ဂန္ထဝင် မက္ကင်းနစ်
From Wikipedia, the free encyclopedia
Remove ads
ဂန္ထဝင် မက္ကင်းနစ် (အင်္ဂလိပ်: Classical Mechanics) သည် ရူပဗေဒနယ်ပယ်၌ မက္ကင်းနစ် ပညာရပ်၏ အခွဲတစ်ခုဖြစ်သည်။ ယင်းနှင့်အပြိုင်မှာ ကွမ်တမ် မက္ကင်းနစ် ဖြစ်သည်။ ဂန္ထဝင် မက္ကင်းနစ်သည် အားသက်ရောက်မှုအောက်၌ ရွေ့လျားကုန်သော အရာဝတ္ထုတို့၏ ရုပ်ပိုင်းဆိုင်ရာနိယာမများနှင့် သက်ဆိုင်သည်။ အရာဝတ္ထုတို့၏ ရွေ့လျားမှုကို လေ့လာခြင်းသည် ရှေးအကျဆုံး သိပ္ပံဘာသာရပ်၊ အင်ဂျင်နီယာ နည်းပညာနှင့် နည်းပညာတို့ပင် ဖြစ်ပေသည်။ ယင်းအား နယူတန်နီယံ မက္ကင်းနစ် ဟုလည်း သိကြသည်။[၁][၂][၃]

ဂန္ထဝင် မက္ကင်းနစ် သည် အသေးငယ်ဆုံး မိုက်ခရိုဆကော့ပစ် အရာဝတ္ထုတို့၏ ရွေ့လျားမှုမှသည် နက္ခတ္တဗေဒဆိုင်ရာ အရာဝတ္ထုများဖြစ်သော အာကာသယာဉ်၊ ကြယ်၊ ဂြိုဟ်၊ ဂယ်လက်ဆီတို့၏ ရွေ့လျားမှုများကို လေ့လာသည်အထိပါဝင်သည်။ ဂန္ထဝင် မက္ကင်းနစ်သည် အလင်းအလျင်သို့ မရောက်ရှိသော အမြန်နှုန်းများကို တိုင်းတာရာ၌ အင်မတန် တိကျခဲ့သည်။ သို့သော် အရာဝတ္ထုသည် အင်မတန် သေးငယ်လာပြီး အမှုန်၊ လှိုင်းသဘောဆောင်လာသည့်အခါ မက္ကင်းနစ် ပညာရပ်၏ အခြားအခွဲတစ်ခုဖြစ်သော ကွမ်တမ် မက္ကင်းနစ်၏ အခန်းကဏ္ဍသည် ပါဝင်လာခဲ့လေသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads