ပရိဏာမနသိက္ခာပုဒ်

From Wikipedia, the free encyclopedia

ပရိဏာမနသိက္ခာပုဒ်
Remove ads

အမှု—သံဃိကလာဘ်ကို အခြားပုဂ္ဂိုလ်သို့ ညွှတ်စေ လှူစေမှု။

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။

ကုသိုလ်ပြုအသင်း

သာဝတ္ထိမြို့၌ ကုသိုလ်ကောင်းမှု ပြုလုပ်လေ့ရှိသော ကုသိုလ်ပြု အသင်းတသင်း ရှိ၏၊ ထိုအသင်းသားတို့သည် သံဃာတော်အား ဆွမ်းကပ်၍ သင်္ကန်းလှူမည်ဟု ရည်မှန်းကာ ဆွမ်းနှင့်သင်္ကန်းကို စီစဉ်ထားကြလေသည်၊ ဤသို့ သံဃာအားလှူဘို့ မှန်း၍ စီစဉ်ထားသည်ကိုပင် “သံဃာကို ညွှတ်စေပြီးဖြစ်သော လာဘ်(ပစ္စည်း)”ဟု ဆိုရသည်။ []

ဆဗ္ဗဂ္ဂီရဟန်းများ

ထိုအကြောင်းကို ကြားသိရသော ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုအသင်းသား (ခေါင်းဆောင်)များအထိသွား၍ “ဤ ရဟန်းများ သင်္ကန်းတွေကို ဟောဒီ ရဟန်းများအား (သူတို့ ဆဗ္ဗဂ္ဂီများကို ဆိုလိုသည်)လှူကြပါ”ဟု ပြောဆိုလေသည်၊ အသင်းသားတို့က “ကိုယ်တော်တို့အား မလှူနိုင်ပါ၊ နှစ်စဉ်သံဃာအား လှူနေကျ ဖြစ်၍ သံဃာဘို့ စီစဉ်ထားခြင်း ဖြစ်ပါသည်”ဟု ပြောလေသော်... ဒါယကာတို့ရာ သံဃာမှာ လှူမည့်သူတွေ များပါတယ်၊ သံဃာမှာ အကောင်းတွေလဲ များပါတယ်၊ ဟောဒီ ရဟန်းများမှာတော့ သင်တို့ကို မှီပြီး သင်တို့ကိုကြည့်ရှ အားကိုးပြီး နေကြရပါတယ်၊ သင်တို့မှ မလှူလျှင် ဘသူလှူမှာလဲ၊ ဒီရဟန်းများကိုသာ လှူကြပါ”ဟု အတင်းတိုက်တွန်းသဖြင့် သံဃာဘို့ မှန်းထားသော သင်္ကန်းကို ဆဗ္ဗဂ္ဂီရဟန်းတို့အား လှူဒါန်း၍ သံဃာကိုကား ဆွမ်းသာ ကပ်လှူကြရလေတော့သည်။ []

Remove ads

ရဟန်းများ ကဲ့ရဲ့ကြပုံ

ထိုအခါ တချို့ ရဟန်းများသည် ထိုအသင်းက သံဃာဘို့ သင်္ကန်းနှင့်ဆွမ်း စီမံထားကြောင်းကိုသာ သိ၍ ဆဗ္ဗဂ္ဂီတို့အား သင်္ကန်းလှူလိုက်ရကြောင်းကို မသိကြ၊ ထိုရဟန်းတို့က “သံဃာဘို့ မှန်းထားသော သင်္ကန်းကိုလည်း တခါတည်း လှူကြပါလား”ဟု ဆွမ်းကပ်သော ဒါယကာတို့ကို ပြောပြလေသော်... သင်္ကန်းကိုတော့ ဆဗ္ဗဂ္ဂီရဟန်းများက သူတို့အား လှူဘို့ရန် တိုက်တွန်းသောကြောင့် လှူလိုက်ရကြောင်းကို လျှောက်ကြလေသည်၊ ထိုအခါ ရဟန်းများက ဆဗ္ဗဂ္ဂီ ရဟန်းတို့အား ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ ဤသိက္ခာပုဒ်နှင့်စပ်၍ မှတ်ဘွယ်ကို နိဿဂ္ဂိ အဆုံးသိက္ခာပုဒ်၌ ပြခဲ့ပြီး။][]

သိက္ခာပုဒ်

ယော ပန ဘိက္ခု ဇာနံ သံဃိကံ လာဘံ ပရိဏတံ ပုဂ္ဂလဿ ပရိဏာမေယျ, ပါစိတ္တိယံ။[]

မြန်မာပြန်

အကြင်ရဟန်းသည် သံဃာသို့ညွှတ်ပြီးဟု သိလျက် သံဃာ့ ဥစ္စာဖြစ်သော သံဃာသို့ ညွတ်စေအပ်ပြီးသော လာဘ်(ပစ္စည်း)ကို ပုဂ္ဂိုလ်သို့ ညွတ်စေအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ []

ဆက်စပ်ဖတ်ရှုရန်

သံဃိက#လာဘ်ညွှတ်စေမှုနှင့်_ပတ်သက်၍_သိမှတ်ဖွယ်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads