ဘဒ္ဒိယ
From Wikipedia, the free encyclopedia
Remove ads
[၁] သာသနာတော်တွင် ဘဒ္ဒိယ အမည်တွင်သူ ၅-ဦးတွေ့ရသည်။
ဘဒ္ဒိယ-၁
ယင်းတို့မှာ-ပဉ္စဝဂ္ဂီငါးဦးတွင် တစ်ဦးအပါအဝင် ဖြစ်သော ဘဒ္ဒိယ ထေရ်၊ ယင်း မထေရ်သည် ဓမ္မစကြာ တရားကို နာကြားပြီးနောက် ဝါဆိုလပြည့် ကျော် ၂-ရက်နေ့တွင် တရားထူးရသည်၊ မထေရ်၏ မိဖအမျိုးအနွယ်စသည်မှာ မထင်ရှား၊ ပဉ္စဝဂ္ဂီနှင့် ပတ်သက်၍လည်း အဆို အမျိုးမျိုး (ပဉ္စဝဂ္ဂီယပုဒ်ကြည့်။) ကွဲပြား လျက်ရှိသည်။ [၂]
ဘဒ္ဒိယ-၂
ဘဒ္ဒိယ သာကီဝင်မင်း။ ဤမင်းသည်ပင် ရဟန်းဝတ်သောအခါ၌ ဘဒ္ဒိယထေရ် ဟု အမည်တွင်သည်။
ဘဒ္ဒိယ-၃
ဤ မထေရ်သည် အနုရုဒ္ဓါ, အာနန္ဒာ, ဘဂု, ကိမိလ, ဒေဝဒတ္တ, ဥပါလိဆတ္တာသည်- ဤ ၆-ဦးတို့နှင့်အတူ ရဟန်းပြုလာသူ ဖြစ်သည်။ ရဟန်းဖြစ်ပြီး မကြာမြင့်မီပင် ဆဠာဘိည ရဟန္တာဖြစ်၍ ဓူတင် ၁၃-ပါးကို ဆောင်သည်၊ ဥစ္စာကုလိက ဧတဒဂ်ဂုဏ်ထူးရသည့်အပြင် အသီတိမဟာသာဝကတွင် တစ်ပါး အပါအဝင်လည်း ဖြစ်သည်။ အစောင့်အရှောက် အမျိုးမျိုးနှင့် နေထိုင်ရသော မင်းဘဝ၏ မချမ်သာပုံနှင့် အစောင့်အရှောက်ကင်းလျက်နေထိုင်ရသော ရဟန်းဘဝ၏ ချမ်းသာပုံကို နှိုင်းယှဉ်၍ “အဟောသုခံ၊ အဟောသုခံ = ဪ... ချမ်းသာပေစွ၊ ဪ...ချမ်းသာပေစွ” ဟု မပြတ်ဥဒါန်းကျူးသူ ဖြစ်သည်။ [၃]
မထေရ်သည် တောကျောင်း စသည်၌ နေထိုင်စဉ် ဖလသမာပတ်ချမ်းသာ နိရောဓသမာပတ် ချမ်းသာတို့ဖြင့်သာ နေလေ့ရှိသည်။ [၄]
မထေရ်၏ မယ်တော်မှာ ကာဠီဂေါဓာမင်းသမီး ဖြစ်သည်၊ ခမည်းတော်၏ အမည်မှာ မထင်ရှားပေ။ ဘဒ္ဒိယ မထေရ်သည် နှစ်ပေါင်း ၃၀-ပတ်လုံး ညောင်စောင်း၌ ကျောမခင်းကြောင်း (မအိပ်ကြောင်း) ဆိုထားရာ ဘဒ္ဒိယမထေရ်များ အနက် ဤဘဒ္ဒိယမထေရ်ပင် ဖြစ်ဖွယ်ရှိသည်။ [၅]
ဘဒ္ဒိယ-၄
ကွယ်လွန်ပြီးနောက် အဝိဟာဗြဟ္မာ့ဘုံ ရောက်၍ ထိုဘုံ၌ ဖြစ်လျှင်ဖြစ်ခြင်း ရဟန္တာ အဖြစ်သို့ ရောက်သော ဘဒ္ဒိယထေရ်၊ ဤ မထေရ်၏ ဇာတ်ကြောင်းမှာလည်း ပျောက်ကွယ်လျက်ရှိသည်။ [၆]
ဘဒ္ဒိယ-၅
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads