ပါဋိဟာရိယမုဒြာ

From Wikipedia, the free encyclopedia

ပါဋိဟာရိယမုဒြာ
Remove ads

အနုသာသန ပါဋိဟာရိယ ခေါ် တရားဓမ္မ ဟောပြခြင်းဖြင့် ကျွတ်ထိုက်သော သတ္တဝါများကို ချွတ်တော်မူခန်းများတွင် ဤပြာဋိဟာရိယမုဒြာဖြင့် ရုပ်ပွား ဆင်းတုတော်များကို ဖူးမြင်ရပါသည်။ ဓမ္မစကြမုဒြာပုံနှင့် ဆင်တူယိုးမှား ဖြစ်၍ လက်ျာလက်မနှင့် လက်ညှိုးကို ကွင်းကာ လက်ခလယ် လက်သူကြွယ် လက်သန်းတို့ကို ကွေးထားသည်။ ထိုလက်ျာလက်သန်းအောက်မှ လက်ဝဲလက်မ လက်ချောင်းများ ကွေးပြီး ပင့်မထားသောပုံတော် ဖြစ်သည်။ ဗျာချာနမုဒြာနှင့်လည်း ခပ်ဆင်ဆင် တူသည်။

Thumb

ဣဒ္ဓိပါဋိဟာရိယ ခေါ် တန်းခိုးဖန်ဆင်းတော်မူခြင်းဖြင့် တရားဓမ္မ ဟောပြချေချွတ်တော်မူပုံကိုလည်း ဤ ပါဋိဟာရိယမုဒြာဖြင့်ပင် တွေ့ရှိရပါသည်။ သရက်ဖြူပင်ရင်း၌ ရေမီးအစုံ ယမကပါဋိဟာရိယပြတော်မူခန်းစသည်တို့တွင်၎င်း, ဥရုဝေလကဿပ ရသေ့ညီနောင် ရှင်တထောင် ချွတ်ခန်းများ စသည်တို့တွင်၎င်း ဤ ပြာဋိဟာရိယမုဒြာပုံတော်ကို တွေ့ရှိနိုင်ပါသည်။ ဝရဒမုဒြာနှင့် ခပ်ဆင်ဆင် တူသည်။

အာဒေသနာပါဋိဟာရိယ ခေါ် အနာဂတ်တွင် ဖြစ်ပျက်မည့် အကြောင်းကို အတပ်မှန်ကန်စွာ ဟောကြားတော်မူလိုသောအခါ၌လည်း ဤ ပြာဋိဟာရိယမုဒြာပုံတော်ဖြင့် ဖူးတွေ့ရပါသည်။ နောင်လာလတ္တံ့သော ကာလတွင်ဖြစ်ပျက်မည့် အရာများကို ဟုတ်တိုင်းမှန်စွာ တိကျပြတ်သားတခွန်းတည်းသော စကားဖြင့် ဟောကြားတော်မူသော သုတ်တော်များကို ဖော်ပြလိုရာ၌ ဤ ပါဋိဟာရိယမုဒြာဟန်ဖြင့် ရုပ်ပွားဆင်းတုများကို ထုလုပ် စီရင် ကိုးကွယ်ကြလေသည်။

ဝရဒမုဒြာနှင့် ဆင်တူသော ပါဋိဟာရိယမုဒြာပုံလည်း ရှိသေးသည်။ လက်ထဲတွင် ထူးဆန်းအံ့ဩဘွယ်ကောင်းသော ဝတ္ထုပစ္စည်း သစ်သီး သစ်ပွင့်ကို ကိုင်တွယ်ပြသကာ တန်းခိုးအာနုဘော်ကို ထုတ်ဖော်ဟောကြားတော်မူသောအခါများတွင် ဝရဒမုဒြာမျိုးဖြစ်သော ပါဋိဟာရိယမုဒြာပုံကို တွေ့ရပါသည်။

သို့ဖြစ်၍ ပြာဋိဟာရိယမုဒြာပုံ မူကွဲနှစ်မျိုး ရှိပါသည်၊ ဓမ္မစကြာမုဒြာမျိုးနှင့် ဝရဒမုဒြာမျိုး ဟူ၍ပင် အနီးစပ်ဆုံး ဝေါဟာရပညတ်အားဖြင့် ခွဲခြားနိုင်ပါသည်။

ပြယုဂ်သာဓကအားဖြင့် ပုဂံ အာနန္ဒာဘုရားတွင်းမှ ယမက တန်ခိုးပြာဋိဟာ ပြတော်မူခန်းများ တွင်၎င်း ရန်ကုန်မြို့ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပြတိုက်တွင်းရှိ ဝရဒမုဒြာနှင့် ဓမ္မစကြာမုဒြာပုံတော် မူကွဲများ တွင်၎င်း တွေ့ရှိနိုင်ပါသည်။

ဝီရရသ, အဗ္ဘုတရသ, သန္တရသများကို ပေါ်လျှင်စေသည်။

သီလပါရမီ, ပညာပါရမီ, သစ္စာပါရမီ, ဝီရိယပါရမီ, အဓိဋ္ဌာနပါရမီ, မေတ္တာပါရမီ စခန်းများသို့ ရည်ညွှန်းပါသည်။ ဗာဟုဿစ္စမင်္ဂလာ, သိပ္ပဉ္စမင်္ဂလာ, တပေါစမင်္ဂလာ, အရိယသစ္စာနဒဿနမင်္ဂလာ, ဓမ္မဿဝန ဓမ္မသာကစ္ဆာမင်္ဂလာ, စသည်တို့ကို ဖော်ဆောင် ရည်ညွှန်းပါသည်။

ဤ ပြာဋိဟာရိယမုဒြာပါသော ရုပ်ပွားဆင်းတုတော်များတို့ကို ကိုးကွယ်ကြပါက ဘုန်းတန်းခိုး အာနုဘော်ကြီးခြင်း, ထူးဆန်းသော ဝိဇ္ဇာပညာအတတ်တို့ကိုတတ်ကျွမ်းခြင်း, သိပ္ပံအတတ် အရပ်ရပ်၌ ထူးချွန်တတ်မြောက်ခြင်း, ဗေဒင်အတတ် ရှေ့ဖြစ်နောက်ဖြစ် ဟောကြားသော အတတ်စသည်တို့၌ လိမ္မာတတ်မြောက်ခြင်း, ရန်သူအပေါင်းကို လွှမ်းမိုးကျော်လွှား အောင်မြင်နိုင်ခြင်း စသော အကျိုး ထူးများကို ရရှိနိုင်သည်ဟု ဝဇီရာယာန တန္တရာယာန ကျမ်းများ၌ မိန့်ဆိုထားပါသည်။ [][] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads