ပက်ရှ်တွန်းဘာသာစကား
From Wikipedia, the free encyclopedia
Remove ads
ပက်ရှ်တွန်းဘာသာစကား (ပက်ရှ်တွန်း: پښتو) သည် အရှေ့အီရန်သားတို့ ဘာသာစကားဖြစ်ပြီး အင်ဒို-ဥရောပ ဘာသာစကားမိသားစုတွင် ပါဝင်သည်။ ပါးရှန်းစာပေတို့တွင် အာဖဂန်စကား ( افغانی ) အဖြစ် သိကြသည်။ [၁]
ပါရှတန်လူမျိုးတို့ အဓိကပြောဆိုသော ဘာသာစကားဖြစ်ပြီး အာဖဂန်နစ္စတန်၏ ရုံးသုံးဘာသာစကား ၂ ခုအနက် တခုဖြစ်သည်။ ပါကစ္စတန်၌လည်း ဒုတိယလူသုံးအများဆုံး ဒေသိယဘာသာစကားဖြစ်ပြီး အနောက်မြောက်ပိုင်းရှိ ခီဘာ ပါတွန်ခွါပြည်နယ်နှင့် ဘာလိုချီစတန်ပြည်နယ်၏ မြောက်ပိုင်းဒိစတြိတ်များတွင် အထူးသဖြင့် သုံးသည်။ ပါရှတိုစကားပြောသူ ကမ္ဘာပေါ်တွင် အနည်းဆုံး သန်း ၄၀ ရှိနိုင်သည်။ အမြင့်ဆုံးအနေဖြင့် သန်း ၆၀ ရှိမည်ဟု ခန့်မှန်းသည်။ ပါရှတန်လူမျိုးတို့၏ သီးခြားမျိုးနွယ်စုဖြစ်မှုကို ထင်ရှားစေသော အဓိကမှတ်ကျောက်တည်း။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads