိယာအားဖြင့် နံပါတ် ၉၃ ဖြစ်သည်။ လူဦးရေမှာ သန်း ၃၀ ခန့်ရှိသည်။[၁၃] နံပါတ် ၄၁ မြောက် လူဦးရေ အထူအထပ်ဆုံး နိုင်ငံဖြစ်သည်။ မြို့တော် ခတ္တမန္ဒုမြို့သည် နီပေါနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သည်။
နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ
| |
---|---|
အလံတော် | |
ဆောင်ပုဒ်: Janani Janmabhumishcha Swargadapi Gariyasi (သင်္သကရိုက်) "जननी जन्मभूमिश्च स्वर्गादपि गरीयसी" "မိခင်နှင့် အမိမြေသည် နိဗ္ဗာန်ထက် မြင့်မြတ်သည်။" | |
နိုင်ငံတော် သီချင်း: Sayaun Thunga Phulka "Made of Hundreds of Flowers" | |
![]() နီပေါနိုင်ငံမှ ထိန်းချုပ်ထားနိုင်သော ဒေသအား အစိမ်းရင့်ရောင်ဖြင့် ဖော်ပြထားပြီး ပိုင်ဆိုင်သည်ဟုဆိုသော်လည်း ထိန်းချုပ်နိုင်ခြင်းမရှိသော ဒေသအား အစိမ်းနုဖြင့် ဖော်ပြထားသည်။ | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ခတ္တမန္ဒုမြို့[၁] 28°10′N 84°15′E |
အသိအမှတ်ပြု နိုင်ငံတော် ဘာသာစကားများ | မိခင်ဘာသာစကားအားလုံး[၂][၃] ( en:Languages of Nepalနီပေါနိုင်ငံ၏ ဘာသာစကားများအား ကြည့်ရန်) |
လူမျိုးစု (2011) | |
ကိုးကွယ်မှု | |
လူမျိုး | Nepali, Nepalese |
အဖွဲ့ဝင် | |
အစိုးရ | ဖက်ဒရယ်ပါလီမန် သမ္မတနိုင်ငံစနစ် |
• သမ္မတ | Bidya Devi Bhandari[၄] |
• ဝန်ကြီးချုပ် | Sher Bahadur Deuba (NC)[၄] |
ဥပဒေပြုလွှတ်တော် | ဖက်ဒရယ်ပါလီမန် |
အမျိုးသားလွှတ်တော် | |
ကိုယ်စားလှယ်များလွှတ်တော် | |
တည်ထောင်ခြင်း | |
၁၇၆၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်[၅] | |
၁၈၁၆ ခုနှစ် မတ်လ ၄ ရက် | |
၁၉၂၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက် | |
၂၀၀၈ ခုနှစ် မေလ ၂၈ ရက် | |
• လက်ရှိဖွဲ့စည်းပုံ | ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၀ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၁၄၇,၅၁၆ km2 (၅၆,၉၅၆ sq mi) (အဆင့်: ၉၃) |
• ရေထု (%) | ၂.၈ |
လူဦးရေ | |
• ၂၀၁၆ ခန့်မှန်း | ၂၈,၉၈၂,၇၇၁[၈] (အဆင့် - ၄၉) |
• ၂၀၁၁ သန်းခေါင်စာရင်း | ၂၆,၄၉၄,၅၀၄[၉] |
• သိပ်သည်းမှု | ၁၈၀/km2 (၄၆၆.၂/sq mi) (အဆင့် - ၅၀) |
GDP (PPP) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၁၂၂.၆၂ ဘီလီယံ[၁၀] (အဆင့် - ၈၄) |
• Per capita | $၄,၁၉၉[၁၀] (အဆင့် - ၁၄၄) |
GDP (nominal) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၃၆.၀၈၄ ဘီလီယံ (အဆင့် - ၉၈) |
• Per capita | $၁,၂၃၆[၁၀] (အဆင့် - ၁၅၈) |
Gini (၂၀၁၀) | ၃၂.၈[၁၁] အလယ် · ၁၁၅ |
HDI (၂၀၁၉) | ၀.၆၀၂[၁၂] အလယ် · ၁၄၂ |
ငွေကြေး | နီပေါ ရူပီး (Rs, रू) (NPR) |
အချိန်ဇုန် | နီပေါ စံတော်ချိန် (UTC+05:45) |
DST not observed | |
ယာဉ်ကြောစနစ် | ဘယ် |
တယ်လီဖုန်းကုဒ် | +၉၇၇ |
Internet TLD | .np |
ပထဝီဝင်
ကမ္ဘာပေါ်ရှိအမြင့်ဆုံးသော တောင်ကြီး ၁၀ လုံးအနက် ၅ လုံးသည် နီပေါနိုင်ငံတွင် တည်ရှိသည်။ ထိုတောင်တို့တွင် ဧဝရတ်တောင်နှင့် ကန်ချင်ဂျွန်းဂါးတောင်တို့ ပါဝင်သည်။ ၁၈၅၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် နယူးဇီလန်နိုင်ငံသား (ယခုအခါ ဆာဘွဲ့ရရှိခဲ့သူ) ဒက်ဒမန်ဟစ်လာရီနှင့် နီပေါလူမျိုး တင်ဇင်နော်ကေးတို့သည် ဧဝရတ်တောင်ထွတ်ကို ရောက်အောင်တက်ခဲ့ကြသည်။ ၁၉၅၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့၌ကား အင်္ဂလိပ်လူမျိုး ဒေါက်တာဒချားအက်ဗန်သည် ကန်ချင်ဂျွန်းဂါးတောင်ထွတ်ကို ရောက်အောင်တက်ခဲ့သည်။
တောင်ပိုင်း၌ ကျယ်ပြန့်၍ မြေဩဇာကောင်းမွန်ထက်သန်သော လွင်ပြင်ကြီး ရှိသဖြင့် နီပေါနိုင်ငံသည် အဓိကအားဖြင့် လယ်ယာစိုက်ပျိုးသော နိုင်ငံဖြစ်သည်။ ဆန်စပါး၊ လက်ဖက်၊ ကြံ၊ ဆေးနှင့် ဝါများကို စိုက်ပျိုးကြ၏။ အနည်းငယ်မြောက်ဘက်ကျသော အရပ်ဒေသတို့၌မူ မုယောစပါး၊ ပြောင်း၊ ဂျုံစသော ကောက်ပဲသီးနှံတို့ကို စိုက်ပျိုးကြသည်။ နီပေါနိုင်ငံမြောက်ပိုင်းရှိ တောင်စောင်းများ၌ လှေခါးထစ်များသဖွယ်ပြုလုပ်ကာ တောင်ကျချောင်းများမှ ရေသွင်းစိုက်ပျိုးလုပ်ကိုင်ကြသည်။ မြက်ခင်းစားကျက်များရှားပါလှသော်လည်း သိုးကို အတော်အသင့် မွေးမြူကြသည်။ ထိုသိုးများမှ ရရှိသော သိုးမွေးသည် နာမည်ကျော်ကြားသည်။ နီပေါနိုင်ငံရှိ တောင်စောင်းများ၌ လှေခါးထစ်များသဖွယ်ပြုလုပ်ကာ တောင်ကျချောင်းများမှ ရေသွင်းစိုက်ပျိုးလုပ်ကိုင်ကြသည်။ မြက်ခင်းစားကျက်များ ရှားပါးလှသော်လည်း သိုးကို အတော်အသင့်မွေးမြူကြသည်။
ထိုသိုးများမှ ရရှိသော သိုးမွေးသည် နာမည်ကျော်ကြားသည်။ နီပေါနိုင်ငံရှိ တောင်စောင်းများ၌ ပေါက်ရောက်နေသော သစ်တောတို့သည် ယနေ့တိုင် လူတို့ ထုတ်လုပ်သုံးစွဲခြင်းမပြုရသေးသော သစ်တောများဖြစ်သည်။ ထို့ပြင် နီပေါနိုင်ငံသည် သံ၊ ကျောက်မီးသွေး၊ ကြေးနီ၊ ခဲ၊ သွပ်စသော ဓာတ်သတ္တုများ ပေါကြွယ်လှ၏။ သို့ရာတွင် ယင်းတို့ကို ထိရောက်စွာ တူးဖော်လုပ်ကိုင်နိုင်ခြင်းမရှိသေးချေ။ နီပေါနိုင်ငံတွင် ဂုန်လျှော်စက်အနည်းငယ်ရှိသည်ကလွဲ၍ စက်မှုလက်မှုလုပ်ငန်းများ မရှိသလောက်ပင် ဖြစ်သည်။ နီပေါနိုင်ငံ၏မြို့တော်သည် လူဦးရေ ၁၀၉,၀၀၀ ခန့်သည့် ခတ္တမန္ဒူမြို့ဖြစ်သည်။ အခြားမြို့ကြီးများမှာ ပါထန်မြို့နှင့် ဘတ်ဂါအွန်မြို့တို့ဖြစ်ကြသည်။ ခတ္တမန္ဒူမြို့တော်သို့ ခရီးသည်များသည် ခတ္တမန္ဒူတောင်ကားကို ဖြတ်၍ ဝင်ရောက်နိုင်သည်။ ဥမှေတီးရဟွတ်သို့သွားသော မီးရထားလမ်းဆုံ၊ ရက်ကဇောမြို့မှနေ၍ လမ်းမကြီးတစ်ခုကို ထိုတောင်ကြားတစ်လျှောက် ဖောက်လုပ်ထားသည်။ ၁၉၂၇ ခုနှစ်တွင် ရက်ကဇောမှ အမ္မလက် ဂန့်ဂျသို့ မီးရထားလမ်းဖောက်လုပ်သည်။ ၁၉၅၃ ခုနှစ်၌ ခတ္တမန္ဒူမြို့နှင့် အိန္ဒိယနိုင်ငံတို့ကို ဆက်သွယ်ရန် ၇၉ မိုင်ခန့်ရှည်လျားသော လမ်းမကြီးတစ်ခု ဆောက်လုပ်ပြီးစီးခဲ့လေသည်။
လူမှုရေး
နီပေါနိုင်ငံသည် စစ်သားကောင်းအဖြစ် အထူးနာမည်ကျော်ကြားသော ဂေါ်ရခါးလူမျိုးများ နေထိုင်ရာ တိုင်းပြည်ဖြစ်သည်။ ဂေါ်ရခါးလူမျိုးများမှာ လူများစုဖြစ်၍ ပူးရမ်း၊ မဂါး၊ မူးရမစ်၊ နီဝါး၊ လင်လူး၊ လက်ပချားစသည့်လူမျိုးများလည်း ရှိသေးသည်။ ဂေါ်ရခါးဆိုသောအမည်သည် ယင်းတို့မူလအစနေထိုင်ခဲ့ရာ ဂိုရက်ပူမြို့ကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ ထို့ပြင် လူများစုသည် ဟိန္ဒူဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။
အုပ်ချုပ်ရေး
နီပေါနိုင်ငံတွင် ယင်းသို့ လူမျိုးစုအသီးသီးရှိကာ၊ နယ်ပယ်အကွဲကွဲအပြားပြား ဖြစ်နေခဲ့ရာ ၁၇၈၉ ခုနှစ်၌ဂေါ်ရခါးတို့သည် နီပေါနိုင်ငံတွင် အာဏာရှိလူများစုဖြစ်လာသည်။ ၁၈၁၄ ခုနှစ်၌ ဂေါ်ရခါးတို့သည် ဗြိတိသျှတို့နှင့် စစ်ပွဲတစ်ပွဲကို တိုက်ခိုက်ခဲ့၍ ၁၈၅၄ ခုနှစ်၌ တိဗက်နိုင်ငံနှင့် ၂ နှစ်ကြာမျှ စစ်ပွဲဆင်နွှဲခဲ့ရလေသည်။ ထိုနောက်တွင် နီပေါနိုင်ငံသည် ဗြိတိသျှတို့နှင့် မဟာမိတ်အဖြစ် မြဲမြံစွာ ဆက်ဆံလာခဲ့လေသည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေးစနစ်လွှမ်းမိုးလာသောအခါ နီပေါနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်သည် သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။ နိုင်ငံအနှံ့အပြား၌ တရားမရုံးများနှင့် ရာဇဝတ်ရုံးများကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ၁၉၂၃ ခုနှစ်၌ ဗြိတိသျှတို့သည် နီပေါနိုင်ငံကို လုံးဝ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုလေသည်။ ၁၈၆၇ ခုနှစ်၌ သူကောင်းများက ဘုရင်အား အာဏာစွန့်လွှတ်စေ၍ "ရာနာ" ဆွေမျိုးစုခေါင်းဆောင်ကြီးအား အုပ်ချုပ်ရေးအာဏာများကို ပေးအပ်ကာ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့ကြသည့်အချိန်မှစ၍ နီပေါနိုင်ငံ၌ ဝန်ကြီးချုပ်ရာထူးသည် ရာနာဆွေမျိုးစုအတွက် ရိုက်ရာခံရာထူးဖြစ်လာခဲ့သည်။ ထို့ပြင် ဝန်ကြီးချုပ်သည် ဂေါ်ရခါးတပ်မတော်၏ သေနာပတိချုပ်လည်းဖြစ်၏။ ဘုရင်တို့ကား နိုင်ငံ၏ အထွတ်အထိပ်ဖြစ်သည်ဟူသော အထိမ်းအမှတ်သဖွယ်မျှသာရှိလာသည်။ ယင်းသို့ ရာနာဆွေမျိုးစုသည် နီပေါနိုင်ငံတွင် အုပ်စီးကာ အုပ်ချုပ်လာခဲ့ရာ၊ ၁၉၅၀ ပြည့်နှစ်၌ စတင်ခဲ့သော တော်လှန်ရေးကြီးအပြီးတွင် ရာနာဆွေမျိုးစုသည် ဝန်ကြီးချုပ်ရာထူးကို စွန့်လွတ်လိုက်ရလေသည်။ နီပေါဘုရင်သည်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အုပ်ချုပ်ရသော ဘုရင်တစ်ပါး ဖြစ်လာလေသည်။
စီးပွားရေး
နီပေါနိုင်ငံ၏ ထွက်ကုန်များမှာ ကောက်သီးကောက်နှံများ၊ ဂုံလျှော်၊ သစ်၊ ဆီစေ့၊ ထောပတ်၊ အာလူး၊ ဘယဆေးပင်များ၊ သားရေနှင့် ကျွဲနွားများဖြစ်၍ သွင်းကုန်များမှာ အထည်အလိပ်၊ စီးကရက်၊ ဆား၊ ဓာတ်ဆီ၊ ရေနံဆီ၊ သကြား၊ ဆေးဝါးများ၊ စက်ကိရိယာများ၊ ဖိနပ်များ၊ စက္ကူ၊ ဘိလပ်မြေ၊ သံနှင့် သံမဏိ၊ လက်ဖက်ခြောက်တို့ဖြစ်သည်။[၁၄]
ပညာရေး
၁၉၅၅ ခုတွင် နီပေါနိုင်ငံ၌ အင်္ဂလိပ်စာသင်ကျောင်း ၁၀၂၈ ကျောင်း၊ သက္ကတစာသင်ကျောင်း ၂၄၃ကျောင်း၊ အခြေခံစာသင်ကျောင်း ၄၉ ကျောင်း၊ ဘွဲ့ရကောလိပ်ကျောင်း ၇ ကျောင်း၊ ဥပစာကောလိပ်ကျောင်း ၇ ကျောင်းနှင့် အခြားကျောင်း ၇ ကျောင်းရှိလေသည်။ နိုင်ငံတွင်းရှိ လူဦးရေ၏ ၆ ရာခိုင်နှုန်းခန့်သာလျှင် စာရေးစာဖတ်တတ်လေသည်။[၁၅]
- နီပေါနိုင်ငံ
- Kathmandu
- Pashupatinath
- Patan
- Bhaktapur
- Himalaya
- Himalaya
- Mustang
- Mustang
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.