ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး
From Wikipedia, the free encyclopedia
Remove ads
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (အင်္ဂလိပ်: Palaung State Liberation Front; အတိုကောက် PSLF) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တွင် အဖွဲ့ဝင် ၁,၅၀၀ ခန့် ပါဝင်သည်။[၁]
Remove ads
သမိုင်းကြောင်း
ပလောင်အမျိုးသား တပ်ဦးကို ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားခေါင်းဆောင်များဖြင့် ဖွဲ့စည်းခဲ့သည်။ ၁၉၇၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပလောင်အမျိုးသားတပ်ဦး၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုင်းကွမ်းတောင်သည် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နှင့် မဟာမိတ်ပြုကာ ပလောင်ပြည် လွတ်မြောက်ရေးအဖွဲ့ (Palaung State Liberation Organization; အတိုကောက် PSLO)နှင့် ယင်း၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော် (Palaung State Liberation Army; အတိုကောက် PSLA) ကို ဖွဲ့စည်းခဲ့သည်။
၁၉၉၁ ခုနှစ် ဧပြီ ၂၇ တွင် PSLP နှင့် PSLA တို့ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြသည်။ သို့သော် အချို့အဖွဲ့ဝင်များက အပစ်အခတ်ရပ်စဲရေးကို စိတ်ကျေနပ်မှုမရှိသဖြင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးကို ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကရင် အမျိုးသား အစည်းအရုံး ဌာနချုပ်၌ မိုင်းတင်မောင်၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့ကြသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads