ပိုင်အိုနီးယား ၄
ပိုင်အိုနီးယား စီမံကိန်း၏ အာကာသယာဉ် From Wikipedia, the free encyclopedia
Remove ads
ပိုင်အိုနီးယား ၄ သည် အမေရိကန်ပြည်ထောင်စု ပိုင်အိုနီးယား စီမံကိန်း၏ လူမပါသော အာကာသယာဉ်ဖြစ်ပြီး လကမ္ဘာအားဖြတ်ပျံသန်းခဲ့သည်။ ပိုင်အိုနီးယား ၃ ကဲ့သို့ သိပ္ပံဆိုင်ရာ စမ်းသပ်ကိရိယာများ သယ်ဆောင်ပြီး လကမ္ဘာ၏မျက်နှာပြင်နှင့် ၅၈၉၈၃ ကီလိုမီတာအတွင်း ဖြတ်သန်းသွားခဲ့သည်။ သို့သော် အာကာသယာဉ်တွင် ပါဝင်သော အလင်းလျှပ်စစ် အာရုံခံကိရိယာသည် အလုပ်လုပ်နိုင်သည့်အကွာအဝေးသို့ မရောက်ရှိခဲ့ပေ။ ပိုင်အိုနီးယား ၄ သည် ၁၉၆၉ ခုနှစ်အရ Heliocentric ပတ်လမ်းအတိုင်းရှိနေခဲ့သည်။[၂] ယင်းသည် ၁၉၅၈ ခုနှစ်နှင့် ၁၉၆၃ ခုနှစ်အတွင်း အမေရိကန်တို့ လကမ္ဘာသို့ စူးစမ်းလေ့လာရန် ကြိုးပမ်းမှု ၁၂ ကြိမ်ထဲက အောင်မြင်သော မက်ရှင်တစ်ခုဖြစ်ခဲ့သည်။ ဆိုဗီယက်တို့၏ လူန ၁ သည် ၁၉၅၉ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် လကမ္ဘာအား ဖြတ်၍ပျံသန်းနိုင်ခဲ့မှုကြောင့် အမေရိကန်တို့အနေဖြင့် လကမ္ဘာမက်ရှင်နှင့်ပတ်သက်၍ ဖိအားများစွာရှိလာကာ ယခုကဲ့သို့အောင်မြင်မှုသည် ကြီးမားသည်ဟုဆိုနိုင်သည်။ အထူးသဖြင့် ဆိုဗီယက်တို့က မအောင်မြင်သောမက်ရှင်များကို လျှို့ဝှက်ထားတတ်ပြီး အမေရိကန်တို့မှာမူ လူထုကိုချပြရလေသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads