တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်

လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်း From Wikipedia, the free encyclopedia

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (အင်္ဂလိပ်: Ta’ang National Liberation Army; အတိုကောက် TNLA) သည် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (Palaung State Liberation Front; PSLF) ၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။ TNLA သည် မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းဖြစ်ပြီး မြန်မာတပ်မတော် နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။[] TNLA သည် ယခင်ကမူ ကချင်လွတ်မြောက်ရေးတပ်မတော် နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း တို့နှင့် ပူးပေါင်းကာ တက်လာသောတရားဝင် အစိုးရ မှန်သမျှကို ဆန့်ကျင်ခဲ့သည်။

အချက်တိုများ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်, လှုပ်ရှား ...
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်
ပြည်တွင်းပဋိပက္ခတွင် ပါဝင်
Thumb
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ အလံတော်
လှုပ်ရှားဇန်နဝါရီ ၁၉၉၂ (၁၉၉၂-၀၁)–လက်ရှိ
ခံယူချက်တအာင်းအမျိုးသားရေး
ဖက်ဒရယ်ပြည်ထောင်စုစနစ်[]
ဦးဆောင်သူများတာအိုက်ပေါင်း
တာဘုန်းကျော်
Tar Hod Plarng
ဌာနချုပ်နမ့်ဆန်မြို့ရှမ်းပြည်နယ်
လှုပ်ရှားသည့် ဧရိယာTawngpeng, ရှမ်းပြည်နယ်
အင်အား၈,၀၀၀+[]
တစ်စိတ်တစ်ပိုင်းပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး
အစပြုပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (PSLO/A)
မဟာမိတ်မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့[]

အခြား မဟာမိတ်များ

ပြိုင်ဘက်State opponents

Non-state opponents

တိုက်ပွဲနှင့် စစ်ပွဲများပြည်တွင်းပဋိပက္ခ
စတင်ခဲ့မှု
ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (PSLO/A)
ပိတ်ရန်

TNLA သည် ဘိန်းခင်းများ ဖျက်ဆီးခြင်း၊ ဘိန်းချက်စခန်းများအား ဖျက်ဆီးခြင်းစသည့် မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ဆောင်ချက်များကြောင့် လူသိများသည်။[][][၁၀][၁၁][၁၂]

သမိုင်းကြောင်း

TNLA ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (Palaung State Liberation Organization/Army; PSLO/A) အနေဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကာ ၂၀၀၅ ခုနှစ်တွင် လက်နက်စွန့်ခဲ့သည်။ PSLO/A ပြိုကွဲပြီးနောက် တအာင်းခေါင်းဆောင် တာအိုက်ပေါင်းနှင့် တာဘုန်းကျော်တို့သည် တအာင်းလူမျိုး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရှိရေးအတွက် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးနှင့်အတူ ဖွဲ့စည်းခဲ့သည်။ TNLA သည် ကချင်လွတ်မြောက်ရေးတပ်မတော် နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်းတို့နှင့် မဟာမိတ်ဖွဲ့ထားပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများကို ပူးတွဲဆောင်ရွက်သည်။[၁၃]

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၁-၂၀၁၅ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြီးနောက် အစိုးရက တအောင်းလူမျိုးများအတွက် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဖွဲ့စည်းခဲ့သည်။ ထိုဒေသသည် စာသင်ကျောင်းနှင့် ဆေးရုံအနည်းငယ်သာရှိသည့် နိုင်ငံ၏ မတိုးတက်သေးသော ဒေသတစ်ခု ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် TNLA သည် မဟာမိတ်များဖြစ်သော ရက္ခိုင့်တပ်တော်မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်တို့နှင့် အတူ တပ်မတော်အား တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။[၁၄] TNLA နှင့် MNDAA တို့သည် ၂၀၂၁ ခုနှစ် မေလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီ၏ နေရာအတော်များများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။[၁၅]

TNLA နှင့် SSPP ပူးပေါင်းအဖွဲ့သည် RCSS နှင့် ၂၀၂၁ ခုနှစ် မတ်လနှင့် ဧပြီလများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အရပ်သားများစွာ ဒဏ်ရာရရှိခဲ့သလို နေရပ်စွန့်ခွာမှုများ ဖြစ်ပွားခဲ့သည်။[၁၆][၁၇]

TNLA ၏ ဒုတိယစစ်ဦးစီးချုပ် တာဘုန်းကျော်က စစ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် ဖွဲ့စည်းခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်း ပြောဆိုခဲ့သည်။[၁၈]

လက်ရှိ

၂၀၂၁ ခုနှစ် တွင် စစ်တပ် မှ အာဏာသိမ်းပြီးနောက်တွင်မူ စစ်တပ်နှင့် TNLA ကြား တိုက်ပွဲများ ပြန်လည် ပြင်းထန်လာသည်။[၁၉] စစ်တပ်၏ ကျဆုံး စစ်သည်များ အလောင်းလာကောက်ရသော ရုပ်သံများလည်း online ပေါ်သို့တက်လာသည်။[၂၀]

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.