နေတိုး (ရုပ်ရှင်သရုပ်ဆောင်)

မြန်မာရုပ်ရှင်သရုပ်​ဆောင် From Wikipedia, the free encyclopedia

Remove ads

နေတိုး ခေါ် နေလင်းအောင် သည် (မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရ)မြန်မာ ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်သည်။ နေတိုးကို ၉ ရက်နေ့ စက်တင်ဘာ ၁၉၈၁ ခုနှစ် တွင် ဦးအောင်သန်း နှင့် ဒေါ်သန်းမြိုင်တို့မှ ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် မွေးဖွားခဲ့သည်။ နာမည်ရင်းမှာ နေလင်းအောင် ဖြစ်သည်။ မွေးချင်းသုံးယောက်ရှိသည်။ ၎င်းတို့မှာ အစ်ကို ဇော်လင်းအောင်၊ ညီ သရုပ်ဆောင် မင်းသွေး (နေမင်းအောင်)၊ ညီမ စုမွန်အောင် တို့ဖြစ်သည်။ ရခိုင်လူမျိုး ဖြစ်သည်။

အချက်တိုများ နေတိုး, မွေးဖွား ...
Remove ads

အစောပိုင်းဘဝ

နေတိုးကို ၁၉၈၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် အဖ ဦးအောင်သန်း အမိ ဒေါ်သန်းမြိုင်တို့က ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တောထူရွာ တွင် မွေးဖွားခဲ့သည်။ နာမည်ရင်းမှာ နေလင်းအောင်ဖြစ်သည်။ မွေးချင်း​လေးယောက်အနက် ဒုတိယ ဖြစ်သည်။ ရခိုင်လူမျိုး ဖြစ်သည်။

အနုပညာအသက်မွေးဝမ်းကြောင်း

၁၉၉၉ ခုနှစ်တွင် ရန်ကုန်သို့ရောက်ရှိခဲ့ပြီး YIIK မော်ဒယ်အေဂျင်စီ ကိုတက်ရောက်ခဲ့သည်။ မော်ဒယ်ပြိုင်ပွဲအချို့တွင် ဆုအချို့ ရရှိခဲ့သည်။ မော်ဒယ်အဖြစ် အလုပ်လုပ်စဉ် သူ၏ အနုပညာနာမည်မှာ ဇင်မင်း ဖြစ်သည်။ ငယ်စဉ်ဘဝက သူ၏ ရည်မှန်းချက်မှာ အဆိုတော်နှင့် တေးရေးဖြစ်ရန် ဖြစ်သည်။ ၂၀၀၀ ခုနှစ်က သူ၏ သီချင်းခွေတစ်ခုကို ထုတ်လုပ်ဖြန့်ချိခဲ့သော်လည်း လူသိမများခဲ့ပေ။ ထိုကာလတွင် ပထမဆုံးရုပ်ရှင် ရိုက်ကူးခဲသည်။ ထိုအချိန်မှစ၍ ရုပ်ရှင်လောကသို့ ဝင်ရောက်လာခဲ့သည်။

နေတိုးသည် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၏ နှင်းဆီအငြိမ့်အဖွဲ့ဝင် လူရွှင်တော် တစ်ဦးလည်း ဖြစ်သည်။ နှင်းဆီသခင်၊ နှင်းဆီရင်ခွင်၊ နှစ်သစ်နှင်းဆီ၊ ထာဝရနှင်းဆီ၊ ညီညွတ်ခြင်းနှင်းဆီ၊ ရတနာပုံနှင်းဆီ၊ နှင်းဆီပဝါခြုံတဲ့လက်၊ နှင်းဆီလှေ အစရှိသဖြင့် ဖျော်ဖြေခဲ့သူလည်း ဖြစ်သည်။

Thumb
ထာဝရ နှင်းဆီ

နေတိုးသည် ၂၀၀၉၊ ၂၀၁၅၊ ၂၀၁၇၊ ၂၀၂၄ ခုနှစ်များတွင် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ် တွင် Star Awards (ရုပ်ရှင်နှင့် ရုပ်သံထူးချွန်ဆု) ရရှိခဲသည်။ Myanmar Pride Award 2019 Best In Film ရရှိခဲသည်။

Remove ads

ရေးသားခဲ့သော စာအုပ်

နေတိုးသည် ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလတွင် စေ့ထားသော တံခါးများ အမည်ရှိ စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ထိုစာအုပ်သည် နေတိုး၏ ဓာတ်ပုံအသားပေး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ နေတိုး၏ ဘဝဖြစ်စဉ်၊ အနုပညာနယ်သို့ ဝင်ရောက်လာမှု၊ အမှတ်တရ အဖြစ်အပျက်၊ မှတ်စုတိုများ၊ ကဗျာများကို သူ၏ ငယ်ဘဝက ရိုက်ကူးခဲ့သည့် ဓာတ်ပုံများ၊ မိသားစု ဓာတ်ပုံများ၊ အလှဓာတ်ပုံများ၊ ရိုက်ကွင်းမှ ဓာတ်ပုံများ၊ နိုင်ငံရပ်ခြားခရီးထွက်ခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဓာတ်ပုံများနှင့်အတူတူ ဝေဝေဆာဆာ ထည့်သွင်းဖော်ပြပေးထားသည်။

အနုပညာပျိုးခင်း

တစ်ခြောက်လုံးဆုံသည့်နေ့ဖြစ်သော နိုဝင်ဘာလ ၁၁ရက်နေ့၊ ၂၀၁၁ခုနှစ်တွင် အကယ်ဒမီနေတိုး အပါအဝင် မြန်မာ့ရုပ်ရှင်လောက၏ ထိပ်တန်း ခြောက်ယောက်( အကယ်ဒမီ လူမင်း၊ အကယ်ဒမီပြေတီဦး၊ နေတိုး၊ အကယ်ဒမီ ခန့်စည်သူ၊ မြင့်မြတ်၊ ဒါရိုက်တာ ဝိုင်း) သည် မြန်မာ့ အနုပညာ အကျိုးကို မျှော်မှန်း၍ အနုပညာပျိုးခင်း ကို စတင်တည်ထောင်ခဲ့ပြီး မင်းသမီး အသစ် ၃ဦးကို ပရိသတ်နှင့် မိတ်ဆက်ခဲ့သည်။

ရိုက်ကူးခဲ့သော ဇာတ်ကားများ


(၂၀၀၅)

  • မင်္ဂလာပါ


(၂၀၀၆)

  • ပန်းပျိုးသူတို့အလင်္ကာ
  • ရောင်ပြန်ဓား


(၂၀၀၇)

  • မိုးပေါ်ခုန်တက်ကလိုက်ချင်ပါတယ်
  • ဒီကောင်ဘယ်သူတုန်း
  • ဝင်္ကပါအချစ်နဲ့သူ၏အချစ်ကိုကိုချစ်


(၂၀၀၈)

  • အကယ်ဒမီရှော့
  • နှလုံးသားစီရင်ခန်း
  • မြင့်မိုရ်ထက်ကသရဖူ


(၂၀၀၉)

  • ယောက္ခမနဲ့တစ်ထောင့်တစ်ည
  • ချစ်လို့စတာ
  • ကြိုးကြာတောင်ပံခတ်သံ
  • မိုးညအိပ်မက်မြူ
  • ဇော်ကကနေသည်
  • မာမီရှိန်း


(၂၀၁၀)

  • နယူးမော်ဒယ်
  • ဘာမီတွန်
  • ဂွတ်ရှယ်သမက်
  • လာထားအာဘွား


(၂၀၁၁)

  • ဖလန်းဖလန်းဖြစ်တဲ့အချစ်
  • အထာပေးတဲ့ဆရာကြီး
  • လာထားအာဘွား (၂)
  • ချိန်း
  • ဇွတ်ပဲ


(၂၀၁၂)

  • နှလုံးသားအဘိဓာန်
  • နိုင်ငံကျော်ရုပ်ရှင်မင်းသမီးယောက်ျား


(၂၀၁၃)

  • အဖြူရောင်ရဲတိုက်
  • အထာအသစ်နဲ့နှစ်ခါချစ်မယ်
  • အလန်းလွန် အလွန်လန်း
  • စုန်းပြူး
  • ၁၂ နာရီ သတို့သား
  • စေတန်ရဲ့ကချေသည်


(၂၀၁၄)

  • မာယာပရောဂျက်
  • အဆုံးမဲ့ အချစ်
  • ပန်းပြုစားတဲည
  • မုန်းလို့ရရင် မုန်းချင်တယ်
  • တိမ်ငွေဖြူ
  • မယားပါ ဆွေမျိုးများ
  • မိန်းမသုံးယောက်ယူမယ့်သူ


(၂၀၁၅)

  • ကိုတင့်တို့စူပါရပ်ကွက်
  • နက္ခတ်မှားတဲ့ တိုက်ပွဲ
  • အောင်ဘာလေ
  • ကျူးပစ်ရဲ့​ကျေးကျွန်များ
  • ကျွန်မကနှင်းဆီပါမောင်
  • ရှယ်လီ ကေသာ
  • အောင်မြင် ကျော်ကြား စူးရှ ထက်မြက်
  • ပန်းပိတောက် တစ္ဆေ
  • ရင်တွင်းစူးနှစ်


(၂၀၁၆)

  • အချစ်စစ်
  • အနူးဘစ်
  • ဘန်ကောက် မှ မန္တလေး သို့
  • တိတ်တိတ်ဆိတ်ဆိတ် သံယောဇဉ်
  • အုတ်ကြားမြက်ပေါက်


(၂၀၁၇)

  • ထာဝရအမေ
  • တာတေကြီး
  • ကျွန်
  • အောင်စေ ပိုင်စေ
  • ရွှေဒင်္ဂါးကို ထွေခင်းကစားမယ်
  • မွှေချက်ကတော့လွန်လွန်းတယ်
  • ပက်ပက်စက်စက်ညှို့
  • ကြောက်ကြောက်ကြောက်


(၂၀၁၈)


(၂၀၁၉)

  • တာတူး
  • မဟူရာ ရုပ်ရုင်ရုံ
  • ပြုံးရွှင်ရေ ပျော်ရဲ့လား
  • သေတ္တာအမှတ် ၈၈
  • နိုင်ငံကြီးသား
  • ပြဿနာ
  • နှစ်ပါးသွား Update
  • စပွန်ဆာ
  • အထက်တန်းစား
  • ရူးအောင် ချစ်မဲ့သူ
  • အခမ်းနားဆုံး မေတ္တာ
  • ဗိုလ်နေတိုး
  • ချည်
  • ကြောက်​ကြောက်​ကြောက် (၂)


(၂၀၂၀)

  • မြက်နု
  • ရွာဇော်ကြီး


(၂၀၂၃)

  • Never Give Up
  • သဲသဲလှုပ်
  • အချိန်လွန်မိုး


(၂၀၂၄)

  • မောင်တို့ယောက်ျားတွေရယ်
  • လာခေါ်သူ
  • နှောင်
  • အိပ်မက်ကာရန်


(၂၀၂၅)

  • သရဲကား
  • ဂန္ထဝင်ငတိုး
  • အချစ်ညီမျှခြင်း (ဇာတ်လမ်းတွဲ)
  • အောင်စည်အောင်မောင်း
  • ရေစက်တို့သည်လည်း... တစ်ခါတစ်ရံမဆုံဆည်းသာ... (ဇာတ်လမ်းတွဲ)
  • ညမင်္ဂလာ
Remove ads

ရရှိခဲ့သော ဆုများနှင့် ဆန်ကာတင်စာရင်းဝင်မှုများ

နောက်ထပ် အချက်အလက်များ စဉ်, ဆုအမည် ...
Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads