ပင်လယ်ကသစ်ပင်

From Wikipedia, the free encyclopedia

ပင်လယ်ကသစ်ပင်
Remove ads

ပင်လတ်မျိုး ဖြစ်ပြီး အကြီးမြန်သော အပင်မျိုး ဖြစ်သည်။ ၁၅ ပေ မှ ၄၀ ပေ အထိမြင့်သည်။ အသီးတောင့်မှာ ၁ ပေခန့် ရှိသည်။ အစေ့နီသည်။ အစေ့ ၆ စေ့မှ ၈စေ့ အထိ ရှိသည်။ သုံးရွက်ဆိုင် ထွက်၏။ ခြံဥယျာဉ် စည်းရိုးတို့၌ စိုက်ပျိုးကြသည်။ အလိုအလျောက်လည်း ပေါက်တတ်သည်။ တခါတရံတွင် ငရုတ်ကောင်း နွယ်များ တင်ရန် စိုက်ပျိုးလေ့ ရှိကြသည်။ အသီးမှ လည်းကောင်း အကိုင်းမှ လည်းကောင်း စိုက်ပျိုး ဖြစ်ထွန်းနိုင်သည်။ ပင်လုံးပင်တံ ချော၏။ ပင်လုံး၏အရောင်မှာ စိမ်းစို၏။ နွေရာသီ၌ အရွက်များ ကြွေကျပြီးသည်နှင့် တပြိုင်နက် ကြက်သွေးရောင် အပွင့်များသည် အကိုင်းထိပ်ဖျားများ၌ ပင်လုံးကျွတ်ပွင့်သည်။ အပွင့်မှာ အဆုပ်လိုက် ပွင့်၍ အနီရောင်မျိုး များသည်။ အဖြူ အဝါတို့လည်း ထွန်း၍ ရှိတတ်သည်။ အချို့အပင်တို့၏ အရွက်သည် ပကတိ အစိမ်းရောင်မျိုး မဟုတ်ဘဲ ပန်းပလောပီနံပင်ကဲ့သို့ ကျားတားတား ရှိတတ်သည်။ အစိမ်းရောင် နှင့် အဝါရောင် ရောတတ်ပြီး ၎င်းကို မြန်မာတို့က ကသစ်ကျားဟု ခေါ်တတ်သည်။[]

အချက်တိုများ Erythrina variegata, ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads