ပရမတ်

From Wikipedia, the free encyclopedia

ပရမတ်
Remove ads

ပရမတ္ထ []သည် ပါဠိစကားတည်း။

  • (၁) ပရမတ်တရား၊ မဖေါက်မပြန်-(ပင်ကိုရှိရင်းအတိုင်း)မှန်ကန်-တည့်မတ်-မြင့်မြတ်-ပြဋ္ဌာန်း-သော-အနက်-သဘော
  • (၂) မြင့်မြတ်-လွန်ကဲ-သော သဘော။ []
  • (၃) မြင့်မြတ်-လွန်ကဲ-သော အကျိုးစီးပွား။
  • (က) အရဟတ္တဖိုလ်။ []
  • (ခ) လောကုတ္တရာတရား။ []
  • (ဂ) နိဗ္ဗာန်ရောက်ကြောင်းအကျင့်။ []
  • (၄) မြတ်သော သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာ အာရုံ။ []
  • (တိ) (၅) မဖေါက်မပြန်-မှန်ကန်-တည့်မတ်-ကောင်းမြတ်-သော သဘော ရှိသော (ဝစီသစ္စာ)။ []
  • (၆) မြင့်မြတ်-လွန်ကဲ-သော သဘောရှိသော (ဘိက္ခုစသည်)။ [][]
Remove ads

ပရမတ်တရား

(၁) ပရမတ်တရား၊ မဖေါက်မပြန်-(ပင်ကို ရှိရင်းအတိုင်း) မှန်ကန်-တည့်မတ်-မွန်မြတ်-ပြဋ္ဌာန်း-သော-အနက်-သဘော။ မြတ်စွာဘုရားသည် တရားဓမ္မ ဟောပြတော်မူရာ၌ မှန်ကန်သောတရားကို ဟောပြတော်မူသည်၊ မှားယွင်းသောတရားကို ဟောပြတော်မမူ၊

သစ္စာ ၂-မျိုး

မှန်ကန်ဟူရာ၌ အမှန်သည် (၁) သမ္မုတိသစ္စာအမှန်နှင့် (၂) ပရမတ္ထသစ္စာအမှန်ဟူ၍ ၂-မျိုး ရှိလေသည်၊

ယင်းတွင် သမ္မုတိသစ္စာ အမှန်ဟူသည်မှာ... ရေ, မြေ, တော, တောင်၊ လူ, နတ်, ဗြဟ္မာ၊ ပုဂ္ဂိုလ်, သတ္တဝါ-အစရှိသော လောကဝေါဟာရများသည် သမ္မုတိသစ္စာအားဖြင့် အမှန်ပင် ဖြစ်သည်၊ သို့ရာတွင် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်၏ ခန္ဓာကိုယ် အတွင်းရှိ အစိတ်အပိုင်း အသီးသီးကို တခြားစီ ခွဲစိတ်လိုက်လျှင် ပုဂ္ဂိုလ်ဟူသော, သတ္တဝါ ဟူသော, ယောက်ျားဟူသော, မိန်းမဟူသော သမ္မုတိပညတ်သည် ကွယ်ပျောက်သွားသည်၊ ရုပ်တရား အစိတ်အပိုင်းများသာ ကျန်ရှိတော့သည်၊ ထို့ကြောင့် သမ္မုတိသစ္စာအမှန်သည် တကယ်ရှိ တကယ်မှန်သော အမှန်မဟုတ်ချေ၊ လောကသင်္ကေတ သမ္မုတိသစ္စာအားဖြင့်သာ အမှန် ဖြစ်သည်၊ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်ဟူသော ခန္ဓာ ၅-ပါး တရားတို့ကား တကယ်ရှိ တကယ်မှန်သော အမှန်တရားတို့သာ ဖြစ်သည်၊ ယင်းကိုပင် ပရမတ္ထတရား ဟူ၍ ခေါ်ဆိုရပေသည်၊ မြတ်စွာဘုရားသည် ဝေနေယျသတ္တဝါတို့၏ အလိုအဇ္ဈာသယအားလျော်စွာ သမ္မုတိသစ္စာ, ပရမတ္ထသစ္စာ ဓမ္မကထာတို့ကို ဟောကြားတော်မူသည် [၁၀][]

Remove ads

ပရမတ္ထတရား ၄-ပါး

ဂေါတမဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ ဝါတွင်း ၃-လ ပတ်လုံး မရပ်မနား ဟောကြားအပ်သော အဘိဓမ္မာတရားတော်သည် စကားလုံး သဒ္ဒ ပညတ်အားဖြင့်လည်းကောင်း, အနက်ဒြပ် အတ္ထပညတ်အားဖြင့်လည်းကောင်း ရေတွက်ပိုင်းခြား၍ မရနိုင်အောင် မြားမြောင်လှပေသည်၊ သို့သော်လည်း အဟုတ်အမှန်ရှိသည့် ရုပ်, နာမ်သဘာဝ ပရမတ္ထအားဖြင့်မူ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန် ဟူ၍ ၄-မျိုးသာလျှင် ရှိလေသည် [၁၁]

စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန် အရေအတွက်

ယင်းတို့တွင် စိတ်သည် ဘူမိ, ဇာတိ, သမ္ပယုတ္တဓမ္မ, သင်္ခါရအားဖြင့် မြှောက်ပွားလျှင် အကျဉ်း ၈၉၊ အကျယ် ၁၂၁-ပါး ရှိသော်လည်း အာရုံကို သိမှုသဘောအားဖြင့် တစ်မျိုးတစ်စားသာလျှင် ဖြစ်သည်၊

စိတ်၌မှီ၍ စိတ်ကို ခြယ်လှယ်တတ်သော စေတသိက်ကား အာရုံကို တွေ့ ထိမှု ဖဿ, ခံစားမှု ဝေဒနာ, မှတ်သားမှု သညာ, စေ့ဆော်မှု စေတနာ, တည်ကြည်မှု ဧကဂ္ဂတာ, အသက်ရှင်မှု (စောင့်ရှောက်မှု) ဇီဝိတိန္ဒြေ, နှလုံးသွင်းမှု မနသိကာရ-စသည်ဖြင့် ၅၂-ပါး ဖြစ်သည်၊

ရုပ်သည် အစစ်, အတုအားဖြင့် ၂၈-ပါးရှိသော်လည်း ရုပ်အစစ်မှာ ၁၈-ပါးသာ ဖြစ်သည်၊

နိဗ္ဗာန်သည်ကား ငြိမ်းအေးမှု သန္တိသဘောအားဖြင့် ၁-ပါးတည်း ဖြစ်သည်။

ထို့ကြောင့် အဟုတ်အမှန်ရှိသည့် ရုပ်, နာမ်သဘာဝ ပရမတ္ထသည် ၇၂-ပါးသာ ဖြစ်သည် [၁၂]

ယင်းပရမတ္ထကို ကထာဝတ္ထုအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၃၊၁၁၂-၃)၌မူ ခန္ဓာ ၅-ပါး, အာယတန ၁၂-ပါး, ဓာတ် ၁၈-ပါး, ဣန္ဒြေ ၂၂-ပါးအားဖြင့် ၅၇-ပါး အပြားရှိ၏ဟု မိန့်ဆိုသည်။ []

Remove ads

ပရမတ်, ပညတ်

ပရမတ္ထဟူသည် မျက်လှည့်ရုပ်, တံလျှပ်-စသည်ကဲ့သို့ ချွတ်ယွင်းဖေါက်ပြန် မမှန်ကန်သောအားဖြင့် ရယူအပ်သောသဘော မဟုတ်၊ စင်စစ်မှန်ကန်သော သစ္စိကဋ္ဌသဘောသာ ဖြစ်သည်၊ ယင်းသည် ကိုယ်တိုင်ဒိဋ္ဌ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ ဟူသော ငါးဒွါရဖြင့် တွေ့ သိအပ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ နှင့် မနောဒွါရဖြင့် တိုက်ရိုက်တွေ့ သိအပ်သော ဓမ္မာရုံနှင့်တကွ အာရုံ ၆-ပါး ပရမတ္ထတရား သာလျှင် ဖြစ်ပေသည်။

မနောဒွါရဖြင့် တိုက်ရိုက်သိပြီးနောက် အဆင့်ဆင့်သော မနောဒွါရ ဝီထိစိတ်များဖြင့် ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ, ရေ, မြေ, တော, တောင်, မြစ်, သမုဒြာ-စသည်ဖြင့် သိမြင်အပ်သောအရာတို့ကား ပညတ်တရားတို့သာ ဖြစ်ပေသည်။ [၁၃][]

Remove ads

ဆက်စပ်အကြောင်းအရာ

ဗုဒ္ဓဘာသာအဘိဓမ္မာပညတ်

ကိုယ်ကျင့်အဘိဓမ္မာမှ ပရမတ်အကြောင်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads