ပညတ်တော်ဆယ်ပါး
From Wikipedia, the free encyclopedia
Remove ads
ဓမ္မဟောင်းကျမ်းတွင် ရေးသားထားသော ပညတ်တော် (၁၀)ပါးကို ထွက်မြောက်ရာကျမ်း အခန်း ၂၀ တွင် ရှိသည်။

ထိုအခါ ဘုရားသခင် မိန့်တော်မူသော စကားများဟူမူကား၊ ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော
- ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။
- အထက်မိုးကောင်းကင်၌၊ အောက်အရပ် မြေကြီးပေါ်၌၊ မြေကြီးအောက်ရေထဲ၌ ရှိသော အရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည် ဟု ယုံလွယ်သောဘုရား၊ ငါ့ကို မုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား၊ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင်၊ ကရုဏာကို ပြသော ဘုရားဖြစ်၏။
- သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသားနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ။
- ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။
- သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည် အကြောင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့။
- လူအသက်ကို မသတ်နှင့်။
- သူ့မယားကို မပြစ်မှားနှင့်။
- သူ့ဥစ္စာကို မခိုးနှင့်။
- ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌ မမှန်သောသက်သေကို မခံနှင့်။
- ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ကျွန် ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာ တစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။
ထိုအရပ်မှာ မောရှေသည် အစာကို မစား၊ ရေကို မသောက်ဘဲ။ အရက်လေးဆယ်ပတ်လုံး ထာဝရ ဘုရားအထံတော်၌ နေလေ၏။ ကျောက်ပြားပေါ်မှာ ပဋိညာဉ်စကား၊ ပညတ်တော်ဆယ်ပါးကို ရေးထားတော် မူ၏။
Remove ads
ပြင်ပလင့်များ
ပညတ်တော်ဆယ်ပါး နှင့်ပတ်သက်သမျှကို ဝီကီပီးဒီးယား၏ ညီအစ်မပရောဂျက်များတွင် ရှာဖွေဖတ်ရှုရန် | |
| ဝစ်ရှင်နရီမှ အဓိပ္ပာယ်ဖွင့်ဆိုချက်များ | |
| Commons မှ မီဒီယာများ | |
| ဝီကီသတင်းမှ သတင်းများ | |
| ဝီကီကိုးကားချက်မှ အဆိုအမိန့်များ | |
| ဝီကီရင်းမြစ်မှ ရင်းမြစ်စာသားများ | |
| ဝီကီစာအုပ်မှ ပြဋ္ဌာန်းစာအုပ်များ | |
| ဝီကီတက္ကသိုလ်မှ လေ့လာနိုင်သော အကိုးအကားများ | |
- Ten Commandments: Ex. 20 version (text 29 May 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., mp3 7 March 2008 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .), Deut. 5 version (text 29 February 2008 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., mp3 7 March 2008 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .) in The Hebrew Bible in English 3 March 2008 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . by Jewish Publication Society, 1917 ed.
- ဘုရားသခင့် ပညတ်တော်ဆယ်ပါးဆိုတာ ဘာတွေလဲ
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
