ပဉ္စဝဂ္ဂီငါးဦး
From Wikipedia, the free encyclopedia
Remove ads
ပဉ္စဝဂ္ဂီ၏ အဓိပ္ပာယ်မှာ ငါးယောက်အစုဟူ၍ ဖြစ်သည်။ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူစကပင် ဧကန်စင်စစ် ဘုရားဖြစ်မည်ဟု နိမိတ်လက္ခဏာ ဖတ်ကြားခဲ့သော ကောဏ္ဍညအနွယ် သုဒတ္တပုဏ္ဏားနှင့် အပေါင်းအပါလေးဦးတို့သည် ဘုရားလောင်းတောထွက်လျှင် ယင်းတို့လည်း တောထွက်ရဟန်းပြုခဲ့ကြသည်။ သိဒ္ဓတ္ထမင်းသား ဘုရားအဖြစ်သို့ရောက်၍ ဦးစွာဟောကြားတော်မူသော ဓမ္မစကြာသုတ္တန်(ဓမ္မစက္ကပ္ပဝတ္တနသုတ်)ကို နာကြားခဲ့ကြရပြီးလျှင် ဧဟိဘိက္ခုရဟန်း အဖြစ်သို့ ရောက်ကြသည်။ ထိုငါးယောက်အစုကို ပဉ္စဝဂ္ဂီ ဟူ၍လည်းကောင်း၊ ဝဂ္ဂီ ဟူ၍လည်းကောင်း ကျမ်းဂန်များ၌ ဖော်ပြ၏။ ပဉ္စမှာ (၅) ဖြစ်ပြီး ဝဂ္ဂီမှာ အစုဟု အဓိပ္ပာယ်ရသည်။
Remove ads
ပဉ္စဝဂ္ဂီငါးပါး
ပဉ္စဝဂ္ဂီငါးပါးဆိုသည်မှာ ဂေါတမ မြတ်စွာဘုရား လက်ထက်တော်တွင် ဘုရား၏ တရားတော်ကို ရှေးဦးဆုံး နာကြားရ၍ ဦးစွာ ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ရောက်တော်မူကြသော ရဟန်းတော်ငါးပါးဖြစ်သည်။ ထိုငါးပါးမှာ အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ ရှင်မဟာနာမ်၊ ရှင်အဿဇိတို့ ဖြစ်ကြသည်။ ယင်းငါးဦးတို့သည်ကား ဂေါတမမြတ်စွာဘုရားလောင်း သိဒ္ဓတ္ထမင်းသားကို မီးရှူးသန့်စင် ဖွားမြင်စဉ်အခါက၊ လက္ခဏာဖတ် ပုဏ္ဍားရှစ်ယောက်အနက် ဘုရားဧကန် ဖြစ်မည်ဟုဟောသော ကောဏ္ဍညအနွယ် သုဒတ္တပုဏ္ဏားငယ်နှင့် အခြားပုဏ္ဏားလေးဦး၏သား၊ သူ၏သူငယ်ချင်းလေးယောက်တို့ပင် ဖြစ်သည်။
Remove ads
ဒုက္ကရ စရိယ ကျင့်စဉ်ကာလ
ဘုရားလောင်းရဟန်းပြု၍ ဥရုဝေလတောသို့ လာကြကုန်သဖြင့် ဘုရားလောင်းနှင့် တွေ့လေသည်။ ဘုရားလောင်းလည်း ထိုပဉ္စတို့လျှင် အလုပ်အကြွေး ရှိသည်ဖြစ်၍၊ ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူသည်။ ခြောက်နှစ်မျှကြာသော်၊ ငြိုငြင်စွာသော ဤအကျင့်ဖြင့် ဘုရားမဖြစ်နိုင်သေးဟု သတိဖြစ်လျက်၊ မြို့ ရွာတို့သို့ ချဉ်းကပ်၍၊ ခံအပ်သော ဆွမ်းကို ဘုဉ်းပေး၏။ ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့က ရဟန်းဂေါတမသည် အလွန်ခြိုးခြံစွာ ကျင့်သည်ပင်လျှင် ဘုရားမဖြစ်နိုင်၊ ယခုဘယ်မှာ ဖြစ်တော့အံ့နည်းဟု ဘုရားလောင်းကိုစွန့်ခွာ၍၊ တစ်ဆယ့်ရှစ်ယူဇနာကွာသော ဣသိပတန မိဂဒါဝုန်တောသို့ သွားရောက်နေထိုင်ကြကုန်သည်။
Remove ads
တရားဦး ဟောတော်မူခြင်း
ဘုရားလောင်းသည် တကိုယ်တည်းကျင့်တော်မူရာ မဟာသက္ကရာဇ် ၁ဝ၃ ခု ကဆုန်လပြည့်နေ့တွင် သဗ္ဗေညုတဉာဏ်ကိုရ၍ ဘုရားအဖြစ်သို့ ရောက်ပြီးသော် သဟမ္ပတိ ဗြဟ္မာမင်း၏ တောင်းပန်ချက်အရ တရားဟောရန် ကျေးဇူးရှိခဲ့ဖူးသော ပဉ္စဝဂ္ဂီ ငါးဦး ရှိရာ မိဂဒါဝုန် တောသို့ ကြွလာ၏။ ဝါဆိုလပြည့် စနေနေ့ ညနေချမ်းတွင် မိဂဒါဝုန်တောသို့ ရောက်သည်။ ပဉ္စဝဂ္ဂီတို့သည် ဘုရားလောင်းအား အကျင့်ပျက်လေပြီဟု ထင်မှတ်သဖြင့်၊ ဘုရားကြွလာလျင် ဝတ်ကြီးဝတ်ငယ်တို့ကို မပြုစုဘဲနေကြရန် တိုင်ပင်ထားသော်လည်း၊ ဘုရားသခင်အနီးသို့ ရောက်သောအခါ ဝတ်ပြုမိကြလေသည်။ မြတ်စွာဘုရားသခင်က ဘုရားဖြစ်တော်မူကြောင်းကို မိန့်ကြား၍ တရားနာယူရန် တိုက်တွန်းသောအခါ၌မူ မယုံကြည်သဖြင့် ၃ ကြိမ်တိုင် ငြင်းပယ်၏။ ထိုအခါ ဘုရားသခင်သည် များစွာသောပရိယာယ် စကားဖြင့် ဘုရားဖြစ်ကြောင်း သိစေတော်မူလျက် ဓမ္မစက္ကပ္ပဝတ္တနသုတ် သုတ္တန်ခေါ် ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူသည်။
တရားတော်၏ အဆုံးတွင် အရှင်ကောဏ္ဍညသည် သောတပတ္တိဖိုလ်၌ တည်လေသည်။ ထို့နောက် မြတ်စွာဘုရားသည် ဓမ္မစကြာဒေသနာတော်ကိုပင် အကျယ်ဟောပြန်သဖြင့်၊ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့၌ အရှင်ဝပ္ပ၊ နှစ်ရက်နေ့၌ အရှင်ဘဒ္ဒိယ၊ သုံးရက်နေ့၌ အရှင်မဟာနာမ်၊လေးရက်နေ့၌ အရှင်အဿဇိတို့သည် အသီးအသီး သောတာပတ္တိဖိုလ်၌ တည်ကြလေသည်။
ဤသို့အားဖြင့် ပဉ္စဝဂ္ဂိငါးပါးလုံး ဧဟိဘိက္ခုရဟန်းအဖြစ်သို့ ရောက်တော်မူပြီးနောက်၊ ဝါဆိုလပြည့်ကျော် ငါးရက်နေ့၌ ရဟန်းငါးပါးလုံးကို စည်းဝေးစေပြီးလျှင် မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ်ကို ဟောကြားတော်မူရာ၊ ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာအဖြစ်သို့ ရောက်ကြလေသည်။[၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads