ပလိပ်ရောဂါ
From Wikipedia, the free encyclopedia
Remove ads
ပလိပ်ရောဂါသည် ယာဆင်နီယာ ပက်စ်တစ် (Yersinia pestis) ခေါ်သည့် ဘက်တီးရီးယား ကြောင့် ဖြစ်ပွားသော ကြောက်မက်ဖွယ် ကူးစက်ရောဂါ ဖြစ်သည်။ ပြင်သစ်−ဆွစ်လူမျိုး ဘက်တီးရီးယား ပညာရှင် အလက်ဇန္ဒား ယာဆင် (Alexendre Yersin)က အဆိုပါ ပိုးကို တွေ့ရှိခဲ့သည်။ ရောဂါပိုးကို ကြွက်များက အဓိကသယ်ဆောင်ပြီး ကြွက်သန်း(လှေး) များမှတဆင့် ပြန့်ပွားသည်။ ကမ္ဘာ့သမိုင်းတွင် လူအသေအပျောက်အများဆုံးရောဂါအဖြစ်အမည်ဆိုးဖြင့် ကျော်ကြားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ရောဂါအသွင်ကျရောက်တတ်သောကြောင့် အဓိကစောင့်ကြည့်ရမည့်ရောဂါအဖြစ် ၂၀၀၇ခုနှစ်၊ ဇွန်လအထိ သတ်မှတ်ထားသည်။
Remove ads
အမည်
အင်္ဂလိပ်ဘာသာ Plague ဟူသော စကားလုံးကို မြန်မာအမည်အဖြစ် မွေးစားထားသည်။
ရောဂါဖြစ်ပွားပုံနှင့် ကူးစက်ပုံ
Y. pestis ဘက်တီးရီးယားရောဂါပိုး ကူးစက်ခံထားရခြင်းမရှိသေးတဲ့ တစ်ဦးချင်းစီကို အောက်ပါနည်းလမ်းများမှ တစ်ခုခုဖြင့် Y. pestis ဘက်တီးရီးယားရောဂါပိုး ကူးစက်ခြင်းဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ် အရည်များမှတဆင့် ကူးစက်ခြင်း - အခြားသူတစ်ဦးအပေါ်ချောင်းဆိုးခြင်း(သို့မဟုတ်)နှာချေခြင်း ရုပ်ပိုင်းဆိုင်ရာတိုက်ရိုက် ထိစပ်ခြင်းမှ ကူးစက်ခြင်း - ရောဂါရှိသူနှင့် လိင်ပိုင်းဆိုင်ရာ အပါအဝင် ထိတွေ့ ဆက်ဆံခြင်း သွယ်ဝိုက် ထိစပ်ခြင်းမှ ကူးစက်ခြင်း - များသောအားဖြင့် မြေကြီး (သို့မဟုတ်) ပိုးရှိသော ညစ်ညမ်းမျက်နှာပြင်ကိုထိသဖြင့် လေထဲမှ တဆင့် ကူးစက်ခြင်း - ထိုပိုးမွှားများ လေထုထဲတွင် ကြာရှည်စွာရှိနေနိုင်လျှင် ပါးစပ် ထဲမှ တဆင့် ကူးစက်ခြင်း - များသောအားဖြင့်ပိုးပါသော အစားအစာ(သို့မဟုတ်) ရေရင်းမြစ်များမှ ပိုးမွှားများမှတဆင့် ကူးစက်ခြင်း - အင်းဆက်ပိုးမွှားများ သို့မဟုတ် အခြားတိရစ္ဆာန်များကသယ်ဆောင်။
Yersinia pestis ရောဂါပိုးဟာ တိရစ္ဆာန်များ အထူးသဖြင့်ကြွက်များ၏ ခန္ဓာကိုယ်ရှိ ကပ်ပါးကောင်တို့တွင် ပေါက်ပွားရှင်သန်ကြပြီး ပိုးကူးစက်မှုကို ဩစတြေးလျမှလွဲ၍ တိုက်ကြီးအားလုံးတွင် တွေ့ရှိရသည်။ ပလိပ်ရောဂါဖြစ်ပွားနိုင်မှုဟာ သဘာဝအားဖြင့် အပူပိုင်းဒေသများ၊ နွေးသမပိုင်းလတ္တီတွဒ်ဒေသများ တလျောက် နှင့် မျဉ်းပြိုင် 55 ဒီဂရီမြောက်နှင့် 40 ဒီဂရီတောင်အကြား ကမ္ဘာအဝှမ်း သမပိုင်း လတ္တီတွဒ်၏ပူနွေးသောအစိတ်အပိုင်းများတွင် ကျယ်ပြန့်စွာ ဖြစ်တည်နေပါသည်။ လူအများယုံကြည်ထားသလို ဆင်ထွက်ပလိပ်ပြန့်ပွားတာကို မဟုတ်ပဲ ကြွက်များကိုတိုက်ရိုက် မစတင်ခဲ့ပါဘူး။ ပလိပ်ရောဂါဟာ အဓိကအားဖြင့် ကြွက်တွေ ကိုယ်တိုင် ပထမဦးဆုံးသားကောင်များအဖြစ် ကူးစက်ခံထားရတဲ့ ကြွက်သန်း (လှေး) (Xenopsylla cheopis)တွေမှာ ရှိနေတဲ့ ရောဂါဖြစ်သည်။ ရောဂါပိုး သယ်ဆောင်ထားတဲ့ခွေးလှေးကူးစက်ခံထားရတဲ့ ကြွက်ကိုကိုက်ခြင်းကြောင့် ခွေးလှေးမှာ ရောဂါကူးစက်နိုင်ပြီးထိုကူးစက်ခဲ့ပြီးတဲ့ခွေးလှေးက လူပုဂ္ဂိုလ်တစ်ဦးကိုကိုက်သောအခါ ထိုလူတွင် ရောဂါကူးစက်တတ်သည်။
Remove ads
ကုသပုံ
၁၈၉၇ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့၌ အလုပ်လုပ်သော ဒေါက်တာ ဝါလ်ဒီမာ ဟပ်ဖ်ကိုင်းက ပလိပ်ရောဂါ ကာကွယ်ဆေးကို စတင်တီထွင်စမ်းသပ်သည်။[၁] ရောဂါအား အချိန်မီ ဖော်ထုတ်နိုင်ပါက ပဋိဇီဝဆေး ကုထုံးဖြင့် ထိရောက်စွာ ကုသနိုင်သည်။ အသုံးပြုလေ့ရှိသော ဆေးများမှာ စထရက်တိုမိုင်စင် (streptomycin)၊ ကလိုရမ် ဖင်နီကော (chloramphenicol)၊ တက်ထရာ ဆိုင်ကလင်း (tetracycline) တို့ဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads