အလင်းအလျင်

လေဟာနယ်တွင် ထုထည်မဲ့အမှုန်များနှင့် ဆက်နွယ်သောစက်ကွင်းတို့၏ အမြန်နှုန်း From Wikipedia, the free encyclopedia

အလင်းအလျင်
Remove ads

အလင်း၏အမြန်နှုန်း ဆိုသည်မှာ ရူပဗေဒတွင်လောကလုံးဆိုင်ရာ (universal) ပုံသေကိန်းပမာဏ ဖြစ်သည်။ ယင်း၏ တန်ဖိုးအတိအကျမှာ တစ်စက္ကန့်လျင် ၂၉၉, ၇၉၂, ၄၅၈ မီတာနှုန်းဖြစ်သည်။ မိုင်အားဖြင့်ဆိုသော် ၁၈၆, ၂၈၂ မိုင်ခန့်ရှိသည်။ သင်္ကေတ c ဖြင့် ဖော်ပြသည်။ အထူးနှိုင်းရသီအိုရီအရ c သည် စကြဝဠာထဲမှ အရာခပ်သိမ်း သတင်းအချက်အလက်မှန်သမျှ အမြင့်ဆုံးအမြန်နှုန်းဖြင့် ခရီးသွားနိုင်သော အမြန်နှုန်းဖြစ်သည်။ c သည် ရင်းမြစ်၏ရွေ့လျားမှုအား မူတည်ခြင်းမရှိဘဲ ပကတိကိန်းသေနှုန်းဖြင့်သာ ရွေ့လျားသည်။ ဥပမာဆိုရသော် နေမှ ကမ္ဘာမြေသို့ ခရီးသွားနေသည့် အလင်းတစ်ခုသည် c တန်ဖိုးဖြင့် (တစ်စက္ကန့်လျင် မိုင်ပေါင်း ၁၈၆ဝဝဝ) ခရီးသွားသည်ဟုဆိုပါစို့။ ကမ္ဘာနှင့်နေကြားမှ အာကာသယာဉ်တစ်စင်းသည် နေဆီသို့ အင်မတန်မြန်သော အမြန်နှုန်းဖြင့် မောင်းနှင်သွားသည်ဟု ထပ်မံတွေးအုံးအံ့။ ကမ္ဘာမြေမှနေ၍ အလင်းအလျင်အား တိုင်းတာလျင် c တန်ဖိုးကို ရမည်ဖြစ်ပြီး အာကာသယာဉ်ပေါ်မှ အလင်းအလျင်အား တိုင်းတာလျင်လည်း ယင်း c တန်ဖိုးကိုသာ မပြောင်းလဲဘဲ တွေ့ရှိရမည်ဖြစ်သည်။ ထို့ကြောင့် အလင်းသည် တူရုပြုရာနေရာနှင့်မသက်ဆိုင်ဘဲ ပကတိအလျင်နှုန်းဖြင့်သာ မူသေရွေ့လျားသည်။ သို့သော်လည်း အလင်းဖြတ်သန်းသွားသည့် ကြားခံနယ်မှာ လေဟာနယ်ဟု သတ်မှတ်သည်။ ဆိုရသော် အလင်းသည် ဖန်၊ လေထု အစရှိသော ကြားခံနယ်များအား ဖြတ်သန်းပါက မူလ c တန်ဖိုးထက် အနည်းငယ်လျော့နည်းသည်။ ၁၉၇၅ ခုနှစ်တွင် အလင်းအလျင်သည် ၁ စက္ကန့်လျင် ၂၉၉ ၇၉၂ ၄၅၈ မီတာဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် နိုင်ငံတကာ ယူနစ်အဖွဲ့အစည်းမှ အလင်းအလျင်အား လေဟာနယ်တွင်ဆိုပါက ၁ စက္ကန့်၏ ၂၉၉ ၇၉၂ ၄၅၈ ပုံ ၁ ပုံ (၁/၂၉၉ ၇၉၂ ၄၅၈) ရှိသည်ဟု သတ်မှတ်ပေးခဲ့သည်။[]

အချက်တိုများ တန်ဖိုးအတိအကျ, တစ်စက္ကန့်လျင် မီတာနှုန်း ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads