ပဒိုစောကွယ်ထူးဝင်း

From Wikipedia, the free encyclopedia

Remove ads

ပဒိုစောကွယ်ထူးဝင်း သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဆယ်ဦးမြောက် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဧပြီလကုန်တွင် ပြုလုပ်သော ၁၇ ကြိမ်မြောက် ညီလာခံ၌ ဒုဥက္ကဋ္ဌဖြစ်သူ ပဒိုစောကွယ်ထူးဝင်းကို ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခဲ့ကြသည်။[]

အချက်တိုများ ပဒို စောကွယ်ထူးဝင်း, ဥက္ကဋ္ဌ ကရင်အမျိုးသားအစည်းအရုံး ...

ပဒိုစောကွယ်ထူးဝင်းသည် ၁၉၆၈ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး သို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၇၅ ခုနှစ်မှစ၍ KNU အဖွဲ့အတွင်း မြိတ်နှင့် ထားဝယ်ဘက်ရှိ တပ်မဟာ (၄) နယ်မြေတွင် မြို့နယ်အဆင့်၊ ခရိုင်အဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဗဟိုကော်မတီဝင်ဖြစ်လာခဲ့သည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ အထိ KNU ၏ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၆ ခုနှစ်မှ စတင်ကာ KNU ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကာ ၂၀၂၃ ခုနှစ်တွင် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads