ပင်းတယဂူ

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ ဂူ From Wikipedia, the free encyclopedia

ပင်းတယဂူ
Remove ads

ပင်းတယရွှေဥမင် (ပင်းတယရွှေဥမင်သဘာဝလိုဏ်ဂူဘုရား)သည် ရှမ်းပြည်နယ်ပင်းတယမြို့တွင် တည်ရှိသည်။ ပင်းတယ(စွယ်တော်ပန်းအဖြူပင်ပေါသည့် မြေပြန့်လွင်ပြင်ကျယ်ကျယ်ရှိရာ အရပ်) ဂူသုံးလုံးရှိကာ အရှေ့ဘက်အပေါက်မှ ဝင်ရောက်ရသောဂူများ ဖြစ်သည်။ တောင်ဘက်အကျဆုံးဂူသည် ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၄၉၇၀ မြင့်သည်။ ပင်းတယမြို့ ၏ အမြင့်ပေမှာ ပေပေါင်း ၃၈၈၀ ဖြစ်သည်။ တောင်ဘက်ဆုံး ကျသောဂူကို အရှေ့ဘက်သံပြာသာဒ်မှ တဆင့် လှေကားထစ် ၁၀၁ ထစ်တက်ပြီး ဝင်လိုက်သောအခါ ဘုရားရှင်ကိုယ်စားတော်၊ ရုပ်ပွားတော်၊ ဆင်းတုတော်တွေများပြားစွာ တွေ့ရပါမည်ဖြစ်သည်။ ဉာဏ်တော်အမြင့် အတောင်ငါးဆယ် (ခုနှစ်ဆယ့်ငါးပေ)ရှိသော ရွှေဥမင်စေတီတော်ကို ဂူအဝင်ဝ၏ ဘယ်ဘက်ခြမ်းခပ်ကျကျတွင် ဖူးမြော်နိုင်သည်။ ယုံကြည်မှုသမိုင်းအရတော့ ထိုစေတီကို အသောကမင်းက တည်ထားခဲ့ပြီး အလောင်းစည်သူမင်းက ပြုပြင်ခဲ့သည်ဟုဆိုသည်။ ဂူအဝင်မှ လိုဏ်ခေါင်းမြောက်ဘက်အဆုံးအထိ ပေ ၄၉၀ ရှည်သည်။

Thumb
ပင်းတယဂူတွင်းမှ ဘုရားများ

ပင်းတယဂူဟု ခေါ်တွင်ခြင်းမှာ ဒဏ္ဌာရီပုံပြင်အရ`ပင့်ကူရ´မှ ပြောင်းလဲခေါ်ဝေါ်ခြင်း ဖြစ်သည်။ ပင်းတယဂူ၏ တောင်ခြေတွင် ပုန်းတလုတ်ရေကန် ရှိသည်။ []

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads