ပန်းပု
From Wikipedia, the free encyclopedia
Remove ads
ပန်းဆယ်မျိုးထဲမှ တခု ဖြစ်သော ပန်းပု (သို့) ပန်းပုပညာ ဆိုသည်မှာ သစ်သား၊ ကျောက်သား၊ ပလတ်စတစ် စသည့် ပစ္စည်းသားများကို ထုထွင်းပုံဖော်၍ တိုင်းကြောင်း-၃ခုလုံးစာ ပုံပေါ်သော သုခုမအနုပညာပစ္စည်းများ ဖန်တီးသည့် အတတ် ဖြစ်သည်။ ပုံမှန်အားဖြင့် ကျောက်တုံး (ကျောက်သား သို့မဟုတ် စကျင်ကျောက်)၊ သတ္တုနှင့် သစ်သားတို့ကို အသုံးပြုကြသည်။ အချို့သော ပန်းပုရုပ်တို့ကို ကျောက်သားမှ တိုက်ရိုက်ဖဲ့ထုတ်ခြင်းမှ ရရှိပြီး အချို့ကိုမူ တစ်စစီတပ်ဆင်ပြီး အပူပေးခြင်း၊ ဂဟေဆော်ခြင်း၊ ပုံစံခွက်တွင် ထည့်သွင်းခြင်း သို့မဟုတ် မိုဖြင့် ပုံဖော်ခြင်းတို့မှ တဆင့် ပြုလုပ်ကြသည်။ ပန်းပု ကိုဖန်တီးသောသူကို ပန်းပုဆရာဟုခေါ်သည်။

မြန်မာ့လက်မှုပညာ ပန်းဆယ်မျိုးထဲတွင် ပန်းပုလုပ်ငန်းလည်းပါဝင်သည်။[၁] [၂]သစ်သား၊ တိရစ္ဆာန်အရိုး၊အစွယ်၊ ရွှံ့စေး၊ ဖယောင်း စသည်တို့ဖြင့် ရုပ်လုံးရုပ်ကြွပေါ်အောင် ထွင်းထုရသည့် ပညာရပ်အမျိုးအစားဖြစ်သည်။[၃]
ပန်းပုပညာတွင် အကြမ်းထည်ပစ္စည်းများကို ပုံသွင်းခြင်း ပုံစံပြောင်းလဲခြင်းပြု နိုင်သဖြင့် ပန်းပုပညာကို ပလတ်စတစ် အနုပညာဟုလည်း ခေါ်ကြသည်။ အများပြည်သူပိုင်သော နေရာတွင် များသောအားဖြင့် ရှိတတ်သည့် အနုပညာမှာ ပန်းပုပင်ဖြစ်သည်။ ပန်းပုရုပ်အများအပြားကို ပန်းခြံတွင်း၌ ခင်းကျင်းပြသထားခြင်းကို ပန်းပုဥယျာဉ်ဟု ခေါ်ကြသည်။
ပန်းပု ပညာရပ်နှစ်မျိုးရှိသည်။ အပေါင်းပညာ နှင့် အနှုတ်ပညာ ဖြစ်ပြီး ပေါင်းပညာသည်ကား ရွှံ့၊ ဖယောင်းနှင့်ပြုလုပ်ကာ အနှုတ်ပညာကိုမူ သစ်သား၊ဆင်စွယ်၊ ကျောက်စိမ်း စသည်တို့ဖြင့် ဆောင်ရွက်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads