ပနမ်းလူမျိုး

From Wikipedia, the free encyclopedia

Remove ads

ပနမ်းလူမျိုးတို့သည် အရှေ့ဘက်မှ ခမီအမျိုးသားတို့နှင့် အတူ ဆင်းသက်လာကြသော အုပ်စုတစ်စု ဖြစ်သည်ဟုဆိုသည်။ ထို့နောက် ခမီတို့နှင့် ခွဲ၍ အနောက်မြောက်စူးစူးသို့ ထွက်သွားကြရာ ကလင်ကော့ (လူရှေ)တို့နှင့် အိန္ဒိယနိုင်ငံထဲတွင် တွေ့၍ နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြသည်။

နောင်သောအခါ ကလင်ကော့(လူရှေ)တို့နှင့် မသင့်မတင့်ဖြစ်၍ ကုလားတန်မြစ်ဖျားခံရာအရပ်မှ တောင်ဘက်အရပ်သို့ ဆင်းလာခဲ့ကြသည်။ ယင်းကဲ့သို့ ရွှေ့ပြောင်းလာကြသည်မှာ လွန်ခဲ့သည့် အနှစ် ၂၀၀ ကျော်ခန့်က ဖြစ်သည်။

ပနမ်းယောက်ျားများသည် ကလင်ကော့တို့ကဲ့သို့ ဆံပင်ကို နောက်ထုံးထုံးကြသည်။ စကား ၁၀-လုံးတွင် ကလင်ကော့ စကားနှစ်လုံးလောက် ပါနေသည်။ တမာကူသောက်သော အလေ့အထသည် ယင်းတို့ထံမှ ရလာသော ယဉ်ကျေးမှုပင် ဖြစ်သည်။

ကုလားတန်မြစ်အတိုင်း တောင်ဘက်သို့ ဆင်းလာခဲ့ကြရာ ချင်းလက်ချောင်း အထက်နားရှိ ကွဲကုန်းဆန်းလမွေးတောင် အရောက်တွင် နှစ်ပေါင်းများစွာက ကွဲကွာသွားခဲ့ကြသော ခမီအမျိုးသားတို့နှင့် ပထမဆုံးပြန်လည်တွေ့ရသည်ဟု ဆိုသည်။ ခမီတို့နှင့် တွေ့၍ အတူနေထိုင်လာကြရာမှ ခမီစကားကို လူတိုင်းလောက် ပြောတတ်လာသည်။ ခမီတို့နှင့် အပြန်အလှန် လက်ဆက်မှုများလည်း ရှိသည်။

ပနမ်း၊ ခမီ၊ မြို၊ အနူး၊ ခေါင်စိုတို့၏ အရပ်အမောင်း အသွင်အပြင်မှာ မြန်မာတို့နှင့် တူ၏။ အရပ်ဒေသကို လိုက်၍ အသားအရောင်၊ အဖြူ၊ အညို ကွဲသွားသည်။ ဆံပင်မည်းသည်။ မျက်ဆန်နက်သည်။ ပနမ်းအမျိုးသားတို့သည် ခမီတို့ထက် အရပ်အနည်းငယ် မြင့်သည်ကို တွေ့ရသည်။

ပနမ်းအမျိုးသမီးများသည် ရင်တစ်ဖက်ကို မဖုံးကြပေ၊ အပျိုအအို ခွဲခြားသိနိုင်သော အချက်များမှာ လည်ဆွဲပုတီးများ ဖြစ်ကြသည်။ အပျိုနှင့် ကလေးမရသေးသည့်အိမ်ထောင်သည် အမျိုးသမီးများသည် လည်ဆွဲပုတီးရှည်ကြီးများကို ခါးအထိ အရှည်ချ၍ ဝတ်ဆင်ကြသည်။ ကလေးရသော အခါတွင် လည်ပင်းပတ် ပုတီးများကိုသာ ဝတ်ဆင်ကြတော့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads