ပင်းယမြို့

From Wikipedia, the free encyclopedia

Remove ads

ပင်းယမြို့သည် မြန်မာ့သမိုင်းဝင် မင်းနေပြည်တော် ဖြစ်ခဲ့သော မြို့ဟောင်းတစ်ခု ဖြစ်သည်။ ယနေ့ အင်းဝမှ တောင်ဖက် ကျောက်ဆည်နယ်အနီးတွင် တည်ရှိပြီး ခြုံနွယ်ယှက်နေသော အုတ်ပုံပျက်နှင့် ရွာငယ် ဇနပုဒ်များအဖြစ်နှင့်သာ တွေ့မြင်နိုင်တော့သည်။ ရှေးဘုရား စေတီပုထိုးတို့မှာလည်း အပြိုအပျက်များသာ ကျန်တော့သည်။

တည်နေရာ

ပင်းယမြို့ဟောင်းသည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၏ တောင်ဘက် တစ်မိုင်ခန့်အကွာ၊ မန္တလေး-မြင်းခြံ မီးရထားလမ်းနှင့် စကားအင်းရွာကြား၊ ပန်းလောင်မြစ် ၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ တံတားဦး-ကျောက်ဆည် ကားလမ်းသည် ပင်းယမြို့ဟောင်း၏ အလယ်မှ တောင်-မြောက် ဖြတ်၍ ဖောက်လုပ်ထားသည်။ ပင်းယမြို့သည် မြောက်လတ္တီတွဒ် ၉၅ဒီဂရီ ၅မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၂၁ ဒီဂရီ ၄၇မိနစ်တွင် တည်ရှိသည်။

ပင်းယမြို့ကို စတင်တည်ထောင်သူမှာ တစ်စီးရှင်သီဟသူ ဖြစ်ပြီး မြန်မာသက္ကရာဇ် ၆၇၄-ခုနှစ်၊ အေဒီ-၁၃၁၃ တွင် စတင်တည်ထောင်ခဲ့သည်။ ပုဂံပျက်သုဉ်းပြီးနောက် ပေါ်ပေါက်လာသော မြို့ ဖြစ်သည်။ ပင်းယကို မတည်မှီက အင်းဝနေရာတွင် မြို့တည်ရန် ၃ကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်သဖြင့် ပင်းယနေရာသို့ ပြောင်းရွှေ့ကာ မြို့တည်ခြင်းဖြစ်သည်။

Remove ads

အမည်နှင့်ဆင်းသက်လာပုံ

ရှမ်းမင်းအဆက်အနွယ်ဖြစ်သော သီဟသူသည် ပင်းယမြို့တည်ရန် နေရာရှင်းလင်းသတ်မှတ်စဉ်က မြေကြီးထဲမှ ရွှေပန်းခိုင်ရသည်ကို အကြောင်းပြု၍ ပန်းရဟု ခေါ်ခဲ့ရာမှ ပင်းယ ဟုပြောင်းလဲလာရခြင်းဖြစ်သည် ဟုဆိုကြသည်။ သို့သော် မြို့တည်စဉ်က သတ်မှတ်ခဲ့သော် အမည်မှာ ဝိဇယပူရ ဖြစ်သည်။

မြို့နန်းတည်ပြီးလျှင် နန်းဖွင့်အပ်သော အစီအရင်ကို မသိကုန်သောကြောင့် ပုဂံမှ မိဖုရား ဖွားစောကို ရွှေဖောင်တော်နှင့် ပင့်ရသည်။ ဖွားစောအစီအရင်ဖြင့် သီဟသူသည် နန်းဖွင့်မင်္ဂလာ၊ ထီးဆောင်းမင်္ဂလာ၊ ဘိသိက်မင်္ဂလာ၊ အခါတို့နှင့် တပြိုင်နက် သီရိတြိဘဝနာဓိတျာပဝရ သီဟသူရ ဓမ္မရာဇာ အမည်ကို ခံတော်မူ၍ ဘိသိက်မြှောက်၏။ ထို့နောက် ဖွားစောက သီဟသူကို `ဘုန်းတန်ခိုးကြီးပေစွ´ ဟု ချီးမွမ်းပြီးသော် အနော်ရထာလက်ထက်ကပင် ရှိသော ရွှေသောက်ရေတင်နှင့် ရွှေဓားကြိုးကို ပေးခဲ့သည်။ သီဟသူမင်းကြီးကလည်း ဖွားစောကို အခမ်းအနားအစုံ ပေးတော်မူသည်။ []

Remove ads

မြို့သက်

စတင်တည်ထောင်သူ တစ်စီးရှင်သီဟသူမှ နောက်ဆုံး (၆)ဆက်မြောက်မင်းဖြစ်သည့် ဥဇနာပြောင်မင်းအထိမြို့၏သက်တမ်းမှာ ၅၂ နှစ်သာကြာသဖြင့် တိုတောင်းလှသည်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာသက္ကရာဇ် (၇၂၆)ခုနှစ်တွင် ပင်းယနှင့် စစ်ကိုင်းနှစ်မြို့လုံးကို မြောက်ဖက်တစ်လွှားမှ မောဝ်ရှမ်းအကြီးအကဲ သိုချီဘွားက လာရောက်တိုက်ခိုက်သဖြင့် ပျက်စီးရခြင်းဖြစ်သည်။ ရှမ်းတို့ နရသူ အားဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဥဇနာပြောင် နန်းတက်သော်လည်း တစ်လကျော်အကြာတွင် စစ်ကိုင်းတွင် မင်းပြုနေသည့် သတိုးမင်းဖျားက လာရောက်တိုက်ခိုက်သည်။ ထိုနောက် အင်းဝမြို့ကို တည်ကာ မြို့တော်အဖြစ် သတ်မှတ်၍ ပြောင်းရွှေ့နန်းစံလေသည်။

ရည်ညွှန်းကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads