နီဗားဒါးပြည်နယ်
အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် From Wikipedia, the free encyclopedia
Remove ads
နီဗားဒါးပြည်နယ်သည် အမေရိကန် အနောက်ပိုင်းရှိ ပြည်နယ်တစ်ခုဖြစ်ပြီး အနောက်မြောက်တွင် အိုရီဂွန်ပြည်နယ်၊ အရှေ့မြောက်တွင် အိုင်ဒါဟိုပြည်နယ်၊ အနောက်ဘက်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ အရှေ့တောင်ဘက်တွင် အရီဇိုးနားပြည်နယ်နှင့် အရှေ့ဘက်တွင် ယူးတားပြည်နယ်တို့ဖြင့် နယ်နမိတ်ထိစပ်လျက်ရှိသည်။ မြို့တော်မှာ ကာဆန်းစီတီးဖြစ်ပြီး နီဗားဒါးပြည်နယ်ကို ငွေမြို့တော်ဟု တရားဝင်သိထားသည်။ အကြောင်းမှာ ယင်းပြည်နယ်မှ ငွေသတ္တုကို အများအပြားထုတ်လုပ်သောကြောင့်ဖြစ်သည်။ နီဗားဒါးပြည်နယ်သည် အများအားဖြင့် ကန္တာရများဖြင့် လွှမ်းခြုံထားပြီး ကုန်းမြေ၏ ၈၆ ရာခိုင်နှုန်းကို အမေရိကန်အစိုးရ၊ စစ်ဘက်ဆိုင်ရာနှင့် သာမန်ပြည်သူများက အသုံးပြုကြသည်။[၁] ၁၉၄၀ ခုနှစ်တွင် လူဦးရေ ၁၁၀,၀၀၀ ရှိခဲ့ပြီး ၂၀ ရာစုတွင် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်သည့်နေရာဖြစ်လာခဲ့သည်။ နီဗားဒါးပြည်နယ်သည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် ရွှေအများဆုံးထုတ်လုပ်သည့်ပြည်နယ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။[၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads