ပိုင်အိုနီးယား ၁၁

နေအဖွဲ့အစည်းအပြင်ဘက်ကိုလေ့လာရန် နာဆာမှ ၁၉၇၃ တွင်စေလွှတ်ခဲ့သော စူးစမ်းရေးစက်ရုပ်ယာဉ် From Wikipedia, the free encyclopedia

ပိုင်အိုနီးယား ၁၁
Remove ads

ပိုင်အိုနီးယား ၁၁ သည် ဥက္ကာခါးပတ်ဂျူပီတာဂြိုဟ်စနေဂြိုဟ်၊ solar wind နှင့် ကော့မစ်ရောင်ခြည်များအနားရှိ ပတ်ဝန်းကျင်များကို လေ့လာရန် အမေရိကန်ပြည်ထောင်စုနာဆာမှ ၁၉၇၃ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် လွှတ်တင်ခဲ့သော အာကာသယာဉ်ဖြစ်သည်။ ယင်းသည် ဂျူပီတာဂြိုဟ်နှင့် စနေဂြိုဟ်အနား ဖြတ်ပျံသန်းခဲ့ပြီး နောက်ပိုင်းတွင် နေအဖွဲ့အစည်းပြင်ပသို့ ထွက်ခွာသွားသော ဒုတိယမြောက် လူလုပ်အရာဝတ္ထုတစ်ခု ဖြစ်လာခဲ့သည်။ အာကာသယာဉ်နှင့် အလွန်ဝေးကွားသောအခြေနေကြောင့် ပိုင်အိုနီးယား ၁၁ နှင့် နောက်ဆုံးအကြိမ် အဆက်အသွယ်ရခဲ့သည်မှာ ၁၉၉၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ဖြစ်ပြီး နောက်ဆုံး ကောင်းမွန်သော အင်ဂျင်နီယာဆိုင်ရာ ဒေတာအချက်အလက် ရရှိခဲ့သည်မှာ ၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင်ဖြစ်သည်။[][]

အချက်တိုများ မက်ရှင်အမျိုးအစား, အော်ပရေတာ ...
Remove ads

လက်ရှိအခြေနေ

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အရ ပိုင်အိုနီးယား ၁၁ သည် နေကို တူရုပြု၍ ၁၁.၂၄၁ km/s (၄၀,၄၇၀ km/h; ၂၅,၁၅၀ mph) နှုန်းဖြင့် နေအဖွဲ့အစည်းအပြင်ဘက်သို့ တစ်နှစ်လျင် ၂.၃၇ AU ထွက်ခွာလျက်ရှိပြီး ကမ္ဘာမြေမှ ၁၀၀.၈၄ AU (၁.၅၀၈၅×၁၀၁၀ km; ၉.၃၇၄×၁၀ mi) အကွာအဝေးတွင် ရောက်ရှိနေခဲ့သည်။ [] အာကာသယာဉ်သည် လက်ရှိနေရာအနီးတွင် (၂၀၁၇ ခုနှစ်) စကူးတန် ကြယ်စုတန်းသို့ ဦးတည်လျက်ရှိသည်။ နောင်နှစ်ပေါင်း ၉၂၈,၀၀၀ ကြာလျင် TYC 992-192-1 ဟုခေါ်သော ကြယ်အနီးရှိ ၀.၂၅pc အတွင်း ရောက်ရှိပေလိမ့်မည်။[]


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads