ပရိုတိုပလက်ဇမ်

From Wikipedia, the free encyclopedia

Remove ads

ဇီဝဗေဒတွင် ပရိုတိုပလက်ဇမ်ကို သက်ရှိ၏ အခြေခံပစ္စည်းဟု ဆိုသည်။ ပရိုတို ပလက်ဇမ်ကို အပင်နှင့်တိရစ္ဆာန်တို့တွင် တွေ့ကြရသည်။ အားလုံးသော အပင်နှင့်တိရစ္ဆာန်တို့သည် ဆဲများနှင့် ပြီးလျက်ရှိ၍၊ ထိုဆဲများမှာ အမြှေးဖုံးအုပ်ထားသော သေးငယ်သည့် ပရိုတိုပလက်ဇမ်များ ဖြစ်ကြသည်။ ပရိုတိုပလက်ဇမ်သည် အရောင်မဲ့၍၊ ဂျယ်လီနှင့်တူသော ပစ္စည်းဖြစ်သည်။ အများအားဖြင့် ဆဲတွင် အပိုင်း ၂ ပိုင်း ပါဝင်သည်။ ဆဲ၏ဗဟိုပိုင်း၌ သိပ်သည်းသော ပရိုတိုပလက်ဇမ်ရှိ၍၊ ယင်းကို နျူးကလီးယပ်ဟု ခေါ်သည်။ ထိုနျူကလီးယပ်၏ အပြင်ဘက်၌ရှိသော ပရိုတိုပလက်ဇမ်ကို ဆိုက်တိုပလက်ဇမ်ဟု ခေါ်သည်။

နျူးကလီးယပ်နှင့် ဆိုက်တိုပလက်ဇမ်ထဲတွင် ဓာတ်ပစ္စည်းများ အလွန်ရှုပ်ထွေးလျက် ပါရှိကြသည်။ ပရိုတိုပလက်ဇမ်သည် ဓာတ်အစု တစ်မျိုးတည်းဖြင့် တည်ဆောက်ထားသော ပစ္စည်းမဟုတ်ပေ။ ဒြဗ်ပေါင်း အမြောက်အမြား ရောနှောပါရှိသော ပစ္စည်းသာလျှင် ဖြစ်သည်။ ထိုဒြဗ်ပေါင်းများတွင် ပါရှိသော ဓာတ်အမျိုးအစားမှာလည်း ဆဲတစ်ခုနှင့်တစ်ခု၌၎င်း၊ တစ်ရှူး တစ်မျိုးနှင့် တစ်မျိုး၌၎င်း မတူပေ။

ပရိုတို ပလက်ဇမ်ထဲတွင် တွေ့ရသော အရေးကြီးဆုံး ဓာတ်ပစ္စည်းတို့မှာ ပရိုတင်းများပင် ဖြစ်၍၊ ယင်းတို့မှာ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင် ဒြဗ်ပေါင်းများ ဖြစ်ကြသည်။ ပရိုတင်းများအပြင် ကန့်၊ ဖော့စဖောရပ်နှင့် အခြားသတ္တုဒြဗ်များကိုလည်း တွေ့ရသေးသည်။ အများအားဖြင့် ပရိုတိုပလက်ဇမ်တွင် အဆီ နှင့် ကာဗိုဟိုက်ဒရိတ်များ ပါလေ့ရှိသည်။ ပရိုတိုပလက်ဇမ်ထဲ၌ ပါရှိသော ဒြဗ်ပေါင်းတို့တွင် ကာဗွန်သည် အရေးကြီးသော ဒြဗ်စင်ဖြစ်ပေသည်။ ဓာတုဗေဒပညာရှင်တို့သည် ပရိုတိုပလက်ဇမ်ထဲတွင် ပါရှိသော ဓာတ်ပစ္စည်းများကို ဓာတ်ခွဲ၍ ကြည့်နိုင်ကြသော်လည်း၊ အဘယ်ကြောင့် ပရိုတက်ပလက်ဇမ်၌ အသက်ရှိရသည်ကိုမူ မသိကြပေ။ ပရိုတိုပလက်ဇမ်ထဲတွင် ပါရှိသော ဓာတ်ပစ္စည်းများကို အခြားသက်မဲ့ ဝတ္ထုများထဲ၌လည်း တွေ့ရသည်။ သို့သော် သက်ရှိ ပစ္စည်းများတွင် ထိုဒြဗ်စင်များသည် သက်ရှိတို့အတွက် အဓိကလိုအပ်သော ဓာတ်များ ဖြစ်စေနိုင်ရန် ဆောင်ရွက်လျက် ရှိကြသည်။

ပရိုတိုပလက်ဇမ်၏ဂုဏ်သတ္တိအချို့ကို ဆဲတစ်ခုတည်းရှိအမီးဗားကဲ့သို့သော သတ္တဝါတွင် တွေ့ကြရသည်။ ထိုသတ္တဝါကလေးများသည် ရိုးရိုးပရိုတိုပလက်ဇမ် အစိုင်အခဲပင်ဖြစ်သည်။ ထိုသတ္တဝါကလေးထဲရှိ ပရိုတို ပလက်ဇမ်သည် အပူချိန် ပြောင်းလဲမှုနှင့် ထိတွေ့မှုတို့ကို လိုက်၍ ရွေ့ရှားလျက် ရှိသည်။

ပရိုတိုပလက်ဇမ်သည် အစာကိုမှီဝဲ နိုင်ပြီးလျှင် မလိုသောပစ္စည်းကိုလည်း စွန့်ပစ်နိုင်သည်။ ထိုပြင် အသက်လည်း ရှူနိုင်၍၊ ဆဲခွဲခြင်းအားဖြင့် မျိုးဆက်ပွားမှုများကို ပြုလုပ်နိုင်သည်။ သိပ္ပံပညာရှင်များသည် ပရိုတိုပလက်ဇမ် ထဲတွင် ဖြစ်ပျက်နေသော ဓာတ်ပြုမှုများကို ဆက်စပ်လေ့လာခဲ့ကြသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပေပြီ။ သို့သော် ထိုပြဿနာများကို မဖြေရှင်းနိုင်ကြသေးပေ။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads