ပရနိမ္မိတဝသဝတ္တီဘုံ

From Wikipedia, the free encyclopedia

Remove ads

နတ်ပြည် ၆-ထပ်တွင် အမြင့်ဆုံးတည်း။ ပရနိမ္မိတဝသဝတ္တီနတ်တို့ အလို, အကြိုက်ကို အခြားနတ်များက သိကြ၍ ထိုနတ်တို့၏ အကြိုက် အာရုံကာမဂုဏ် အသုံးအဆောင်တို့ကို ဖန်ဆင်းကြရ၏၊ ထိုအသုံးအဆောင် ကာမဂုဏ်အာရုံတို့၌ မိမိတို့၏ အလိုဆန္ဒ, ပျော်မွေ့ခြင်းကို ဖြစ်စေသောကြောင့် ပရနိမ္မိတဝသဝတ္တီနတ်ဟု ခေါ်သည်။ []

ဝသဝတ္တိနတ်မင်းက အုပ်ချုပ်သည်။

ဤနတ်ဘုံမှာ မြတ်စွာဘုရားကိုပင် အမြဲတမ်း လိုက်လံနှောက်ယှက်လေ့ရှိသော မာရ်နတ် မင်းသည်လည်း သီးသန့်စံလျက်ရှိသည်။

ပရနိမ္မိတဝသဝတ္တီ နတ်သက်သည် နှစ်ပေါင်း(၁၆၀၀၀)ရှိသည်။

လူတို့၏ နှစ်အရေအတွက်အားဖြင့် ကုဋေ(၉၂၁)နှင့် ခြောက်သန်း (၉၂၁၆သန်း)ရှိ၏။

လူတို့၏ နှစ်(၁၆၀၀)သည် ပရနိမ္မိတဝသဝတ္တီ နတ်ပြည်၏ တစ်ရက်ဖြစ်သည်။ ယင်းနေ့ညဉ့်တို့ဖြင့် ရေတွက်အပ်သော ရက်ပေါင်း ၃၀-သည် တစ်လဖြစ်၏၊ ယင်းလဖြင့် ရေတွက်အပ်သော ၁၂-လတို့သည် တစ်နှစ်ဖြစ်၏၊ ယင်းနှစ်တို့ဖြင့် ရေတွက်အပ်သော နှစ်ပေါင်း ၁၆, ဝဝဝ-သည် ပရနိမ္မိတဝသဝတ္တီနတ်တို့၏ သက်တမ်းဖြစ်၏။ []

[] []

Remove ads

ကျမ်းကိုး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads