သာဝတ္ထိမြို့(အိန္ဒိယနိုင်ငံ)

From Wikipedia, the free encyclopedia

Remove ads

ကောသလတိုင်းသာဝတ္ထိမြို့သည် သရယူ = သရဂျူ (ခေါ်) သရဘူမြစ်၏ကမ်းနား၌ တည်ရှိသော နိဂုံးတစ်ခု ဖြစ်လေသည်။ သို့သော် ဗုဒ္ဓဘုရားရှင်ခေတ်၌ ယင်းမြို့၏ထင်ပေါ်မှုသည် မရှိခဲ့ပေ။ ဆိုရိုးစကားရှိသည်မှာ "သာဝတ္ထိ" အမည်ရှိသော ရသေ့၏ အမည်ဖြင့်ပင်လျှင် "သာဝတ္ထိမြို့" ဟု အမည် ခေါ်တွင်ခဲ့သည်။ သို့သော် ပပဉ္စသူဒနီအဋ္ဌကထာအလိုအားဖြင့် အလုံးစုံ ဘာမဆို ဥစ္စာဓန ရှိခြင်းကြောင့် ဤမြို့၏အမည်ကို "သာဝတ္ထိ" ဟု ခေါ်တွင်ခဲ့သည်။ သာဝတ္ထိမြို့သည် စည်းစိမ်ဥစ္စာဓန လွန်စွာပေါကြွယ်ဝ၍ လှပတင့်တယ်သောမြို့ ဖြစ်လေသည်။

ဤမြို့၏လူဦးရေမှာ သန်း-၇၀ ရှိခဲ့သည်။ ဘုရားရှင်သည် ဤမြို့၌ ၂၅-ဝါတိုင် ဝါဆိုတော်မူခဲ့သည်။ ထို့ပြင် လွန်စွာ အစီးအပွားနှင့်စပ်သော တရားတော်များကို ဤမြို့၌ပင်လျှင် ဟောကြားခြင်းကို ပြုတော်မူခဲ့သည်။ အနာထပိဏ္ဍိကသည် ဤမြို့ရှိ လွန်စွာကြွယ်ဝသော သူဌေးကြီး ဖြစ်လေသည်။ ထို့ပြင် မိဂါရမာတာ (ခေါ်) ဝိသာခါသည် လွန်စွာသဒ္ဓါတရားရှိသော ဥပါသိကာမ ဖြစ်လေသည်။ ပဋာစာရီကိသာဂေါတမီနန္ဒကင်္ခါရေဝတ နှင့် ကောသလမင်း၏နှမတော် သုမနာ တို့သည် ဤမြို့၌ ရဟန်းပြုခဲ့ကြသော ပုဂ္ဂိုလ်များ ဖြစ်ကြလေသည်။


[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads