ကောသလတိုင်း
အိန္ဒိယနိုင်ငံ၌ ယခင်ကတည်ရှိခဲ့သော တိုင်းပြည် From Wikipedia, the free encyclopedia
Remove ads
ကောသလတိုင်း
ကောသလတိုင်း၏ မင်းနေပြည်မြို့တို့သည် သာဝတ္ထိနှင့် သာကေတမြို့များ ဖြစ်ကြသည်။ သာဝတ္ထိမြို့သည် သရယူ=သရဂျူ (ခေါ်) သရဘူမြစ်၏ကမ်းနား၌ တည်ရှိသော တစ်ခုသော နိဂုံး ဖြစ်လေသည်။ သို့သော် ဗုဒ္ဓခေတ်၌ ယင်းမြို့၏ထင်ပေါ်မှုသည် မရှိခဲ့ပေ။ ဆိုရိုးစကားရှိသည်မှာ သာဝတ္ထိအမည်ရှိသော ရသေ့၏ အမည်ဖြင့်ပင်လျှင် သာဝတ္ထိမြို့၏အမည် ခေါ်တွင်ခဲ့သည်။ သို့သော် ပပဉ္စသူဒနီ အဋ္ဌကထာအလိုအားဖြင့် အလုံးစုံ ဘာမဆို ဥစ္စာဓန ရှိခြင်းကြောင့် ဤမြို့၏အမည်သည် သာဝတ္ထိဟု ခေါ်တွင်ခဲ့သည်။
ရှေးအခါက ကောသလနိုင်ငံကို နှစ်ပိုင်းအားဖြင့် ပိုင်းခြားထားအပ်ခဲ့သည်။ သရယူမြစ်ကြီးသည် အလယ်၌ တည်ရှိလေသည်။ မြောက်ဘက်အဘို့ကို ဥတ္တရကောသလ ဟူ၍လည်းကောင်း၊ ထို့ပြင် တောင်ဘက်အဖို့ကို ဒက္ခိဏကောသလ ဟူ၍လည်းကောင်း ခေါ်ဆိုသည်။ ကောသလတိုင်းအတွင်း၌ များစွာထင်ရှားကုန်သော နိဂုံးနှင့် ရွာကြီးများရှိခဲ့ကြသည်။ ကောသလတိုင်းတွင် ထင်ရှားသော ပေါက္ခရသာဒိ ဆရာကြီးသည် ဥက္ကဋ္ဌာမြို့၌ နေထိုင်ခဲ့သည်။ ယင်းအကြောင်းကြောင့်ပင် ပသေနဇိမင်းသည် ထို ပေါက္ခရသာဒိ ဆရာကြီးအား ရွာစားပေးခြင်းကို ပြုအပ်ခဲ့သည်။
ဗုဒ္ဓဘုရားရှင်သည် ကောသလတိုင်း၏ သာလာ၊ နဂရဝိန္ဒ၊ ထို့ပြင် ဝေနာဂပုရ် ရွာတို့၌ ဒေသာစာရီ ကြွတော်မူ၍ များစွာသော လူတို့ကို သရဏဂုံတည်ခြင်းကို ပြုတော်မူခဲ့သည်။ ဗာဝရီသည် ကောသလတိုင်း၌ ထင်ပေါ်ကျော်ကြားသော တပည့်များစွာကို စာသင်ကြားပေးသော ဆရာကြီး ဖြစ်လေသည်။ ယင်း ဗာဝရီ ဆရာကြီးသည် ဒက္ခိဏာပထအရပ်သို့ ပြောင်းသွားခဲ့၍ ဂေါဒါဝရီမြစ်၏ကမ်းနား၌ မိမိပိုင် သင်္ခမ်းကျောင်းကို တည်ထောင်ခဲ့သည်။
ကောသလ နှင့် မဂဓသည် ဗာရာဏသီမြို့အတွက် အကြိမ်များစွာ စစ်တိုက်ခြင်းကို ပြုခဲ့ကြသည်။ သို့သော် နောက်ကာလ၌ နှစ်ပြည်ထောင်တို့အကြား စေ့စပ်ပြေငြိမ်းခြင်းသို့ ရောက်ခဲ့ကြသည်။ စေ့စပ်ပြေငြိမ်းပြီးနောက်ကာလ၌ ကောသလမင်း ပသေနဇိတသည် မိမိ၏ သမီးတော် ဝဇိရာ၏ လက်ထပ်ခြင်းကို မဂဓမင်း အဇာတသတ္တုနှင့် ပြုပေးခဲ့သည်။ ကောသလတိုင်း၏ မြောက်ဘက်နယ်နိမိတ်၌ တည်ရှိသော ကပိလဝတ္ထုရှိ သာကီဝင်းမင်းမျိုးတို့သည် ပသေနဇိတမင်း၏ လက်အောက်ခံ ဖြစ်ခဲ့ကြသည်။ ထို့ပြင် ထိုသာကီဝင်တို့သည် ကောသလမင်း ပသေနဇိတနှင့် လွန်စွာ ရန်ငြိုးထားခဲ့ကြလေသည်။ ထဒဏ္ဍကပ္ပက၊ နလကပါန၊ တောရဏဝတ္ထု၊ ထို့ပြင် ပလာသဝန ယင်းရွာတို့သည် ကောသလတိုင်း၏ ထင်ရှားသော ရွာများဖြစ်ခဲ့ကြသည်။ ယင်းရွာတို့သို့ ဘုရားရှင်သည် ရံခါရံခါ၌ကြွတော်မူခဲ့သည်။ ထို့နောက် တရားဓမ္မ ဟောကြားတော်မူခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads