ပရာယနသုတ်
From Wikipedia, the free encyclopedia
Remove ads
[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ရာဂ, ဒေါသ, မောဟတို့ကုန်ရာ နိဗ္ဗာန်သည် ပရာယန၊ ကာယဂတာသတိသည် ပရာယနဂါမိမဂ္ဂ၊ တပည့်သာဝကတို့၏ အကျိုးစီးပွားကိုရှာမှီးသော သနားစောင့်ရှောက် ချီးမြှောက်တတ်သော ဆရာဖြစ်တော်မူသောငါဘုရားသည် သင်တို့အား သနားစောင့်ရှောက် ချီးမြှောက်မှုကိုအကြောင်းပြု၍ ပြုအပ် ပြုသင့် ပြုထိုက်သော တရားစကားဟောပြောမှုကို ပြုတော်မူအပ်ပေပြီ။ ဤသည်တို့ကား ထိုတရားများကို ပွားများအားထုတ်ရာ ရုက္ခမူလ, သုညာဂါရတို့ပေတည်း။ အာရမ္မဏူ, လက္ခဏူ-ဟု ဈာန်တရားတို့ဖြင့် နီဝရဏတို့ကို ရှို့မြိုက်ကြကုန်လော့၊ မမေ့မလျော့ကြကုန်လင့်၊ နောင်အခါမှ နှလုံး မသာမယာ မဖြစ်ကြကုန်လင့်၊ ဤသည်ကား ငါဘုရား၏ သင်တို့အား ဆုံးမသွန်သင် နည်းညွှန်ပြခြင်းပေတည်း-ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads